၂ဝ၂၃ ခုနှစ် Golden Boy ဆုကို ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဟမ်ဆွတ်ခူးရရှိ

254
Pika (NP News) - နိုဝင်ဘာ ၁၈
အင်္ဂလန်အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ရီးရဲလ်မက်ဒရစ်အသင်းတွင် ကောင်းမွန်သော ကစားသမားဘဝကို စတင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် Golden Boy ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အသက်(၂၀)နှစ်အရွယ် ဘယ်လင်ဟမ်သည် ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား Jamal Musiala နှင့် RB လိုက်ပ်ဇစ်အသင်း ကွင်းလယ်ကစားသမား Xavi Simons တို့ကို အနိုင်ယူကာ အသက်(၂၁)နှစ်အောက် ကစားသမားများကို အသိအမှတ်ပြုသည့် ဆုအားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဘယ်လင်ဟမ်သည် လာလီဂါလိဂ်တွင် (၁၁)ပွဲကစားကာ (၁၀)ဂိုးသွင်းယူထားသည့် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်တွင်လည်း (၃)ပွဲကစားကာ (၃)ဂိုးသွင်းယူထားနိုင်သူဖြစ်သည်။
ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်ဇွန်လတွင် ဒေါ့မွန်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေးယူရို(၁၀၃)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ဘယ်လင်ဟမ်က "ဘာမင်ဟမ်အသင်း၊ ဒေါ့မွန်အသင်း နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ ကစားခဲ့တဲ့အချိန်တွေအတွင်း အားပေးထောက်ခံခဲ့ကြတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့တွေမရှိပဲ ဒီဆုကို ကျွန်တော်ဆွတ်ခူးနိုင်မှာ မဟုတ်ပါဘူး။ အရေးအကြီးဆုံးကတော့ နေ့တိုင်းကြိုးစားအားထုတ်ဖို့ ပံ့ပိုးလှုံ့ဆော်ပေးခဲ့တဲ့ ကျွန်တော်ရဲ့မိသားစုကို ကျေးဇူးတင်ချင်ပါတယ်။ အခု ကျွန်တော်လိုချင်ခဲ့တဲ့ ဒီဆုကို ဆွတ်ခူးရရှိပါပြီ။ ကျွန်တော်ရှေ့ဆက်အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော့်ရဲ့ ကစားနိုင်စွမ်းတွေကို ဆက်လက်မြှင့်တင်နေပြီး နောက်ထပ်ဆုဖလားတွေ အများကြီးဆွတ်ခူးရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Golden Boy ဆုကို ရွန်းနီ၊ မက်ဆီ၊ စတာလင်၊ အမ်ဘာပေ၊ ဟာလန်း၊ ပက်ဒရီနှင့်ဂါဗီတို့လည်း ဆွတ်ခူးရရှိဖူးကြောင်းသိရသည်။

zawgyi version
၂ဝ၂၃ ခုႏွစ္ Golden Boy ဆုကို ရီးရဲလ္မက္ဒရစ္အသင္းကြင္းလယ္လူ ဘယ္လင္ဟမ္ဆြတ္ခူးရရွိ
Pika (NP News) - ႏိုဝင္ဘာ ၁၈
အဂၤလန္အသင္းကြင္းလယ္ကစားသမား ဘယ္လင္ဟမ္သည္ ရီးရဲလ္မက္ဒရစ္အသင္းတြင္ ေကာင္းမြန္ေသာ ကစားသမားဘဝကို စတင္ခဲ့ၿပီးေနာက္ ၂၀၂၃ ခုႏွစ္ Golden Boy ဆုကို ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။
အသက္(၂၀)ႏွစ္အ႐ြယ္ ဘယ္လင္ဟမ္သည္ ဘိုင္ယန္ျမဴးနစ္အသင္းေတာင္ပံကစားသမား Jamal Musiala ႏွင့္ RB လိုက္ပ္ဇစ္အသင္း ကြင္းလယ္ကစားသမား Xavi Simons တို႔ကို အႏိုင္ယူကာ အသက္(၂၁)ႏွစ္ေအာက္ ကစားသမားမ်ားကို အသိအမွတ္ျပဳသည့္ ဆုအားဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။ ဘယ္လင္ဟမ္သည္ လာလီဂါလိဂ္တြင္ (၁၁)ပြဲကစားကာ (၁၀)ဂိုးသြင္းယူထားသည့္ ဂိုးသြင္းအမ်ားဆုံးကစားသမားတစ္ဦးျဖစ္ၿပီး ခ်န္ပီယံလိဂ္တြင္လည္း (၃)ပြဲကစားကာ (၃)ဂိုးသြင္းယူထားႏိုင္သူျဖစ္သည္။
ဘယ္လင္ဟမ္သည္ ၿပီးခဲ့သည့္ဇြန္လတြင္ ေဒါ့မြန္အသင္းမွ ရီးရဲလ္မက္ဒရစ္အသင္းသို႔ ေျပာင္းေ႐ႊ႕ေၾကးယူ႐ို(၁၀၃)သန္းျဖင့္ ေျပာင္းေ႐ႊ႕လာခဲ့ျခင္းျဖစ္သည္။
ဘယ္လင္ဟမ္က "ဘာမင္ဟမ္အသင္း၊ ေဒါ့မြန္အသင္း နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔မွာ ကစားခဲ့တဲ့အခ်ိန္ေတြအတြင္း အားေပးေထာက္ခံခဲ့ၾကတဲ့ လူေတြအားလုံးကို ေက်းဇူးတင္ခ်င္ပါတယ္။ သူတို႔ေတြမရွိပဲ ဒီဆုကို ကြၽန္ေတာ္ဆြတ္ခူးႏိုင္မွာ မဟုတ္ပါဘူး။ အေရးအႀကီးဆုံးကေတာ့ ေန႔တိုင္းႀကိဳးစားအားထုတ္ဖို႔ ပံ့ပိုးလႈံ႕ေဆာ္ေပးခဲ့တဲ့ ကြၽန္ေတာ္ရဲ႕မိသားစုကို ေက်းဇူးတင္ခ်င္ပါတယ္။ အခု ကြၽန္ေတာ္လိုခ်င္ခဲ့တဲ့ ဒီဆုကို ဆြတ္ခူးရရွိပါၿပီ။ ကြၽန္ေတာ္ေရွ႕ဆက္အေကာင္းဆုံး ႀကိဳးစားသြားမွာပါ။ ကြၽန္ေတာ့္ရဲ႕ ကစားႏိုင္စြမ္းေတြကို ဆက္လက္ျမႇင့္တင္ေနၿပီး ေနာက္ထပ္ဆုဖလားေတြ အမ်ားႀကီးဆြတ္ခူးရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"ဟု ေျပာဆိုခဲ့သည္။
Golden Boy ဆုကို ႐ြန္းနီ၊ မက္ဆီ၊ စတာလင္၊ အမ္ဘာေပ၊ ဟာလန္း၊ ပက္ဒရီႏွင့္ဂါဗီတို႔လည္း ဆြတ္ခူးရရွိဖူးေၾကာင္းသိရသည္။