အမျိုးသားပြတိုက် နှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်ဝင်ကြေးများ တိုးမြှင့်ကောက်ခံမည်

 857

စော (NP News) - နိုဝင်ဘာ ၁၄

အမျိုးသားပြတိုက် နှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့တွင် လာမည့် ဒီဇင်ဘာလ(၁)ရက်မှစ၍ ဝင်ကြေးတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်တွင် ပြတိုက်ပေါင်း (၃၂)ခုရှိကြောင်း သိရသည်။

အဆိုပါ ပြတိုက်များအနက် အမျိုးသားပြတိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက် (နေပြည်တော်)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့တွင် ဝင်ကြေးပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြတိုက်များကို ဝင်ရောက်လည်ပတ်ကြမည့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် တစ်ထောင်ကျပ်ဖြစ်ပြီး နိုင်ငံခြားသားတစ်ဦးလျှင် တစ်သောင်းကျပ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်မှစ၍ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ ပြောင်းလဲကောက်ခံသွားသော်လည်း ရဟန်း၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူများနှင့် အသက် (၁၂)အောက်ကလေးငယ်များကို ဝင်ကြေး အခမဲ့သတ်မှတ်ထားကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

ယခင်က ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးလျှင် ငါးထောင်ကျပ် နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ငါးရာကျပ်နှုန်း ကောက်ခံခဲ့ကြောင်း သိရသည်။

zawgyi version
အမ်ိဳးသားျပတိုက္ ႏွင့္ ပုဂံေရွးေဟာင္းသုေတသနျပတိုက္ဝင္ေၾကးမ်ား တိုးျမႇင့္ေကာက္ခံမည္
ေစာ (NP News) - ႏိုဝင္ဘာ ၁၄

အမ်ိဳးသားျပတိုက္ ႏွင့္ ပုဂံေရွးေဟာင္းသုေတသနျပတိုက္တို႔တြင္ လာမည့္ ဒီဇင္ဘာလ(၁)ရက္မွစ၍ ဝင္ေၾကးတိုးျမႇင့္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန လက္ေအာက္တြင္ ျပတိုက္ေပါင္း (၃၂)ခုရွိေၾကာင္း သိရသည္။

အဆိုပါ ျပတိုက္မ်ားအနက္ အမ်ိဳးသားျပတိုက္(ရန္ကုန္)ႏွင့္ အမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္)၊ ပုဂံေရွးေဟာင္းသုေတသနျပတိုက္တို႔တြင္ ဝင္ေၾကးေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျပတိုက္မ်ားကို ဝင္ေရာက္လည္ပတ္ၾကမည့္ ျပည္တြင္းဧည့္သည္တစ္ဦးလွ်င္ တစ္ေထာင္က်ပ္ျဖစ္ၿပီး ႏိုင္ငံျခားသားတစ္ဦးလွ်င္ တစ္ေသာင္းက်ပ္ျဖင့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ(၁)ရက္မွစ၍ ေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔သို႔ ေျပာင္းလဲေကာက္ခံသြားေသာ္လည္း ရဟန္း၊ သီလရွင္၊ ေက်ာင္းသား/ေက်ာင္းသူမ်ားႏွင့္ အသက္ (၁၂)ေအာက္ကေလးငယ္မ်ားကို ဝင္ေၾကး အခမဲ့သတ္မွတ္ထားေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရသိရသည္။

ယခင္က ဝင္ေၾကးအေနျဖင့္ ႏိုင္ငံျခားသားတစ္ဦးလွ်င္ ငါးေထာင္က်ပ္ ႏွင့္ ျပည္တြင္းဧည့္သည္တစ္ဦးလွ်င္ ငါးရာက်ပ္ႏႈန္း ေကာက္ခံခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.