၁၅ ပါးမြောက် တိပိဋကဓရကျောက်ပန်းတောင်းဆရာတော်ကျောင်း၌ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ပထမဆုံးအကြိမ် ကထိန်အလှူတော်ပြုလုပ်

1040
ကျော် (NP News) - နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ၁၅ ပါးမြောက် တိပိဋကဓရကျောက်ပန်းတောင်းဆရာတော်၏ တိပိဋကမဟာသစ္စာအောင်မြေကျောင်းတိုက်တွင် သံဃာတော် (၁၁၁)ပါးအား ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ပထမအကြိမ်အဖြစ် ယနေ့(နိုဝင်ဘာလ ၁၁ ရက်)က ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက မင်္ဂလာဒုံမြို့ နယ်၊ ပုလဲမြို့သစ်၊ ဂန္ဓမာလမ်း၊ ပေါင်းကူဉာဏရပ်ကွက်ရှိ တိပိဋကမဟာသစ္စာအောင်မြေကျောင်းတိုက်၌ ဝါဆိုတော်မူခဲ့ကြပြီး ပုရိမဝါထတော်မူသည့် သံဃာတော် ၁၁၁ ပါးအား ယနေ့ နံနက် ၉ နာရီခွဲတွင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
"ဗီယက်နမ်နိုင်ငံက ဒါကာ၊ဒါကာမတွေဟာ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်တွေကို အထူးလေးစားကြည်ညိုကြပါတယ်။ သူတို့ရဲ့နိုင်ငံကိုလည်း ဆရာတော်တွေကိုမကြာမကြာ ပင့်ဖိတ်ပြီးမြို့အသီးသီးမှာ ဓမ္မဒေသနာတရားတော်တွေကို နာကြားလေ့ရှိကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘုန်းဘုန်း ဗီယက်နမ်နိုင်ငံကို ၁၅ ရက်လောက် ဓမ္မခရီးကြွရင်း အကြောင်းအဆက်ဖြစ်ပြီး ဒီနှစ်ကထိန်ကို သူတို့ခင်းပါရစေလို့လျှောက်ထားတဲ့အတွက် ဘုန်းဘုန်းကခွင့်ပြုခဲ့တာကြောင့် ဒီနေ့ ကထိန်ခင်းခဲ့ကြတာပါ"ဟု ကျောက်ပန်းတောင်းဆရာတော်က မိန့်ကြားတော်မူခဲ့သည်။
ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ကျောက်ပန်းတောင်းဆရာတော်နှင့်ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များထံ ငွေကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် တိပိဋကမဟာသစ္စာအောင်မြေကျောင်းတိုက်ရှိ သံဃာတော်များအသုံးပြုရန် ဗီယက်နမ်နိုင်ငံမှ ဒါယိကာ၊ ဒါယိကာမများကလည်း ငွေကျပ် ၆၉၀ သိန်းတန်ဖိုးရှိ Rosa Minibus ကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဗီယက်နမ်နိုင်ငံသားများ၏ ၁၅ ပါးမြောက် တိပိဋကဓရ ကျောက်ပန်းတောင်းဆရာတော်ကျောင်း၌ ပြုလုပ်သည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ရွှေပြည်သာမြို့နယ်အခြေစိုက် လူမှုဘဝကူညီစောင့်ရှောက်ရေးအသင်းမှအသင်းဝင်များက ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြသည်။

