သီပေါနှင့်ကျောက်မဲကြားရှိ ကျင်သီတံတား ကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအတွက် သွားလာရေးအခက်အခဲဖြစ်ပေါ်

1657
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် သီပေါနှင့်ကျောက်မဲကြားရှိ ကျင်သီတံတား ကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအတွက် သွားလာရေးအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

TNLA ပူပေါင်းအဖွဲ့က ယမန်နေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက် ၅နာရီအချိန်တွင် ကျင်သီတံတားအနီးရှိ လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်၊
ထိုသို့ မိုင်းခွဲဖျက်ဆီးပြီးနောက် ကျင်သီတံတားသည် ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း ကျိုးကျသွားခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
သို့သော် ယမန်နေ့ညပိုင်းတွင် ၎င်းကျင်သီတံတားသည် ထက်ပိုင်းကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအတွက် သွားရေးလာရေး အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
“တံတားက မနေ့ညနေပိုင်းအထိအပေါက်ဖြစ်နေတာပဲတွေ့ရသေးတယ်။ ညပိုင်းမှာ ကျိုးသွားတယ်လို့ ထင်ရတယ်။ လူတွေတော့ ဖြတ်သွားနေကြတယ်။ မသွားသင့်ဘူးလို့တော့ ထင်ပါတယ်။ မဖြစ်မနေသွားရတဲ့လူတွေကတော့ တံတားကျိုးပေါ်ကနေ ဖြတ်သွားနေကြတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသည့် တံတားသည် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)တွင် အရေးပါသောတံတားဖြစ်ပြီး လက်ရှိအချိန်တွင် မော်တော်ယာဉ်များဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
ထို့ပြင် နမ့်ခမ်းမြို့အနီးတစ်ဝိုက်တွင် ယနေ့နံနက်အစောပိုင်းမှစတင်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ရှမ်းပြည်နယ် (အရှေ့မြောက်)ပိုင်း ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိကြောင်း သိရသည်။

zawgyi version
သီေပါႏွင့္ေက်ာက္မဲၾကားရွိ က်င္သီတံတား က်ိဳးက်ပ်က္စီးသြားခဲ့ၿပီး ေဒသခံျပည္သူမ်ားအတြက္ သြားလာေရးအခက္အခဲျဖစ္ေပၚ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၃
ရွမ္းျပည္နယ္ သီေပါႏွင့္ေက်ာက္မဲၾကားရွိ က်င္သီတံတား က်ိဳးက်ပ်က္စီးသြားခဲ့ၿပီး ေဒသခံျပည္သူမ်ားအတြက္ သြားလာေရးအခက္အခဲျဖစ္ေပၚေနေၾကာင္း သိရသည္။
TNLA ပူေပါင္းအဖြဲ႕က ယမန္ေန႔(ႏိုဝင္ဘာလ ၁၂ ရက္)၊ နံနက္ ၅နာရီအခ်ိန္တြင္ က်င္သီတံတားအနီးရွိ လုံၿခဳံေရးစခန္းကို ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ မိုင္းခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္၊
ထိုသို႔ မိုင္းခြဲဖ်က္ဆီးၿပီးေနာက္ က်င္သီတံတားသည္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေသာ္လည္း က်ိဳးက်သြားျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ ယမန္ေန႔ညပိုင္းတြင္ ၎က်င္သီတံတားသည္ ထက္ပိုင္းက်ိဳးက်ပ်က္စီးသြားခဲ့ၿပီး ေဒသခံျပည္သူမ်ားအတြက္ သြားေရးလာေရး အခက္အခဲျဖစ္ေပၚေနေၾကာင္း သိရသည္။
“တံတားက မေန႔ညေနပိုင္းအထိအေပါက္ျဖစ္ေနတာပဲေတြ႕ရေသးတယ္။ ညပိုင္းမွာ က်ိဳးသြားတယ္လို႔ ထင္ရတယ္။ လူေတြေတာ့ ျဖတ္သြားေနၾကတယ္။ မသြားသင့္ဘူးလို႔ေတာ့ ထင္ပါတယ္။ မျဖစ္မေနသြားရတဲ့လူေတြကေတာ့ တံတားက်ိဳးေပၚကေန ျဖတ္သြားေနၾကတာေတြရွိတယ္”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ မိုင္းခြဲဖ်က္ဆီးခံရသည့္ တံတားသည္ ရွမ္းျပည္နယ္(အေရွ႕ေျမာက္ပိုင္း)တြင္ အေရးပါေသာတံတားျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ေမာ္ေတာ္ယာဥ္မ်ားျဖတ္သန္းသြားလာ၍ မရေတာ့ေၾကာင္း သိရသည္။
ထို႔ျပင္ နမ့္ခမ္းၿမိဳ႕အနီးတစ္ဝိုက္တြင္ ယေန႔နံနက္အေစာပိုင္းမွစတင္ကာ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ေပၚလ်က္ရွိၿပီး ရွမ္းျပည္နယ္ (အေရွ႕ေျမာက္)ပိုင္း ကုန္သြယ္ေရးမ်ား ရပ္တန႔္လ်က္ရွိေၾကာင္း သိရသည္။