တက္ကသိုလ်နှင့်ကောလိပ်ပေါင်း (၅၀)အတွက် နည်းပြ/ သရုပ်ပြများခေါ်ယူ

 919

စော (NP News) - နိုဝင်ဘာ ၁၅

Naypyitaw State Academy အပါအဝင် တက္ကသိုလ်နှင့်ကောလိပ်ပေါင်း (၅၀)အတွက် သရုပ်ပြ/နည်းပြ များခေါ်ယူနေကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ယနေ့(နိုဝင်ဘာလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေး ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာနရှိ Naypitaw State Academy အပါအဝင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် စစ်တွေတက္ကသိုလ်တို့တွင် နည်းပြ/သရုပ်ပြများ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မုံရွာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်တို့တွင်လည်း နည်းပြ/သရုပ်ပြများ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပင်လုံတက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ရေနံချောင်းတက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ မိုးညှင်းတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ တောင်ကုတ်တက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ ဟုမ္မလင်းဒီဂရီကောလိပ် စုစုပေါင်း တက္ကသိုလ်နှင့် ကောလိပ်ပေါင်း (၅၀)တို့တွင် နည်းပြ/သရုပ်ပြများ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်လိုသော တက္ကသိုလ်နှင့်ကောလိပ်များတွင် လျှောက်လွှာများကို အခမဲ့ရယူပြီး လာမည့် ဒီဇင်ဘာလ (၁၅)ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် မိမိတို့‌လျှောက်လွှာတင်သွင်းခဲ့သည့် တက္ကသိုလ်နှင့် ကောလိပ်များတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုအောင်မြင်သူများအား လူတွေ့စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ပါရဂူဘွဲ့ရရှိသူများသည် လူတွေ့စာမေးပွဲကိုသာဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
တကၠသိုလ္ႏွင့္ေကာလိပ္ေပါင္း (၅၀)အတြက္ နည္းျပ/ သ႐ုပ္ျပမ်ားေခၚယူ
ေစာ (NP News) - ႏိုဝင္ဘာ ၁၅

Naypyitaw State Academy အပါအဝင္ တကၠသိုလ္ႏွင့္ေကာလိပ္ေပါင္း (၅၀)အတြက္ သ႐ုပ္ျပ/နည္းျပ မ်ားေခၚယူေနေၾကာင္း သိရသည္။

ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနက ယေန႔(ႏိုဝင္ဘာလ ၁၅ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပး ေၾကညာထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆင့္ျမင့္ပညာဦးစီးဌာနရွိ Naypitaw State Academy အပါအဝင္ ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ ရန္ကုန္ပညာေရးတကၠသိုလ္၊ ေမာ္လၿမိဳင္တကၠသိုလ္၊ ရန္ကုန္အေဝးသင္တကၠသိုလ္၊ ေတာင္ႀကီးတကၠသိုလ္၊ စစ္ကိုင္းပညာေရးတကၠသိုလ္၊ ဒဂုံတကၠသိုလ္၊ မေကြးတကၠသိုလ္၊ ပုသိမ္တကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္ႏွင့္ စစ္ေတြတကၠသိုလ္တို႔တြင္ နည္းျပ/သ႐ုပ္ျပမ်ား ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ မုံ႐ြာတကၠသိုလ္၊ မႏၲေလးႏိုင္ငံျခားဘာသာတကၠသိုလ္၊ ျမစ္ႀကီးနားတကၠသိုလ္၊ မုံ႐ြာစီးပြားေရးတကၠသိုလ္၊ မႏၲေလးအေဝးသင္တကၠသိုလ္၊ ေတာင္ငူတကၠသိုလ္၊ ျပည္တကၠသိုလ္၊ ထားဝယ္တကၠသိုလ္၊ ရတနာပုံတကၠသိုလ္၊ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္၊ မိတၳီလာတကၠသိုလ္၊ ပခုကၠဴတကၠသိုလ္၊ မိတၳီလာစီးပြားေရးတကၠသိုလ္၊ ရန္ကုန္အေနာက္ပိုင္းတကၠသိုလ္၊ ေက်ာက္ဆည္တကၠသိုလ္ႏွင့္ ဟသၤာတတကၠသိုလ္တို႔တြင္လည္း နည္းျပ/သ႐ုပ္ျပမ်ား ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ပင္လုံတကၠသိုလ္၊ မအူပင္တကၠသိုလ္၊ ဘားအံတကၠသိုလ္၊ ကေလးတကၠသိုလ္၊ ၿမိတ္တကၠသိုလ္၊ လြိဳင္ေကာ္တကၠသိုလ္၊ လားရႈိးတကၠသိုလ္၊ က်ိဳင္းတုံတကၠသိုလ္၊ ဗန္းေမာ္တကၠသိုလ္၊ ပဲခူးတကၠသိုလ္၊ ေ႐ႊဘိုတကၠသိုလ္၊ စစ္ကိုင္းတကၠသိုလ္၊ ေရနံေခ်ာင္းတကၠသိုလ္၊ ျမင္းၿခံတကၠသိုလ္၊ မိုးညႇင္းတကၠသိုလ္၊ အမ်ိဳးသားစီမံခန႔္ခြဲမႈပညာဒီဂရီေကာလိပ္၊ ေတာင္ကုတ္တကၠသိုလ္၊ မႏၲလာတကၠသိုလ္၊ ဟားခါးတကၠသိုလ္၊ ဟုမၼလင္းဒီဂရီေကာလိပ္ စုစုေပါင္း တကၠသိုလ္ႏွင့္ ေကာလိပ္ေပါင္း (၅၀)တို႔တြင္ နည္းျပ/သ႐ုပ္ျပမ်ား ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ မိမိတို႔ တာဝန္ထမ္းေဆာင္လိုေသာ တကၠသိုလ္ႏွင့္ေကာလိပ္မ်ားတြင္ ေလွ်ာက္လႊာမ်ားကို အခမဲ့ရယူၿပီး လာမည့္ ဒီဇင္ဘာလ (၁၅)ရက္ ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားသည္ မိမိတို႔‌ေလွ်ာက္လႊာတင္သြင္းခဲ့သည့္ တကၠသိုလ္ႏွင့္ ေကာလိပ္မ်ားတြင္ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ အေထြေထြဗဟုသုတဘာသာရပ္မ်ားကို ေရးေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါစာေမးပြဲေျဖဆိုေအာင္ျမင္သူမ်ားအား လူေတြ႕စာေမးပြဲေျဖဆိုရမည္ျဖစ္ၿပီး ပါရဂူဘြဲ႕ရရွိသူမ်ားသည္ လူေတြ႕စာေမးပြဲကိုသာေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.