ဘဏ်များနှင့်ပတ်သက်၍ သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်အရေးယူရန် ပူးပေါင်းစီစဉ်နေဟု ဗဟိုဘဏ်သတိပေး

 2004

မျိုးကြီး (NP News) - နိုဝင်ဘာ ၁၇

ဘဏ်များရှိ အပ်ငွေစာရင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ကြောင်း နှင့် သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်အရေးယူရန် ပြင်ဆင်နေကြောင်း ဗဟိုဘဏ်က ဆိုသည်။

ဘဏ်များနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထွက်ပေါ်နေသော သတင်းအမှားများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြန်လည်ရှင်းလင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းအသိပေးခဲ့ခြင်းဖြစ်သည်။

လတ်တလော၌ လူမှုကွန်ရက်စာမျက်နှာများတွင် ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ဖော်ပြနေသောသတင်းများသည် မဟုတ်မမှန် သော သတင်းများသာဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ထို့ပြင် အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းအမှားများဖြစ်ကြောင်း သိရသည်။

ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပြီး ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူအပ်နှံငွေစာရင်းအချက်အလက်များကို အဆင်ပြေချောမွေ့စွာ သိရှိနိုင်သဖြင့် မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူနိုင်သည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။

အလားတူ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ထပ်မံကြေညာထားသည်။

ထို့ကြောင့် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်သောပြစ်ဒဏ်များချမှတ်နိုင်ရေး တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေသည်ဟု ဗဟိုဘဏ်က သတိပေးထားသည်။

လက်ရှိတွင် ပြည်တွင်းရှိ ပုဂ္ဂိုလ်ဘဏ်များသည်လည်း အပ်ငွေစာရင်းဟောင်းများနှင့်ပတ် သက်၍ ကန့်သတ်ချက်မရှိထုတ်ယူနိုင်ကြောင်း ကြေညာထားသည်ကိုလည်း တွေ့ရှိရသည်။

တပ်မတော်သည် နိုင်ငံတော်တာဝန်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ စတင်တာဝန်ယူစဉ်အချိန်တွင် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ သတင်းအမှားများဖြင့် ထိုးနှက်တိုက်ခိုက်ခံရဖူးသည်။

zawgyi version
ဘဏ္မ်ားႏွင့္ပတ္သက္၍ သတင္းမွားျဖန႔္ေဝသူမ်ားကို ေဖာ္ထုတ္အေရးယူရန္ ပူးေပါင္းစီစဥ္ေနဟု ဗဟိုဘဏ္သတိေပး
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁၇

ဘဏ္မ်ားရွိ အပ္ေငြစာရင္းမ်ားကို ကန႔္သတ္ခ်က္မရွိ ထုတ္ယူႏိုင္ေၾကာင္း ႏွင့္ သတင္းမွားျဖန႔္ေဝသူမ်ားကို ေဖာ္ထုတ္အေရးယူရန္ ျပင္ဆင္ေနေၾကာင္း ဗဟိုဘဏ္က ဆိုသည္။

ဘဏ္မ်ားႏွင့္ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ ထြက္ေပၚေနေသာ သတင္းအမွားမ်ားကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ျပန္လည္ရွင္းလင္းရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းအသိေပးခဲ့ျခင္းျဖစ္သည္။

လတ္တေလာ၌ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ဘဏ္မ်ားရွိ အပ္ေငြစာရင္းမ်ားမွ ေငြသားထုတ္ယူျခင္းမ်ားကို ကန႔္သတ္ေနေၾကာင္း ေဖာ္ျပေနေသာသတင္းမ်ားသည္ မဟုတ္မမွန္ ေသာ သတင္းမ်ားသာျဖစ္ေၾကာင္း ဗဟိုဘဏ္က ဆိုသည္။

ထို႔ျပင္ အခ်ိဳ႕ပုဂၢလိကဘဏ္မ်ားတြင္ ဝန္ထမ္းမ်ားကို လစာမ်ားႀကိဳတင္ထုတ္ေပးေၾကာင္း သတင္းမ်ားသည္လည္း သတင္းအမွားမ်ားျဖစ္ေၾကာင္း သိရသည္။

ဘဏ္မ်ားရွိ အပ္ေငြစာရင္းမ်ားမွ ေငြသားထုတ္ယူျခင္းမ်ားကို ကန႔္သတ္ခ်က္မရွိ ထုတ္ယူႏိုင္ၿပီး ဘဏ္ခြဲအသီးသီးတြင္ Core Banking System စနစ္အရ အမ်ားျပည္သူအပ္ႏွံေငြစာရင္းအခ်က္အလက္မ်ားကို အဆင္ေျပေခ်ာေမြ႕စြာ သိရွိႏိုင္သျဖင့္ မည္သည့္ဘဏ္ခြဲတြင္မဆို ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ားကို ရယူႏိုင္သည္ဟု ဗဟိုဘဏ္က ေၾကညာထားသည္။

အလားတူ ဒစ္ဂ်စ္တယ္နည္းလမ္းျဖင့္လည္း ဘဏ္လုပ္ငန္းဆိုင္ရာဝန္ေဆာင္မႈမ်ား၊ ေပးေခ်မႈမ်ားကို လြယ္ကူစြာေဆာင္႐ြက္ႏိုင္ၿပီး ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ားကို ပုံမွန္အတိုင္းေဆာင္႐ြက္ေနေၾကာင္း ဗဟိုဘဏ္က ထပ္မံေၾကညာထားသည္။

ထို႔ေၾကာင့္ အမ်ားျပည္သူ၏ အက်ိဳးစီးပြားကို ထိခိုက္ပ်က္စီးေစရန္ သတင္းမွားမ်ားျဖန႔္ေဝသူမ်ားကို ဥပေဒျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဖာ္ထုတ္အေရးယူၿပီး ထိေရာက္ေသာျပစ္ဒဏ္မ်ားခ်မွတ္ႏိုင္ေရး တရားဥပေဒစိုးမိုးေရးအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္ေနသည္ဟု ဗဟိုဘဏ္က သတိေပးထားသည္။

လက္ရွိတြင္ ျပည္တြင္းရွိ ပုဂၢိဳလ္ဘဏ္မ်ားသည္လည္း အပ္ေငြစာရင္းေဟာင္းမ်ားႏွင့္ပတ္ သက္၍ ကန႔္သတ္ခ်က္မရွိထုတ္ယူႏိုင္ေၾကာင္း ေၾကညာထားသည္ကိုလည္း ေတြ႕ရွိရသည္။

တပ္မေတာ္သည္ ႏိုင္ငံေတာ္တာဝန္မ်ားကို ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ၌ စတင္တာဝန္ယူစဥ္အခ်ိန္တြင္ ျပည္တြင္းရွိ ဘဏ္လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ သတင္းအမွားမ်ားျဖင့္ ထိုးႏွက္တိုက္ခိုက္ခံရဖူးသည္။

Related news

© 2021. All rights reserved.