PDF အဖွဲ့က စာလာပစ်သွားသည်ဆိုသောသတင်းကြောင့် မန္တလေးကျောက်ဝိုင်း၌ ကျောက်အရောင်းအဝယ်ပြုလုပ်သူနည်းပါးနေ

2484
Photo - ကိုဇေ
ကျော် (NP News)- နိုဝင်ဘာ ၁၇
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ရတနာစခန်း(ကျောက်ဝိုင်း)အား PDF အဖွဲ့က စာလာပစ်သွားသည်ဆိုသောသတင်းကြောင့် ကျောက်အရောင်းအဝယ်လာရောက်ပြုလုပ်သူနည်းပါးလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

"နိုဝင်ဘာလ ၁၅ ရက်လောက်ကစပြီး ကျောက်ဝိုင်းထဲမှာ အရောင်းအဝယ်လာလုပ်တဲ့လူနည်းသွားတယ်။ PDF အဖွဲ့က စာလာပစ်သွားတဲ့အတွက် ကြောက်ပြီးမလာရဲကြတာလို့ပြောတယ်။ တကယ်တမ်း PDF အဖွဲ့က လာပစ်သွားတယ်ဆိုတဲ့စာက ဘာအကြောင်းအရာလဲဆိုတာမသိဘူး။ အဲဒီစာကို ဘယ်သူမှလည်းမတွေ့ခဲ့ဘူး။ ဒီအတိုင်းသတင်းတွေပျံ့ပြီး မလာရဲကြတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။
PDF အဖွဲ့မှ မန္တလေးကျောက်ဝိုင်းအား စာလာပစ်သွားသည်ဟု သတင်းများထွက်ပေါ်ခဲ့ သဖြင့် နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ ယနေ့အချိန်အထိ ကျောက်အရောင်းအဝယ်လာရောက်ပြုလုပ်သူနည်းပါး၍ ကျောက်ဝိုင်းအတွင်း၌ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
"အရင်ရက်တွေကဆိုရင် ကျောက်ဝိုင်းထဲမှာ လူအရမ်းများပြီးစည်တယ်။ ရောင်းတဲ့လူနဲ့ဝယ်တဲ့လူ အများကြီးရှိတယ်။ အခု PDF ကစာလာပစ်သွားတယ်ဆိုတဲ့ ကောလာဟလထွက်လာပြီးရော လူသိပ်မရှိတော့ဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။
မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ရတနာစခန်း(ကျောက်ဝိုင်း)တွင် ယခင်က နံနက် ၅ နာရီခန့်မှစတင်ကာ ကျောက်အရောင်းအဝယ်ပြုလုပ်သူများဖြင့်စည်ကားလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
လက်ရှိအချိန်၌ ကျောက်ဝိုင်းအတွင်း အရောင်းအဝယ်လာရောက်ပြုလုပ်သူဦးရေသည် များစွာလျော့ကျသွားခဲ့ကြီး လာရောက်အရောင်းအဝယ်ပြုလုပ်သူများမှာလည်း ယခင်ကဲ့သို့ အချိန်ကြာ ရှည်စွာရောင်းဝယ်ခြင်းမပြုဘဲ အရောင်းအဝယ်ပြုလုပ်ပြီးပါက အမြန်ဆုံးပြန်လည်ထွက်ခွာမှုများရှိနေကြောင်း သိရသည်။

zawgyi version
PDF အဖြဲ႕က စာလာပစ္သြားသည္ဆိုေသာသတင္းေၾကာင့္ မႏၲေလးေက်ာက္ဝိုင္း၌ ေက်ာက္အေရာင္းအဝယ္ျပဳလုပ္သူနည္းပါးေန
ေက်ာ္ (NP News)- ႏိုဝင္ဘာ ၁၇
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေက်ာက္မ်က္ရတနာစခန္း(ေက်ာက္ဝိုင္း)အား PDF အဖြဲ႕က စာလာပစ္သြားသည္ဆိုေသာသတင္းေၾကာင့္ ေက်ာက္အေရာင္းအဝယ္လာေရာက္ျပဳလုပ္သူနည္းပါးလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
"ႏိုဝင္ဘာလ ၁၅ ရက္ေလာက္ကစၿပီး ေက်ာက္ဝိုင္းထဲမွာ အေရာင္းအဝယ္လာလုပ္တဲ့လူနည္းသြားတယ္။ PDF အဖြဲ႕က စာလာပစ္သြားတဲ့အတြက္ ေၾကာက္ၿပီးမလာရဲၾကတာလို႔ေျပာတယ္။ တကယ္တမ္း PDF အဖြဲ႕က လာပစ္သြားတယ္ဆိုတဲ့စာက ဘာအေၾကာင္းအရာလဲဆိုတာမသိဘူး။ အဲဒီစာကို ဘယ္သူမွလည္းမေတြ႕ခဲ့ဘူး။ ဒီအတိုင္းသတင္းေတြပ်ံ႕ၿပီး မလာရဲၾကတာ"ဟု ေဒသခံတစ္ဦးက ေျပာသည္။
PDF အဖြဲ႕မွ မႏၲေလးေက်ာက္ဝိုင္းအား စာလာပစ္သြားသည္ဟု သတင္းမ်ားထြက္ေပၚခဲ့ သျဖင့္ ႏိုဝင္ဘာလ ၁၅ ရက္မွစတင္ကာ ယေန႔အခ်ိန္အထိ ေက်ာက္အေရာင္းအဝယ္လာေရာက္ျပဳလုပ္သူနည္းပါး၍ ေက်ာက္ဝိုင္းအတြင္း၌ ရွင္းလင္းလ်က္ရွိေၾကာင္း သိရသည္။
"အရင္ရက္ေတြကဆိုရင္ ေက်ာက္ဝိုင္းထဲမွာ လူအရမ္းမ်ားၿပီးစည္တယ္။ ေရာင္းတဲ့လူနဲ႔ဝယ္တဲ့လူ အမ်ားႀကီးရွိတယ္။ အခု PDF ကစာလာပစ္သြားတယ္ဆိုတဲ့ ေကာလာဟလထြက္လာၿပီးေရာ လူသိပ္မရွိေတာ့ဘူး"ဟု ေဒသခံတစ္ဦးကေျပာသည္။
မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေက်ာက္မ်က္ရတနာစခန္း(ေက်ာက္ဝိုင္း)တြင္ ယခင္က နံနက္ ၅ နာရီခန္႔မွစတင္ကာ ေက်ာက္အေရာင္းအဝယ္ျပဳလုပ္သူမ်ားျဖင့္စည္ကားလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
လက္ရွိအခ်ိန္၌ ေက်ာက္ဝိုင္းအတြင္း အေရာင္းအဝယ္လာေရာက္ျပဳလုပ္သူဦးေရသည္ မ်ားစြာေလ်ာ့က်သြားခဲ့ႀကီး လာေရာက္အေရာင္းအဝယ္ျပဳလုပ္သူမ်ားမွာလည္း ယခင္ကဲ့သို႔ အခ်ိန္ၾကာ ရွည္စြာေရာင္းဝယ္ျခင္းမျပဳဘဲ အေရာင္းအဝယ္ျပဳလုပ္ၿပီးပါက အျမန္ဆုံးျပန္လည္ထြက္ခြာမႈမ်ားရွိေနေၾကာင္း သိရသည္။