မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိသည့် ဗီယက်နမ်နိုင်ငံသားနှင့် မြန်မာဆရာဝန်တို့ ဖွင့်လှစ်ထားသော အလှအပရေးရာဆေးခန်းအား အမှုဖွင့်အရေးယူ
5921
စော (NP News) - နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိသော ဗီယက်နမ်နိုင်ငံသား နှင့် မြန်မာနိုင်ငံသားဆရာဝန်တို့ ဖွင့်လှစ်ထားသော အလှအပရေးရာ ခွဲစိတ်ကုသပေးသည့် ဆေးခန်းအား ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့(နိုဝင်ဘာလ ၁၆ ရက်)က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၄ ရက်)က Saigon Beauty Skin& Luxury Clinic လုပ်ငန်းသည် နှာခေါင်း၊ မျက်ရစ် နှင့် နှုတ်ခမ်းခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်ကို လူမှုကွန်ရက်စာမျက်နှာ၌ ကြေညာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်း၊ အမှတ် (၂၄/ C)တွင် ဖွင့်လှစ်ထားသော အဆိုပါလုပ်ငန်းအား ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိသည့် ဗီယက်နမ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားဆရာဝန်တစ်ဦးတို့ ပါဝင်သော အဖွဲ့သည် တရားမဝင်ခွဲစိတ်ကုသခြင်းနှင့် တရားမဝင်ဆေးဝါးများ အသုံးပြုခြင်းတို့ရှိနေကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် Saigon Beauty Skin& Luxury Clinic လုပ်ငန်းအား ဗဟန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများဖြင့် ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
zawgyi version
ေဆးကုသခြင့္လိုင္စင္မရွိသည့္ ဗီယက္နမ္ႏိုင္ငံသားႏွင့္ ျမန္မာဆရာဝန္တို႔ ဖြင့္လွစ္ထားေသာ အလွအပေရးရာေဆးခန္းအား အမႈဖြင့္အေရးယူ
ေစာ (NP News) - ႏိုဝင္ဘာ ၁၆
ေဆးကုသခြင့္လိုင္စင္မရွိေသာ ဗီယက္နမ္ႏိုင္ငံသား ႏွင့္ ျမန္မာႏိုင္ငံသားဆရာဝန္တို႔ ဖြင့္လွစ္ထားေသာ အလွအပေရးရာ ခြဲစိတ္ကုသေပးသည့္ ေဆးခန္းအား ဗဟန္းၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ ယေန႔(ႏိုဝင္ဘာလ ၁၆ ရက္)က ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ (ႏိုဝင္ဘာလ ၁၄ ရက္)က Saigon Beauty Skin& Luxury Clinic လုပ္ငန္းသည္ ႏွာေခါင္း၊ မ်က္ရစ္ ႏွင့္ ႏႈတ္ခမ္းခြဲစိတ္ကုသမႈမ်ား ျပဳလုပ္ေပးလ်က္ရွိသည္ကို လူမႈကြန္ရက္စာမ်က္ႏွာ၌ ေၾကညာခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံရပ္ကြက္၊ နတ္ေမာက္ရိပ္သာလမ္း၊ အမွတ္ (၂၄/ C)တြင္ ဖြင့္လွစ္ထားေသာ အဆိုပါလုပ္ငန္းအား ရန္ကုန္တိုင္းကုသေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ သက္ဆိုင္ရာဌာနအသီးသီးမွ တာဝန္ရွိသူမ်ားပူးေပါင္း၍ ေရွာင္တခင္ဝင္ေရာက္စစ္ေဆးခဲ့ၾကေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးရာ ျမန္မာႏိုင္ငံတြင္ ေဆးကုသခြင့္လိုင္စင္မရွိသည့္ ဗီယက္နမ္ႏိုင္ငံသားတစ္ဦးႏွင့္ ျမန္မာႏိုင္ငံသားဆရာဝန္တစ္ဦးတို႔ ပါဝင္ေသာ အဖြဲ႕သည္ တရားမဝင္ခြဲစိတ္ကုသျခင္းႏွင့္ တရားမဝင္ေဆးဝါးမ်ား အသုံးျပဳျခင္းတို႔ရွိေနေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လက်ရှိတွင် Saigon Beauty Skin& Luxury Clinic လုပ္ငန္းအား ဗဟန္းၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ျမန္မာႏိုင္ငံေဆးဝါးဥပေဒ၊ ျမန္မာႏိုင္ငံေဆးေကာင္စီဥပေဒႏွင့္ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာ ဥပေဒမ်ားျဖင့္ ဗဟန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။