ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌကို နစကအပြောင်းအလဲပြုလုပ်

 2002

NP News - နိုဝင်ဘာ ၁၆

ကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်လိုက်ကြောင်း နစကဘက်က ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

နစကအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် ဦးမြင့်ဆွေ၏ နေရာတွင် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အသိပေးထားသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို တက်ရောက်ခဲ့ သည်ကို တွေ့ရှိရသည်။

လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်မှ မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး လိုအပ်သော ပြန်လည်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃) တွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် အခြေခံဥပဒေအရ နစကမှ အပ်နှင်းထားသည်။

MNDAA ဦးဆောင်ကာ TNLA၊ AA လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစ၍ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန်းနီစသော ဒေသတစ်ဝိုက်တွင် တပ်မတော် နှင့် MNDAA ဦးဆောင်သော မဟာမိတ်အဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

zawgyi version
ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠ႒ကို နစကအေျပာင္းအလဲျပဳလုပ္
NP News - ႏိုဝင္ဘာ ၁၆

ကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ရေဒသဦးစီးအဖြဲ႕ ဥကၠ႒ အေျပာင္းအလဲျပဳလုပ္လိုက္ေၾကာင္း နစကဘက္က ယမန္ေန႔ (ႏိုဝင္ဘာလ ၁၅ ရက္)ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာလိုက္သည္။

နစကအေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၉ အရ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ ဥကၠ႒ ဦးျမင့္ေဆြအား တာဝန္မွ ရပ္စဲလိုက္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ေနာက္ ဦးျမင့္ေဆြ၏ ေနရာတြင္ ဗိုလ္မႉးခ်ဳပ္ထြန္းထြန္းျမင့္အား ကိုးကန႔္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ေခတၱဥကၠ႒ အျဖစ္ ခန႔္အပ္တာဝန္ေပးလိုက္ေၾကာင္း အသိေပးထားသည္။

ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ ဥကၠ႒ ဦးျမင့္ေဆြသည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၈ ရက္က က်င္းပခဲ့သည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝး (၃/၂၀၂၃) ကို တက္ေရာက္ခဲ့ သည္ကို ေတြ႕ရွိရသည္။

ေလာက္ကိုင္ေဒသႏွင့္ ပတ္ဝန္းက်င္မွ မူးယစ္ေဆးဝါးမွရရွိသည့္ အက်ိဳးအျမတ္မ်ားကို သိရွိျခင္းေၾကာင့္ MNDAA အဖြဲ႕အေနျဖင့္ ေလာက္ကိုင္ေဒသကို ျပန္လည္ရရွိေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး လိုအပ္ေသာ ျပန္လည္တုံ႔ျပန္မႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၿပီးခဲ့သည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝး (၃/၂၀၂၃) တြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ေလာက္ကိုင္)၊ ေဒသကြပ္ကဲေရးမႉးအား ရွမ္းျပည္နယ္အတြင္းရွိ ကုန္းၾကမ္းႏွင့္ ေလာက္ကိုင္ၿမိဳ႕နယ္တို႔တြင္ စစ္အုပ္ခ်ဳပ္ေရးအာဏာကို က်င့္သုံးရန္ အေျခခံဥပေဒအရ နစကမွ အပ္ႏွင္းထားသည္။

MNDAA ဦးေဆာင္ကာ TNLA၊ AA လက္နက္ကိုင္မဟာမိတ္(၃)ဖြဲ႕သည္ ေအာက္တိုဘာလ ၂၇ ရက္မွစ၍ (၁၀၂၇ စစ္ဆင္ေရး) အမည္ျဖင့္ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိရာ လက္ရွိတြင္ ကြမ္းလုံ၊ ေလာက္ကိုင္၊ ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္၊ ၾကဴကုတ္၊ သိန္းနီစေသာ ေဒသတစ္ဝိုက္တြင္ တပ္မေတာ္ ႏွင့္ MNDAA ဦးေဆာင္ေသာ မဟာမိတ္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ဆက္လက္ျပင္း ထန္လ်က္ရွိသည္။

Related news

© 2021. All rights reserved.