မလေးရှားနိုင်ငံ၌ မြန်မာအမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

 8815

စော(NP News) - နိုဝင်ဘာ ၁၃

မလေးရှားနိုင်ငံတွင် သမီးရည်းစားချင်းစကားများရန်ဖြစ်ပြီးနောက် မြန်မာအမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံမှ သိရသည်။

မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က ယနေ့(နိုဝင်ဘာလ ၁၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ရာဝမ်းမြို့တွင်နေထိုင်သူ မြန်မာနိုင်ငံသားသည် ယမန်နေ့ (နိုဝင်ဘာလ ၁၂ရက်)ညတွင် မြန်မာနိုင်ငံရှိ ချစ်သူနှင့် စကားများပြီးနောက် စက်ရုံ၌ တစ်ယောက်ထဲရှိနေချိန်တွင် ကြိုးဆွဲချအဆုံးစီရင်သွားကြောင်း သိရသည်။

သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူသည် ညစာစားရန်အတွက် ဈေးဝယ်ပြီး စက်ရုံသို့ ပြန်လာချိန်တွင် ၎င်းဆွဲကြိုးချအဆုံးစီရင်သွားသည်ကို တွေ့ရှိရသဖြင့် မြန်မာလူမှုကူညီရေးအသင်းအား အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

သေဆုံးသူမြန်မာနိုင်ငံသားသည် ကိုနေရှိုင်းကို (၂၃)နှစ်ဖြစ်ပြီး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်ကျွန်းရွာတွင် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

zawgyi version
မေလးရွားႏိုင္ငံ၌ ျမန္မာအမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား
ေစာ(NP News) - ႏိုဝင္ဘာ ၁၃

မေလးရွားႏိုင္ငံတြင္ သမီးရည္းစားခ်င္းစကားမ်ားရန္ျဖစ္ၿပီးေနာက္ ျမန္မာအမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့ေၾကာင္း ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား)ထံမွ သိရသည္။

ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား)က ယေန႔(ႏိုဝင္ဘာလ ၁၃ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

မေလးရွားႏိုင္ငံ၊ စလန္းေကာျပည္နယ္၊ ရာဝမ္းၿမိဳ႕တြင္ေနထိုင္သူ ျမန္မာႏိုင္ငံသားသည္ ယမန္ေန႔ (ႏိုဝင္ဘာလ ၁၂ရက္)ညတြင္ ျမန္မာႏိုင္ငံရွိ ခ်စ္သူႏွင့္ စကားမ်ားၿပီးေနာက္ စက္႐ုံ၌ တစ္ေယာက္ထဲရွိေနခ်ိန္တြင္ ႀကိဳးဆြဲခ်အဆုံးစီရင္သြားေၾကာင္း သိရသည္။

ေသဆုံးသူ၏ သူငယ္ခ်င္းျဖစ္သူသည္ ညစာစားရန္အတြက္ ေဈးဝယ္ၿပီး စက္႐ုံသို႔ ျပန္လာခ်ိန္တြင္ ၎ဆြဲႀကိဳးခ်အဆုံးစီရင္သြားသည္ကို ေတြ႕ရွိရသျဖင့္ ျမန္မာလူမႈကူညီေရးအသင္းအား အကူအညီေတာင္းခံခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူျမန္မာႏိုင္ငံသားသည္ ကိုေနရႈိင္းကို (၂၃)ႏွစ္ျဖစ္ၿပီး မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ေတာင္ကြၽန္း႐ြာတြင္ ေနထိုင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.