ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးထက် အာရှဖလားကို ပစ်မှတ်ထားခြင်းက သဘာဝပိုကျဟု မြန်မာအသင်းနည်းပြချုပ်ဆို

 1043

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၅

မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးထက် အာရှဖလားကို ပစ်မှတ်ထားခြင်းက သဘာဝပိုကျသည်ဟု မြန်မာဘောလုံးအသင်းအသင်းနည်းပြချုပ် Michael Feichtenbenir က ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် Michael Feichtenbenir က ယနေ့(နိုဝင်ဘာလ ၁၅ ရက်) တွင် ဂျပန်နိုင်ငံ၌ ဂျပန်နှင့်မြန်မာအသင်း ပွဲစဉ်အတွက်ပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၆ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ပွဲစဉ်တွေကို အရင်ပြိုင်ပွဲတွေကထက် အသင်းအရေအတွက် ပိုများများ ပါဝင်ကစားခွင့်ရတာဟာ အာရှအသင်းတွေအတွက် သိပ်ကောင်းပါတယ်။ မြန်မာအသင်းအနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ဖို့ထက် အာရှဖလားအတွက် ပစ်မှတ်ထားတာက ပိုပြီးသဘာဝကျပါတယ်။ ကျွန်တော်တို့အသင်းက မနက်ဖြန် ဂျပန်အသင်းနဲ့ ကစားရမယ့်ပွဲကိုပဲ အာရုံစိုက်ပြီး တစ်သင်းလုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်”ဟု မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ် Michael Feichtenbenir က ပြောကြားခဲ့သည်။

မြန်မာလက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်မောင်မောင်လွင်ကလည်း ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်၌ ရလဒ်ကောင်းများရရှိအာင်ကြိုးပန်းသွားမည်ဟု ပြောကြားခဲ့သည်။

“ဂျပန်အသင်းက အင်အားကြီး အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် ကျွန်တော်တို့အသင်းက နည်းပြ မှာထားတဲ့အတိုင်း သေချာကြိုးစားပြီး ကစားသွားမှာပါ။ ကစားဖော်တွေကလည်း မနက်ဖြန်မှာ သူတို့ စွမ်းဆောင်ရည်ကိုပြသနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာလက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ၏ ဒုတိယအဆင့် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိကာ လာမည့်(နိုဝင်ဘာလ ၁၆ ရက်)၊ ညနေ ၄ နာရီခွဲတွင် ဂျပန်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

zawgyi version
ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးထက္ အာရွဖလားကို ပစ္မွတ္ထားျခင္းက သဘာဝပိုက်ဟု ျမန္မာအသင္းနည္းျပခ်ဳပ္ဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၅

ျမန္မာလက္ေ႐ြးစင္အသင္းအေနျဖင့္ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးထက္ အာရွဖလားကို ပစ္မွတ္ထားျခင္းက သဘာဝပိုက်သည္ဟု ျမန္မာေဘာလုံးအသင္းအသင္းနည္းျပခ်ဳပ္ Michael Feichtenbenir က ေျပာၾကားခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္ Michael Feichtenbenir က ယေန႔(ႏိုဝင္ဘာလ ၁၅ ရက္) တြင္ ဂ်ပန္ႏိုင္ငံ၌ ဂ်ပန္ႏွင့္ျမန္မာအသင္း ပြဲစဥ္အတြက္ျပဳလုပ္ေသာ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“၂၀၂၆ ကမာၻ႔ဖလား ေနာက္ဆုံးအဆင့္ပြဲစဥ္ေတြကို အရင္ၿပိဳင္ပြဲေတြကထက္ အသင္းအေရအတြက္ ပိုမ်ားမ်ား ပါဝင္ကစားခြင့္ရတာဟာ အာရွအသင္းေတြအတြက္ သိပ္ေကာင္းပါတယ္။ ျမန္မာအသင္းအေနနဲ႔ ကမာၻ႔ဖလား ေျခစစ္ပြဲေအာင္ျမင္ဖို႔ထက္ အာရွဖလားအတြက္ ပစ္မွတ္ထားတာက ပိုၿပီးသဘာဝက်ပါတယ္။ ကြၽန္ေတာ္တို႔အသင္းက မနက္ျဖန္ ဂ်ပန္အသင္းနဲ႔ ကစားရမယ့္ပြဲကိုပဲ အာ႐ုံစိုက္ၿပီး တစ္သင္းလုံး အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားသြားပါမယ္”ဟု ျမန္မာလက္ေ႐ြးစင္အသင္း နည္းျပခ်ဳပ္ Michael Feichtenbenir က ေျပာၾကားခဲ့သည္။

ျမန္မာလက္ေ႐ြးစင္ေဘာလုံးအသင္းေခါင္းေဆာင္ေမာင္ေမာင္လြင္ကလည္း ဂ်ပန္အသင္းႏွင့္ ယွဥ္ၿပိဳင္ရမည့္ပြဲစဥ္၌ ရလဒ္ေကာင္းမ်ားရရွိအာင္ႀကိဳးပန္းသြားမည္ဟု ေျပာၾကားခဲ့သည္။

“ဂ်ပန္အသင္းက အင္အားႀကီး အသင္းေကာင္းတစ္သင္းျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔အသင္းက နည္းျပ မွာထားတဲ့အတိုင္း ေသခ်ာႀကိဳးစားၿပီး ကစားသြားမွာပါ။ ကစားေဖာ္ေတြကလည္း မနက္ျဖန္မွာ သူတို႔ စြမ္းေဆာင္ရည္ကိုျပသႏိုင္မယ္လို႔ ယုံၾကည္ပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။

ျမန္မာလက္ေ႐ြးစင္အသင္းသည္ ကမာၻ႔ဖလားေျခစစ္ပြဲ၏ ဒုတိယအဆင့္ ဂ်ပန္၊ ေျမာက္ကိုရီးယား၊ ဆီးရီးယားအသင္းတို႔ႏွင့္ တစ္အုပ္စုတည္း က်ေရာက္လ်က္ရွိကာ လာမည့္(ႏိုဝင္ဘာလ ၁၆ ရက္)၊ ညေန ၄ နာရီခြဲတြင္ ဂ်ပန္အသင္းႏွင့္ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။

Related news

© 2021. All rights reserved.