ရွှေတိဂုံစေတီတော်ရှိ နောင်တော်ကြီးစေတီတော်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မည်

 987

ကျော် (NP News) - နိုဝင်ဘာ ၁၄

ရွှေတိဂုံစေတီတော် ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီတော်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအား နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၉ နာရီခွဲက ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များတန်ဆောင်း၌ ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က နောင်တော်ကြီးစေတီသည် ရှေးဟောင်း သမိုင်းဝင်စေတီတစ်ဆူဖြစ်ကာ ရွှေတိဂုံစေတီတော်ကြီးပြီးပါက အကြီးဆုံးစေတီတော်ဖြစ်သည်ဟု လျှောက်ထားခဲ့သည်။

ထို့ပြင် နောင်တော်ကြီးစေတီတော်အား ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် မျက်ပါးရွှေသင်္ကန်းတော်ကပ်လှူခဲ့ရာ သက်တမ်း ၆ နှစ်အတွင်းရောက်ရှိလာ၍ ရွှေရောင်များမှေးမှိန်ခြင်း၊ အောက်ခံသစ္စေးရောင်များပေါ်လာခြင်းတို့ကြောင့် မျက်ပါးရွှေသင်္ကန်း ပြန်လည်ကပ်လှူရခြင်းဖြစ်သည်ဟု ၎င်းကလျှောက်ထားသည်။

မကြာမီအချိန်တွင် ဩဝါဒါစရိယစရာတော်ကြီးများကိုပင့်လျှောက်၍ အန္တရာယ်ကင်းပရိတ်တ ရားတော်များကိုနာယူခြင်း၊ သီလခံယူဆောက်တည်ခြင်းများပြုလုပ်ပြီးနောက် ငြမ်းစေတီတည်ဆောက်၍ ရွှေဟောင်းများချွတ်ယူသိမ်းဆည်းခြင်း၊ ရွှေသင်္ကန်းကပ်လှူပြီးချိန်တွင် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းတို့ကိုကျင်းပသွားမည်ဟု လျှောက်ထားခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊတိဂုံေစတီေတာ္ရွိ ေနာင္ေတာ္ႀကီးေစတီေတာ္အား လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္လႉပူေဇာ္မည္
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၄

ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ရွိ ေနာင္ေတာ္ႀကီးေစတီေတာ္အား လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္လႉပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္လႉပူေဇာ္ႏိုင္ရန္ ဆရာေတာ္ႀကီးမ်ားထံမွ ၾသဝါဒခံယူပြဲအား ႏိုဝင္ဘာလ ၁၃ ရက္၊ နံနက္ ၉ နာရီခြဲက ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္ေတာင္ဘက္မုခ္ရွိ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ားတန္ေဆာင္း၌ က်င္းပခဲ့သည္။

ေ႐ႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕၏ ဩဝါဒါစရိယဆရာေတာ္ႀကီးမ်ားႂကြေရာက္ေတာ္မူကာ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးတင္ဦးလြင္တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ျပည္ေထာင္စုဝန္ႀကီးဦးတင္ဦးလြင္က ေနာင္ေတာ္ႀကီးေစတီသည္ ေရွးေဟာင္း သမိုင္းဝင္ေစတီတစ္ဆူျဖစ္ကာ ေ႐ႊတိဂုံေစတီေတာ္ႀကီးၿပီးပါက အႀကီးဆုံးေစတီေတာ္ျဖစ္သည္ဟု ေလွ်ာက္ထားခဲ့သည္။

ထို႔ျပင္ ေနာင္ေတာ္ႀကီးေစတီေတာ္အား ၂၀၁၇- ၂၀၁၈ ခုႏွစ္တြင္ မ်က္ပါးေ႐ႊသကၤန္းေတာ္ကပ္လႉခဲ့ရာ သက္တမ္း ၆ ႏွစ္အတြင္းေရာက္ရွိလာ၍ ေ႐ႊေရာင္မ်ားေမွးမွိန္ျခင္း၊ ေအာက္ခံသေစၥးေရာင္မ်ားေပၚလာျခင္းတို႔ေၾကာင့္ မ်က္ပါးေ႐ႊသကၤန္း ျပန္လည္ကပ္လႉရျခင္းျဖစ္သည္ဟု ၎ကေလွ်ာက္ထားသည္။

မၾကာမီအခ်ိန္တြင္ ဩဝါဒါစရိယစရာေတာ္ႀကီးမ်ားကိုပင့္ေလွ်ာက္၍ အႏၲရာယ္ကင္းပရိတ္တ ရားေတာ္မ်ားကိုနာယူျခင္း၊ သီလခံယူေဆာက္တည္ျခင္းမ်ားျပဳလုပ္ၿပီးေနာက္ ျငမ္းေစတီတည္ေဆာက္၍ ေ႐ႊေဟာင္းမ်ားခြၽတ္ယူသိမ္းဆည္းျခင္း၊ ေ႐ႊသကၤန္းကပ္လႉၿပီးခ်ိန္တြင္ ဗုဒၶဘိေသကအေနကဇာတင္ျခင္းတို႔ကိုက်င္းပသြားမည္ဟု ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.