zawgyi version
၁၅ ပါးေျမာက္ တိပိဋကဓရေက်ာက္ပန္းေတာင္းဆရာေတာ္ေက်ာင္း၌ ဗီယက္နမ္ႏိုင္ငံမွအလႉရွင္မ်ားက ပထမဆုံးအႀကိမ္ ကထိန္အလႉေတာ္ျပဳလုပ္
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၁
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ ၁၅ ပါးေျမာက္ တိပိဋကဓရေက်ာက္ပန္းေတာင္းဆရာေတာ္၏ တိပိဋကမဟာသစၥာေအာင္ေျမေက်ာင္းတိုက္တြင္ သံဃာေတာ္ (၁၁၁)ပါးအား ဗီယက္နမ္ႏိုင္ငံမွအလႉရွင္မ်ားက ပထမအႀကိမ္အျဖစ္ ယေန႔(ႏိုဝင္ဘာလ ၁၁ ရက္)က ကထိန္သကၤန္းဆက္ကပ္လႉဒါန္းခဲ့ၾကသည္။
ဗီယက္နမ္ႏိုင္ငံမွ အလႉရွင္မ်ားက မဂၤလာဒုံၿမိဳ႕ နယ္၊ ပုလဲၿမိဳ႕သစ္၊ ဂႏၶမာလမ္း၊ ေပါင္းကူဉာဏရပ္ကြက္ရွိ တိပိဋကမဟာသစၥာေအာင္ေျမေက်ာင္းတိုက္၌ ဝါဆိုေတာ္မူခဲ့ၾကၿပီး ပုရိမဝါထေတာ္မူသည့္ သံဃာေတာ္ ၁၁၁ ပါးအား ယေန႔ နံနက္ ၉ နာရီခြဲတြင္ ကထိန္သကၤန္းဆက္ကပ္လႉဒါန္းခဲ့ၾကျခင္းျဖစ္သည္။
"ဗီယက္နမ္ႏိုင္ငံက ဒါကာ၊ဒါကာမေတြဟာ တိပိဋကဓရ တိပိဋကေကာဝိဒဆရာေတာ္ေတြကို အထူးေလးစားၾကည္ညိဳၾကပါတယ္။ သူတို႔ရဲ႕ႏိုင္ငံကိုလည္း ဆရာေတာ္ေတြကိုမၾကာမၾကာ ပင့္ဖိတ္ၿပီးၿမိဳ႕အသီးသီးမွာ ဓမၼေဒသနာတရားေတာ္ေတြကို နာၾကားေလ့ရွိၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဘုန္းဘုန္း ဗီယက္နမ္ႏိုင္ငံကို ၁၅ ရက္ေလာက္ ဓမၼခရီးႂကြရင္း အေၾကာင္းအဆက္ျဖစ္ၿပီး ဒီႏွစ္ကထိန္ကို သူတို႔ခင္းပါရေစလို႔ေလွ်ာက္ထားတဲ့အတြက္ ဘုန္းဘုန္းကခြင့္ျပဳခဲ့တာေၾကာင့္ ဒီေန႔ ကထိန္ခင္းခဲ့ၾကတာပါ"ဟု ေက်ာက္ပန္းေတာင္းဆရာေတာ္က မိန္႔ၾကားေတာ္မူခဲ့သည္။
ဗီယက္နမ္ႏိုင္ငံမွအလႉရွင္မ်ားက ေက်ာက္ပန္းေတာင္းဆရာေတာ္ႏွင့္ႂကြေရာက္ေတာ္မူလာၾကသည့္ ဆရာေတာ္သံဃာေတာ္မ်ားထံ ေငြက်ပ္သိန္း ၁၅၀၀ ေက်ာ္တန္ဖိုးရွိ ကထိန္သကၤန္းႏွင့္လႉဖြယ္ဝတၳဳပစၥည္းမ်ားအား ဆက္ကပ္လႉဒါန္းခဲ့ၾကသည္။
ထို႔ျပင္ တိပိဋကမဟာသစၥာေအာင္ေျမေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ားအသုံးျပဳရန္ ဗီယက္နမ္ႏိုင္ငံမွ ဒါယိကာ၊ ဒါယိကာမမ်ားကလည္း ေငြက်ပ္ ၆၉၀ သိန္းတန္ဖိုးရွိ Rosa Minibus ကိုဆက္ကပ္လႉဒါန္းခဲ့ၾကသည္။
ဗီယက္နမ္ႏိုင္ငံသားမ်ား၏ ၁၅ ပါးေျမာက္ တိပိဋကဓရ ေက်ာက္ပန္းေတာင္းဆရာေတာ္ေက်ာင္း၌ ျပဳလုပ္သည့္ ကထိန္သကၤန္းဆက္ကပ္လႉဒါန္းပြဲတြင္ ေ႐ႊျပည္သာၿမိဳ႕နယ္အေျခစိုက္ လူမႈဘဝကူညီေစာင့္ေရွာက္ေရးအသင္းမွအသင္းဝင္မ်ားက က်န္းမာေရးေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေပးခဲ့ၾကသည္။