ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအား(၆ ဒသမ ၇)မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး

 420

Pika (NP News) - နိုဝင်ဘာ ၁၈

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား(၆ ဒသမ ၇)မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းသဘာဝဘေးအန္တရာယ်တာဝန်ရှိသူများက နိုဝင်ဘာလ(၁၈)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် အာဏာပိုင်များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း အဆိုပါတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါငလျင်သည် နိုဝင်ဘာလ(၁၇)ရက် မွန်းလွဲပိုင်းအချိန်တွင် Mindanao ကျွန်းအနီးရှိ ကမ်းလွန်ပင်လယ်ပြင်တွင် အနက်(၆၀)ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဂျာမန်ဘူမိသိပ္ပံဆိုင်ရာ သုတေသနစင်တာက ပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်ထဲတွင် ငလျင်လှုပ်ခတ်ချိန်အတွင်း ကုန်တိုက်ကြီးနှစ်ခု၏ မျက်နှာကျက်အမိုးများပြိုကျကာ လူများပြေးလွှားနေသည်ကို တွေ့မြင်ခဲ့ရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် SM City General Santos ကုန်တိုက်နှင့် Robinsons GenSan ကုန်တိုက်တို့ကို ယာယီပိတ်ထားကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။

ထို့ပြင် စာသင်ကျောင်းတစ်ကျောင်းတွင် အမိုးများပြိုကျနေသည်ကိုလည်း ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသောဓါတ်ပုံများထဲတွင် တွေ့ခဲ့ရသည်။ ငလျင်လှုပ်ခတ်မှုအတွင်း လူသုံးဦးသေဆုံးခဲ့ကြောင်း South Cotabato ပြည်နယ် General Santos City မြို့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြီးအကဲ Agripino Dacera က အတည်ပြုပြောဆိုခဲ့သည်။ ငလျင်လှုပ်ခတ်ချိန်အတွင်း ကွန်ကရစ်နံရံတစ်ခုပြိုကျခဲ့မှုကြောင့် အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူတို့ သေဆုံးခဲ့ပြီး ဈေးဝယ်စင်တာတစ်ခုတွင် အခြားအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း Agripino Dacera ကပြောဆိုခဲ့သည်။

ငလျင်ဗဟိုချက်အနီးရှိ Sarangani ပြည်နယ်တွင် မြေပြိုကျမှုများနှင့်အတူ အနည်းဆုံးလူနှစ်ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ(၂)ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း Glan မြို့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအရာရှိ Angel Dugaduga ကပြောဆိုခဲ့သည်။ Davao Occidental ပြည်နယ်တွင် အသက်(၇၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကျောက်တုံးတစ်တုံးဖြင့် တိုက်မိပြီးနောက် သေဆုံးသွားခဲ့ကြောင်း Davao ဒေသအရပ်ဘက်ကာကွယ်ရေးအရာရှိ Franz Irag ကပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် လျှပ်စစ်ဓါတ်အားများပြန်လည်ရရှိနေပြီဖြစ်ပြီး လမ်းအများစုမှာ ဖြတ်သန်းသွားလာမှုများ ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်တာဝန်ရှိသူများကပြောကြားခဲ့သည်။ အဆိုပါငလျင်လှုပ်ခတ်မှုအတွင်း နေအိမ်အများစုနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း ၎င်းတို့ကထပ်မံပြောဆိုခဲ့သည်။

zawgyi version
ဖိလစ္ပိုင္ႏိုင္ငံတြင္ ျပင္းအား(၆ ဒသမ ၇)မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီး အနည္းဆုံးလူ(၆)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၈

ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းတြင္ ျပင္းအား(၆ ဒသမ ၇)မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ လူ(၆)ဦးေသဆုံးခဲ့ၿပီး အျခားလူႏွစ္ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ေဒသတြင္းသဘာဝေဘးအႏၲရာယ္တာဝန္ရွိသူမ်ားက ႏိုဝင္ဘာလ(၁၈)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔ျပင္ အာဏာပိုင္မ်ားသည္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း အဆိုပါတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ အဆိုပါငလ်င္သည္ ႏိုဝင္ဘာလ(၁၇)ရက္ မြန္းလြဲပိုင္းအခ်ိန္တြင္ Mindanao ကြၽန္းအနီးရွိ ကမ္းလြန္ပင္လယ္ျပင္တြင္ အနက္(၆၀)ကီလိုမီတာမွာ လႈပ္ခတ္ခဲ့ျခင္းျဖစ္ ေၾကာင္း ဂ်ာမန္ဘူမိသိပၸံဆိုင္ရာ သုေတသနစင္တာက ေျပာၾကားခဲ့သည္။

ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္ထဲတြင္ ငလ်င္လႈပ္ခတ္ခ်ိန္အတြင္း ကုန္တိုက္ႀကီးႏွစ္ခု၏ မ်က္ႏွာက်က္အမိုးမ်ားၿပိဳက်ကာ လူမ်ားေျပးလႊားေနသည္ကို ေတြ႕ျမင္ခဲ့ရသည္။ ငလ်င္လႈပ္ခတ္ၿပီးေနာက္ SM City General Santos ကုန္တိုက္ႏွင့္ Robinsons GenSan ကုန္တိုက္တို႔ကို ယာယီပိတ္ထားေၾကာင္း အာဏာပိုင္မ်ားက ေၾကညာခဲ့သည္။

ထို႔ျပင္ စာသင္ေက်ာင္းတစ္ေက်ာင္းတြင္ အမိုးမ်ားၿပိဳက်ေနသည္ကိုလည္း ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာဓါတ္ပုံမ်ားထဲတြင္ ေတြ႕ခဲ့ရသည္။ ငလ်င္လႈပ္ခတ္မႈအတြင္း လူသုံးဦးေသဆုံးခဲ့ေၾကာင္း South Cotabato ျပည္နယ္ General Santos City ၿမိဳ႕၏ သဘာဝေဘးအႏၲရာယ္ဆိုင္ရာအႀကီးအကဲ Agripino Dacera က အတည္ျပဳေျပာဆိုခဲ့သည္။ ငလ်င္လႈပ္ခတ္ခ်ိန္အတြင္း ကြန္ကရစ္နံရံတစ္ခုၿပိဳက်ခဲ့မႈေၾကာင့္ အမ်ိဳးသားတစ္ဦးႏွင့္ ၎၏ဇနီးျဖစ္သူတို႔ ေသဆုံးခဲ့ၿပီး ေဈးဝယ္စင္တာတစ္ခုတြင္ အျခားအမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့ေၾကာင္း Agripino Dacera ကေျပာဆိုခဲ့သည္။

ငလ်င္ဗဟိုခ်က္အနီးရွိ Sarangani ျပည္နယ္တြင္ ေျမၿပိဳက်မႈမ်ားႏွင့္အတူ အနည္းဆုံးလူႏွစ္ဦးေသဆုံးခဲ့ၿပီး ေပ်ာက္ဆုံးေနသူ(၂)ဦးကို ကယ္ဆယ္ေရးအဖြဲ႕မ်ားက ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း Glan ၿမိဳ႕ သဘာဝေဘးအႏၲရာယ္တုံ႔ျပန္ေရးအရာရွိ Angel Dugaduga ကေျပာဆိုခဲ့သည္။ Davao Occidental ျပည္နယ္တြင္ အသက္(၇၈)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ေက်ာက္တုံးတစ္တုံးျဖင့္ တိုက္မိၿပီးေနာက္ ေသဆုံးသြားခဲ့ေၾကာင္း Davao ေဒသအရပ္ဘက္ကာကြယ္ေရးအရာရွိ Franz Irag ကေျပာၾကားခဲ့သည္။

လက္ရွိအခ်ိန္တြင္ လွ်ပ္စစ္ဓါတ္အားမ်ားျပန္လည္ရရွိေနၿပီျဖစ္ၿပီး လမ္းအမ်ားစုမွာ ျဖတ္သန္းသြားလာမႈမ်ား ျပန္လည္လုပ္ေဆာင္ႏိုင္ၿပီျဖစ္ေၾကာင္း သဘာဝေဘးအႏၲရာယ္တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။ အဆိုပါငလ်င္လႈပ္ခတ္မႈအတြင္း ေနအိမ္အမ်ားစုႏွင့္ အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးမႈအနည္းငယ္သာရွိခဲ့ေၾကာင္း ၎တို႔ကထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.