ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် (CI) သက်သေခံလက်မှတ် ပျောက်ဆုံးသွားပါက (PJ)နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ဟုဆို

3047
စော (NP News) - နိုဝင်ဘာ ၁၅
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် (CI) သက်သေခံလက်မှတ် ပျောက်ဆုံးသွားပါက (PJ)နိုင်ငံကူးလက်မှတ်ကို လျှောက်ထားနိုင်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးက ယမန်နေ့(နိုဝင်ဘာလ ၁၄ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ပျောက်ဆုံးသူများအနေဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ် (PJ)ကို လာရောက်လျှောက်ထားနိုင်ကြောင်း သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်က ဆိုသည်။
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ပျောက်ဆုံးသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား အခက်အခဲများ မဖြစ်ပေါ်စေရေးနှင့် အထောက်အထားခိုင်လုံစွာဖြင့် အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်များကို စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(CI)ပျောက်ဆုံးသူများအနေဖြင့် ယမန်နေ့(နိုဝင်ဘာလ ၁၄ ရက်)မှစတင်၍ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာရုံးသို့ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့သို့ လာရောက်လျှောက်ထားရာတွင် CI စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ CI စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာနှင့် ၎င်းထောက်ခံစာအား အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ဆိုချက် ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ CI စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်း၊ Work Permit၊ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)၊ အိမ်ထောင်စုစာရင်းမိတ္တူ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ (CI) သက္ေသခံလက္မွတ္ ေပ်ာက္ဆုံးသြားပါက (PJ)ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားႏိုင္ဟုဆို
ေစာ (NP News) - ႏိုဝင္ဘာ ၁၅
ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ (CI) သက္ေသခံလက္မွတ္ ေပ်ာက္ဆုံးသြားပါက (PJ)ႏိုင္ငံကူးလက္မွတ္ကို ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
အလုပ္သမားသံအရာရွိ႐ုံးက ယမန္ေန႔(ႏိုဝင္ဘာလ ၁၄ ရက္)တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။
မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (CI)ေပ်ာက္ဆုံးသူမ်ားအေနျဖင့္ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ (PJ)ကို လာေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနစိတ္က ဆိုသည္။
မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (CI)ေပ်ာက္ဆုံးသည့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအား အခက္အခဲမ်ား မျဖစ္ေပၚေစေရးႏွင့္ အေထာက္အထားခိုင္လုံစြာျဖင့္ အလုပ္လုပ္ကိုင္ႏိုင္ေစေရးအတြက္ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္စာအုပ္မ်ားကို စိစစ္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
(CI)ေပ်ာက္ဆုံးသူမ်ားအေနျဖင့္ ယမန္ေန႔(ႏိုဝင္ဘာလ ၁၄ ရက္)မွစတင္၍ ထိုင္းႏိုင္ငံ၊ မဟာခ်ိဳင္ၿမိဳ႕ရွိ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးဌာနစိတ္၊ ယာယီအခ်က္အလက္ေကာက္ယူေရးစင္တာ႐ုံးသို႔ လာေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ထို႔သို႔ လာေရာက္ေလွ်ာက္ထားရာတြင္ CI စာအုပ္မိတၱဴ၊ ထိုင္းႏိုင္ငံရွိ သက္ဆိုင္ရာ နယ္ေျမရဲစခန္းမွ CI စာအုပ္ေပ်ာက္ဆုံးေၾကာင္း ေထာက္ခံစာႏွင့္ ၎ေထာက္ခံစာအား အဂၤလိပ္ဘာသာသို႔ ႏိုႀတီျပန္ဆိုခ်က္ ယူေဆာင္လာရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွ CI စာအုပ္ေပ်ာက္ဆုံးေၾကာင္း ေထာက္ခံစာမူရင္း၊ Work Permit၊ ႏိုင္ငံသားစိစစ္ေရးကတ္(မူရင္း)၊ အိမ္ေထာင္စုစာရင္းမိတၱဴ ယူေဆာင္လာရမည္ျဖစ္ေၾကာင္း သိရသည္။