Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိဟု နစကပြောခွင့်ရဆို

10170
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆
အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေ၊ ရှမ်းပြည်နယ်(အရှေ့မြောက်)ပိုင်းရှိ အချို့သော တပ်မတော်စခန်းများအား ပြောင်းလဲလာသည့် စစ်နည်းဗျူဟာများအရ Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်)တွင် ပြောကြားထားသည်။
ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်)တွင် လောက်ကိုင်နားရှိ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုရှိပြီး အမှတ်(၂၉ဝ) ခြေလျင်တပ်ရင်း တာမိုးညဲကိုလည်း Drop Bomb အလုံးရာချီဖြင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း နစက ပြောခွင့်ရက ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ တပ်မတော်စခန်းအချို့အား Drone များဖြင် Drop Bomb များပစ်ချတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုများကြောင့် အချို့သော စခန်းများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းခဲ့ရပြီး ပြောင်လဲလာသည့် စစ်နည်းဗျူဟာများအရ Drone သုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် (၁၀၂၇ စစ်ဆင်ရေး) ဖြင့် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို အင်းအားသုံးဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။

zawgyi version
Drone အသုံးျပဳၿပီး တိုက္ခိုက္ခံရမႈကို အျမန္ဆုံး ထိေရာက္စြာကာကြယ္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိဟု နစကေျပာခြင့္ရဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၆
အေရွ႕ေျမာက္ပိုင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ ရွမ္းျပည္နယ္(အေရွ႕ေျမာက္)ပိုင္းရွိ အခ်ိဳ႕ေသာ တပ္မေတာ္စခန္းမ်ားအား ေျပာင္းလဲလာသည့္ စစ္နည္းဗ်ဴဟာမ်ားအရ Drone အသုံးျပဳၿပီး တိုက္ခိုက္ခံရမႈကို အျမန္ဆုံး ထိေရာက္စြာကာကြယ္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔ (ႏိုဝင္ဘာလ ၁၅ ရက္)တြင္ ေျပာၾကားထားသည္။
ယမန္ေန႔ (ႏိုဝင္ဘာလ ၁၅ ရက္)တြင္ ေလာက္ကိုင္နားရွိ ရွင္ခုတ္ထန္စခန္းကို ဝင္ေရာက္တိုက္ခိုက္မႈရွိၿပီး အမွတ္(၂၉ဝ) ေျခလ်င္တပ္ရင္း တာမိုးညဲကိုလည္း Drop Bomb အလုံးရာခ်ီျဖင့္ တိုက္ခိုက္မႈမ်ားရွိခဲ့ေၾကာင္း နစက ေျပာခြင့္ရက ေျပာသည္။
ထို႔ျပင္ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ဘက္ရွိ တပ္မေတာ္စခန္းအခ်ိဳ႕အား Drone မ်ားျဖင္ Drop Bomb မ်ားပစ္ခ်တိုက္ခိုက္မႈ အႀကိမ္ေပါင္းမ်ားစြာျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ တိုက္ခိုက္မႈမ်ားေၾကာင့္ အခ်ိဳ႕ေသာ စခန္းမ်ားကို စစ္နည္းဗ်ဴဟာအရ ျပန္လည္ေပါင္းစည္းခဲ့ရၿပီး ေျပာင္လဲလာသည့္ စစ္နည္းဗ်ဴဟာမ်ားအရ Drone သုံးၿပီး တိုက္ခိုက္ခံရမႈကို အျမန္ဆုံး ထိေရာက္စြာကာကြယ္ႏိုင္ရန္အတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕သည္ (၁၀၂၇ စစ္ဆင္ေရး) ျဖင့္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လုံၿခဳံေရးစခန္းမ်ားကို အင္းအားသုံးဝင္ေရာက္တိုက္ခိုက္လ်က္ရွိသည္။