တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား အစီအစဥ်အတိုင်း ဆက်လက်ကျင်းပမည်

1494
ကျော် (NP News) - နိုဝင်ဘာ ၁၅
တောင်ကြီးမြို့၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား အစီအစဥ်အတိုင်းကျင်းပသွားမည်ဟု ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

"ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်းမှာက နယ်မြေတည်ငြိမ်အေးချမ်းတယ်။ နောက်ပြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွက် လိုအပ်တဲ့လုံခြုံရေးကိုလည်း တာဝန်ရှိတဲ့လူတွေက တာဝန်ယူဆောင်ရွက်ပေးထားတဲ့အတွက် မီးပုံးပျံပွဲတော်ကို အစီအစဥ်အတိုင်း ကျင်းပသွားမှာပါ"ဟု ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ၇ ရက်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"လွှတ်တင်မယ့် မီးပုံးပျံစာရင်းတွေလည်း ထွက်ထားပြီးပါပြီ။ ညလွှတ်မီးပုံးပျံက ၆၃ လုံး၊ နေ့လွှတ်အရုပ်မီးပုံးပျံက ၆၃ လုံး စုစုပေါင်း ၁၂၆ လုံးလွှတ်တင်သွားမှာပါ"ဟု ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ညမီးကြီးမီးပုံးပျံများဖြစ်သည့် (၂၅)ပေ (၁၅)လုံး၊ (၂၂)ပေ (၂၃)လုံး၊ စိန်နားပန်မီးပုံးပျံ (၁၈)ပေ (၂၅)လုံး (စုစုပေါင်း ၆၃ လုံး)တို့အား ပွဲတော်ကာလအတွင်း နေ့ရက်အလိုက် ညနေ ၅ နာရီခွဲမှ ပွဲစဥ်ပြီးဆုံးသည်အထိ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေ့လွှတ်အရုပ်မီးပုံးပျံများဖြစ်သည့် အရုပ်ခြေ ၂ ချောင်း (၃၇)လုံး၊ အရုပ်ခြေ ၄ ချောင်း (၁၇)လုံး၊ အရုပ်အုပ်စု ၉ လုံး (စုစုပေါင်း ၆၃ လုံး)အား နေ့ရက်အလိုက် နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ လွှတ်တင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

zawgyi version
ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္အား အစီအစဥ္အတိုင္း ဆက္လက္က်င္းပမည္
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၅
ေတာင္ႀကီးၿမိဳ႕၌ ႏွစ္စဥ္က်င္းပၿမဲျဖစ္သည့္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္အား အစီအစဥ္အတိုင္းက်င္းပသြားမည္ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းမွ သိရသည္။
"ကြၽန္ေတာ္တို႔ ရွမ္းျပည္ေတာင္ပိုင္းမွာက နယ္ေျမတည္ၿငိမ္ေအးခ်မ္းတယ္။ ေနာက္ၿပီး တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္အတြက္ လိုအပ္တဲ့လုံၿခဳံေရးကိုလည္း တာဝန္ရွိတဲ့လူေတြက တာဝန္ယူေဆာင္႐ြက္ေပးထားတဲ့အတြက္ မီးပုံးပ်ံပြဲေတာ္ကို အစီအစဥ္အတိုင္း က်င္းပသြားမွာပါ"ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္း၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္အား ေတာင္ႀကီးၿမိဳ႕ရွိ အေဝရာမီးပုံးပ်ံကြင္း၌ ႏိုဝင္ဘာလ ၂၁ ရက္မွ ၂၇ ရက္အထိ ၇ ရက္တိုင္စည္ကားသိုက္ၿမိဳက္စြာက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
"လႊတ္တင္မယ့္ မီးပုံးပ်ံစာရင္းေတြလည္း ထြက္ထားၿပီးပါၿပီ။ ညလႊတ္မီးပုံးပ်ံက ၆၃ လုံး၊ ေန႔လႊတ္အ႐ုပ္မီးပုံးပ်ံက ၆၃ လုံး စုစုေပါင္း ၁၂၆ လုံးလႊတ္တင္သြားမွာပါ"ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္း၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ညမီးႀကီးမီးပုံးပ်ံမ်ားျဖစ္သည့္ (၂၅)ေပ (၁၅)လုံး၊ (၂၂)ေပ (၂၃)လုံး၊ စိန္နားပန္မီးပုံးပ်ံ (၁၈)ေပ (၂၅)လုံး (စုစုေပါင္း ၆၃ လုံး)တို႔အား ပြဲေတာ္ကာလအတြင္း ေန႔ရက္အလိုက္ ညေန ၅ နာရီခြဲမွ ပြဲစဥ္ၿပီးဆုံးသည္အထိ လႊတ္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေန႔လႊတ္အ႐ုပ္မီးပုံးပ်ံမ်ားျဖစ္သည့္ အ႐ုပ္ေျခ ၂ ေခ်ာင္း (၃၇)လုံး၊ အ႐ုပ္ေျခ ၄ ေခ်ာင္း (၁၇)လုံး၊ အ႐ုပ္အုပ္စု ၉ လုံး (စုစုေပါင္း ၆၃ လုံး)အား ေန႔ရက္အလိုက္ ေန႔လည္ ၁ နာရီမွ ညေန ၄ နာရီအထိ လႊတ္တင္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းမွ သိရသည္။