ရန်ကုန်မြို့ရှိ ကန်တော်ကြီးဥယျာဉ်၌ ရေနစ်သေဆုံးနေသည့် သက်ကြီးပိုင်းအမျိုးသမီး အလောင်းတွေ့ရှိ

 1655

စော (NP News) - နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီးဥယျာဉ်၌ ရေနစ်သေဆုံးနေသည့် သက်ကြီးပိုင်း အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအလောင်းကို ယနေ့(နိုဝင်ဘာလ ၁၄ ရက်)၊ နံနက် (၇)နာရီအချိန်တွင် ကန်တော်ကြီးဥယျာဉ်ရှိ ကရဝိတ်ဖောင်အနီး၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒီဃာယုကလူမှုကူညီရေးအသင်းထံမှ သိရသည်။

“အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေကတွေ့လို့ ဖုန်းဆက်လှမ်းခေါ်တာပါ။ သူဘာကြောင့် ရေနစ်တာလဲတော့ မသိပါဘူး။ စစ်တော့ ပြင်ပဒဏ်ရာတော့ မရှိပါဘူး။ သူပန်ထားတဲ့ နားကပ်တစ်စုံတော့ပါပါတယ်။ အခြားပစ္စည်းတော့ မတွေ့ပါဘူး”ဟု ဒီဃာယုက လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အမျိုးသမီးသည် အသက် (၆၀)ဝန်းကျင်ရှိပြီး ၎င်း၏ ကိုယ်ပေါ်တွင် နားကပ်တစ်စုံကိုသာ တွေ့ရကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။

လက်ရှိတွင် ရုပ်အလောင်းကို ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ၎င်း၏မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးကြောင်းနှင့် သိရှိသူများအနေဖြင့် ဆက်သွယ်ပေးရန်လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ကန္ေတာ္ႀကီးဥယ်ာဥ္၌ ေရနစ္ေသဆုံးေနသည့္ သက္ႀကီးပိုင္းအမ်ိဳးသမီး အေလာင္းေတြ႕ရွိ
ေစာ (NP News) - ႏိုဝင္ဘာ ၁၄

ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္ရွိ ကန္ေတာ္ႀကီးဥယ်ာဥ္၌ ေရနစ္ေသဆုံးေနသည့္ သက္ႀကီးပိုင္း အမ်ိဳးသမီးအေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါအေလာင္းကို ယေန႔(ႏိုဝင္ဘာလ ၁၄ ရက္)၊ နံနက္ (၇)နာရီအခ်ိန္တြင္ ကန္ေတာ္ႀကီးဥယ်ာဥ္ရွိ ကရဝိတ္ေဖာင္အနီး၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဒီဃာယုကလူမႈကူညီေရးအသင္းထံမွ သိရသည္။

“အဲဒီမွာရွိတဲ့ ဝန္ထမ္းေတြကေတြ႕လို႔ ဖုန္းဆက္လွမ္းေခၚတာပါ။ သူဘာေၾကာင့္ ေရနစ္တာလဲေတာ့ မသိပါဘူး။ စစ္ေတာ့ ျပင္ပဒဏ္ရာေတာ့ မရွိပါဘူး။ သူပန္ထားတဲ့ နားကပ္တစ္စုံေတာ့ပါပါတယ္။ အျခားပစၥည္းေတာ့ မေတြ႕ပါဘူး”ဟု ဒီဃာယုက လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အမ်ိဳးသမီးသည္ အသက္ (၆၀)ဝန္းက်င္ရွိၿပီး ၎၏ ကိုယ္ေပၚတြင္ နားကပ္တစ္စုံကိုသာ ေတြ႕ရေၾကာင္း ၎ကဆက္လက္ေျပာၾကားထားသည္။

လက္ရွိတြင္ ႐ုပ္အေလာင္းကို ရန္ကုန္ျပည္သူေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားၿပီး ၎၏မိသားစုဝင္မ်ားႏွင့္ အဆက္အသြယ္ မရရွိေသးေၾကာင္းႏွင့္ သိရွိသူမ်ားအေနျဖင့္ ဆက္သြယ္ေပးရန္လည္း ေမတၱာရပ္ခံထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.