ဇဗ္ဗူသီရိမြို့နယ်ရှိ ဘောလုံးကွင်း၌ လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

1464
ကျော်(NP News)- နိုဝင်ဘာ ၁၁
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ဘောလုံးကွင်းအတွင်း၌ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)၊ နံနက်ပိုင်းက ပြည်သူများစုပေါင်း၍ အကြမ်းဖက်လုပ်ရပ်များအားရှုတ်ချခြင်းနှင့်ရှေ့တန်းရောက်တပ်မတော်သားများကို အားပေးထောက်ခံခြင်းများပြုလုပ်ခဲ့ကြသည်။
ရှုတ်ချခြင်းနှင့်အားပေးထောက်ခံခြင်းတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)မှဦးဆောင်ခဲ့ပြီး နေပြည်တော်ရှိ မြို့နယ်(၈) မြို့နယ်မှ ပြည်သူ ၂၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်သူများသည် KIA ၊ AA ၊ MNDAA ၊ BPLA နှင့် PDF အဖွဲ့များကို ဆန့်ကျင်ရှုတ်ချကြောင်း ဗီနိုင်းစာသားများကိုင်ဆွဲ၍ ဆန့်ကျင်ရှုတ်ချမှုများပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ရှေ့တန်းရောက်တပ်မတော်သားများကို အားပေးထောက်ခံကြောင်းကိုလည်း ဗီနိုင်းစာသားများကိုင်ဆွဲကာ ကြွေးကြော်ထောက်ခံခဲ့ကြကြောင်း သိရသည်။
zawgyi version
ဇဗၺဴသီရိၿမိဳ႕နယ္ရွိ ေဘာလုံးကြင္း၌ လက္နက္ကိုင္အဖြဲ႕မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားႏွင့္ပတ္သက္၍ ကန႔္ကြက္ရႈတ္ခ်ပြဲျပဳလုပ္
ေက်ာ္(NP News)- ႏိုဝင္ဘာ ၁၁
ေနျပည္ေတာ္၊ ဇဗၺဴသီရိၿမိဳ႕နယ္၊ ေ႐ႊၾကာပင္ရပ္ကြက္ရွိ ေဘာလုံးကြင္းအတြင္း၌ ယေန႔ (ႏိုဝင္ဘာလ ၁၁ ရက္)၊ နံနက္ပိုင္းက ျပည္သူမ်ားစုေပါင္း၍ အၾကမ္းဖက္လုပ္ရပ္မ်ားအားရႈတ္ခ်ျခင္းႏွင့္ေရွ႕တန္းေရာက္တပ္မေတာ္သားမ်ားကို အားေပးေထာက္ခံျခင္းမ်ားျပဳလုပ္ခဲ့ၾကသည္။
ရႈတ္ခ်ျခင္းႏွင့္အားေပးေထာက္ခံျခင္းတို႔အား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (USDP)မွဦးေဆာင္ခဲ့ၿပီး ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္(၈) ၿမိဳ႕နယ္မွ ျပည္သူ ၂၂၀၀ ဦးခန္႔တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
ျပည္သူမ်ားသည္ KIA ၊ AA ၊ MNDAA ၊ BPLA ႏွင့္ PDF အဖြဲ႕မ်ားကို ဆန႔္က်င္ရႈတ္ခ်ေၾကာင္း ဗီႏိုင္းစာသားမ်ားကိုင္ဆြဲ၍ ဆန္႔က်င္ရႈတ္ခ်မႈမ်ားျပဳလုပ္ခဲ့ၾကသည္။
ထို႔ျပင္ ေရွ႕တန္းေရာက္တပ္မေတာ္သားမ်ားကို အားေပးေထာက္ခံေၾကာင္းကိုလည္း ဗီႏိုင္းစာသားမ်ားကိုင္ဆြဲကာ ေႂကြးေၾကာ္ေထာက္ခံခဲ့ၾကေၾကာင္း သိရသည္။