ဒုဌဝတီမြစ်ကူးကျင်သီတံတားကို TNLA အဖွဲ့ မိုင်းခွဲဖျက်ဆီး၊ ၎င်းလုပ်ရပ်သည် ပြည်သူကို တိုက်ရိုက်စော်ကား တိုက်ခိုက်ခြင်းဖြစ်ဟု နစက တုံ့ပြန်
4461
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ သီပေါ နှင့် ကျောက်မဲမြို့ကြားရှိ ဒုဌဝတီကျင်သီမြစ်ကူးတံတားကို TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ပြီး ၎င်းလုပ်ရပ်သည် ပြည်သူကို တိုက်ရိုက်စော်ကား တိုက်ခိုက်ခြင်းဖြစ်ကြောင်း နစကဘက်က တုံ့ပြန်ပြောကြားထားသည်။
TNLA နှင့် ပူးပေါင်းအဖွဲ့က ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက် ၅နာရီခွဲအချိန်တွင် သီပေါနှင့် ကျောက်မဲမြို့ကြားရှိ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။
“မိုင်းခွဲခံရတော့ တံတားက ထက်ပိုင်းကျိုးသွားတာတော့မဟုတ်ဘူး။ အတော်များများတော့ ပျက်စီးသွားတယ်။ ခုချိန်ထိတော့ အသွားအလာတွေ ရပ်ထားရတယ်”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
ထိုသို့မိုင်းခွဲ ဖျက်ဆီးခံရသည့်တံတားသည် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)အတွင်း ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုထားသည်။
TNLA နှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကျင်သီတံတားအနီးရှိ လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ တံတားအား မိုင်းခွဲဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီတံတားဟာ မန္တလေး-မူဆယ်ပြည်ထောင်လမ်းမကြီးပေါ်မှာရှိတဲ့ တံတားဖြစ်တယ်။ အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူ့လူထုရဲ့ လမ်းပန်းဆက် သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီးတော့ ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကိုတိုက်ခိုက်တာမဟုတ်ပါဘူး။ ပြည်သူကို တိုက်ရိုက်စော်ကား တိုက်ခိုက်တာ ဖြစ်ပါတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသည်။
ထို့ပြင် နောင်ချိုမြို့အနီးတစ်ဝိုက်၌ တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီး ကားလမ်းပိုင်းများလည်း ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။
လတ်တလော၌ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်တန့်လျက်ရှိသည်။
zawgyi version
ဒုဌဝတီျမစ္ကူးက်င္သီတံတားကို TNLA အဖြဲ႕ မိုင္းခြဲဖ်က္ဆီး၊ ၎လုပ္ရပ္သည္ ျပည္သူကို တိုက္႐ိုက္ေစာ္ကား တိုက္ခိုက္ျခင္းျဖစ္ဟု နစက တုံ႔ျပန္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၂
ရွမ္းျပည္နယ္(အေရွ႕ေျမာက္ပိုင္း)၊ သီေပါ ႏွင့္ ေက်ာက္မဲၿမိဳ႕ၾကားရွိ ဒုဌဝတီက်င္သီျမစ္ကူးတံတားကို TNLA အဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ၿပီး ၎လုပ္ရပ္သည္ ျပည္သူကို တိုက္႐ိုက္ေစာ္ကား တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း နစကဘက္က တုံ႔ျပန္ေျပာၾကားထားသည္။
TNLA ႏွင့္ ပူးေပါင္းအဖြဲ႕က ယေန႔(ႏိုဝင္ဘာလ ၁၂ ရက္)၊ နံနက္ ၅နာရီခြဲအခ်ိန္တြင္ သီေပါႏွင့္ ေက်ာက္မဲၿမိဳ႕ၾကားရွိ က်င္သီတံတားကို မိုင္းခြဲဖ်က္ဆီးခဲ့သည္။
“မိုင္းခြဲခံရေတာ့ တံတားက ထက္ပိုင္းက်ိဳးသြားတာေတာ့မဟုတ္ဘူး။ အေတာ္မ်ားမ်ားေတာ့ ပ်က္စီးသြားတယ္။ ခုခ်ိန္ထိေတာ့ အသြားအလာေတြ ရပ္ထားရတယ္”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
ထိုသို႔မိုင္းခြဲ ဖ်က္ဆီးခံရသည့္တံတားသည္ ရွမ္းျပည္နယ္(အေရွ႕ေျမာက္ပိုင္း)အတြင္း ကုန္သြယ္ေရးႏွင့္ ခရီးသြားလာေရးအတြက္ အေရးပါသည့္ တံတားတစ္စင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးက မွတ္ခ်က္ျပဳထားသည္။
TNLA ႏွင့္ ပူးေပါင္းအဖြဲ႕သည္ ယေန႔ နံနက္ပိုင္းတြင္ က်င္သီတံတားအနီးရွိ လုံၿခဳံေရးစခန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ တံတားအား မိုင္းခြဲဖ်က္ဆီးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီတံတားဟာ မႏၲေလး-မူဆယ္ျပည္ေထာင္လမ္းမႀကီးေပၚမွာရွိတဲ့ တံတားျဖစ္တယ္။ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနနဲ႔ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္၊ ျပည္သူ႔လူထုရဲ႕ လမ္းပန္းဆက္ သြယ္ေရးလမ္းေၾကာင္းကို အဓိကထားၿပီးေတာ့ ေဖာက္ခြဲဖ်က္ဆီး တိုက္ခိုက္ေနတာျဖစ္ပါတယ္။ ဒီဟာေတြသည္ အစိုးရကိုတိုက္ခိုက္တာမဟုတ္ပါဘူး။ ျပည္သူကို တိုက္႐ိုက္ေစာ္ကား တိုက္ခိုက္တာ ျဖစ္ပါတယ္”ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုံ႔ျပန္ထားသည္။
ထို႔ျပင္ ေနာင္ခ်ိဳၿမိဳ႕အနီးတစ္ဝိုက္၌ တပ္မေတာ္ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲမ်ားျဖစ္ေပၚလ်က္ရွိၿပီး ကားလမ္းပိုင္းမ်ားလည္း ပိတ္ဆို႔လ်က္ရွိေၾကာင္း သိရသည္။
လတ္တေလာ၌ ရွမ္းျပည္နယ္(အေရွ႕ေျမာက္ပိုင္း)အတြင္းျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ပိတ္ဆို႔ရပ္တန႔္လ်က္ရွိသည္။