Gas အိုးပေါက်ကွဲ၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦး သေဆုံး

 1139

ကျော် (NP News) - နိုဝင်ဘာ ၁ဝ

မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ အမ်ပန်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး နိုဝင်ဘာ ၆ ရက်က Gas အိုးပေါက်ကွဲရာမှ သေဆုံးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

မြန်မာနိုင်ငံသား Zing Ham (၃၄)နှစ်သည် နိုဝင်ဘာ ၆ ရက်က အမ်ပန်းမြို့ရှိ ၎င်းနေထိုင်သည့်နေအိမ်တွင် ဟင်းချက်ရန်ပြုလုပ်စဥ် Gas အိုးပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် Zing Ham သည် အမ်ပန်းမြို့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရာမှ ယင်းနေ့၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားခဲ့သည့် Zing Ham ၏ ရုပ်အလောင်းအား မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ အန်ပန်းမြို့ဆေးရုံကြီးမှသယ်ယူ၍ ကာချမ်းမြို့တွင် ယနေ့ နိုဝင်ဘာ ၁ဝ ရက်မွန်းလွဲ ၂ နာရီက ချင်းအမျိုးသားများ (C.R.C)ကွန်မြူနတီအဖွဲ့များဖြင့် ပူးပေါင်းကာ ဆုတောင်းပွဲပြုလုပ်ပေးခဲ့ကြသည်။

နိုဝင်ဘာ ၁၁ ရက်(မနက်ဖြန်) ၌ Zing Ham ၏ ရုပ်အလောင်းအား ၎င်း၏ ဇာတိဖြစ်သည့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
Gas အိုးေပါက္ကြဲ၍ မေလးရွားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားတစ္ဦး ေသဆုံး
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁ဝ

မေလးရွားႏိုင္ငံ၊ စလန္းေကာျပည္နယ္၊ အမ္ပန္းၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားတစ္ဦး ႏိုဝင္ဘာ ၆ ရက္က Gas အိုးေပါက္ကြဲရာမွ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား)မွ သိရသည္။

ျမန္မာႏိုင္ငံသား Zing Ham (၃၄)ႏွစ္သည္ ႏိုဝင္ဘာ ၆ ရက္က အမ္ပန္းၿမိဳ႕ရွိ ၎ေနထိုင္သည့္ေနအိမ္တြင္ ဟင္းခ်က္ရန္ျပဳလုပ္စဥ္ Gas အိုးေပါက္ကြဲခဲ့သျဖင့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ Zing Ham သည္ အမ္ပန္းၿမိဳ႕ေဆး႐ုံႀကီးတြင္ တက္ေရာက္ေဆးကုသမႈခံယူေနရာမွ ယင္းေန႔၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ေသဆုံးသြားခဲ့သည့္ Zing Ham ၏ ႐ုပ္အေလာင္းအား ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား)မွ အန္ပန္းၿမိဳ႕ေဆး႐ုံႀကီးမွသယ္ယူ၍ ကာခ်မ္းၿမိဳ႕တြင္ ယေန႔ ႏိုဝင္ဘာ ၁ဝ ရက္မြန္းလြဲ ၂ နာရီက ခ်င္းအမ်ိဳးသားမ်ား (C.R.C)ကြန္ျမဴနတီအဖြဲ႕မ်ားျဖင့္ ပူးေပါင္းကာ ဆုေတာင္းပြဲျပဳလုပ္ေပးခဲ့ၾကသည္။

ႏိုဝင္ဘာ ၁၁ ရက္(မနက္ျဖန္) ၌ Zing Ham ၏ ႐ုပ္အေလာင္းအား ၎၏ ဇာတိျဖစ္သည့္ ျမန္မာႏိုင္ငံ၊ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕သို႔ ေလေၾကာင္းခရီးျဖင့္ ျပန္လည္ပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.