စစ်ဘေးရှောင်(၃ဝဝဝဝ)ကျော်ရှိသော BP 125 စစ်ရှောင်စခန်းတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ အခက်အခဲများစွာ ကြုံတွေ့နေရ

 1160

မြူနစ် (NP News) - နိုဝင်ဘာ ၁၉

စစ်ဘေးရှောင် (၃ဝဝဝဝ)ကျော်ရှိသော မြန်မာ-တရုတ်နယ်စပ် BP 125 စစ်ရှောင်စခန်းတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော TNLA၊ AA မဟာမိတ် (၃)ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းအတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။

ထိုသို့တိုက်ပွဲများ ဖော်ဆောင်မှုနှင့်အတူ ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများရှိခဲ့ပြီး လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် BP 125 စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ (၃ဝဝဝဝ)ကျော်အထိ ရှိကြောင်း ကိုးကန့်ဒေသခံများထံမှ သိရသည်။

ကိုးကန့်ဒေသ၌ နိုဝင်ဘာ ၁၆ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ၎င်းစစ်ဘေးရှောင်စခန်း၏ နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ရွှံ့နွံများအတွင်း ဖြတ်သန်းသွားလာနေထိုင်ရလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

“စစ်ဘေးရှောင်တွေ နေတဲ့နေရာ၊ လမ်းတွေမှာ ရေကြီးပြီးတော့ ရွှံ့တွေ နွံတွေလို ဖြစ်နေတာပေါ့။ အဲဒီမှာပဲ သွားလာနေထိုင်ရတယ်လေ။ အခြေအနေက တော်တော်လေးကို ဆိုးပါတယ်။ တော်တော်လေးကို အခက်အခဲရှိပါတယ်။ နေရေးထိုင်ရေး၊ သွားရေးလာရေးကအစ အကုန်အခက်အခဲဖြစ်တာပေါ့။ နောက်သောက်သုံးရေတို့၊ လျှပ်စစ်ဓာတ်အားတို့ကလည်း ပြတ်လပ်နေပါတယ်” ဟု ကိုးကန့်ဒေသခံက ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်စခန်း၌ သောက်သုံးရေများ လိုအပ်လျက်ရှိသည့်အပြင် လျှပ်စစ်ဓာတ်အားအခက်အခဲများလည်း ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုးကန့်ဒေသအတွင်း၌ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့နှင့် တပ်မတော်တို့အကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင်ဦးရေ ထပ်မံတိုးမြှင့်လာဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် MNDAA ဦးဆောင်သောအဖွဲ့အနေဖြင့် လောက်ကိုင်မြို့ကို ဦးတည်တိုက်ခိုက်ရန်အတွက် ပြင်ဆင်နေကြောင်း သိရသည်။

Zawgyi Version;
စစ္ေဘးေရွာင္(၃ဝဝဝဝ)ေက်ာ္ရွိေသာ BP 125 စစ္ေရွာင္စခန္းတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့၍ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ေနရ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၉

စစ္ေဘးေရွာင္ (၃ဝဝဝဝ)ေက်ာ္ရွိေသာ ျမန္မာ-တ႐ုတ္နယ္စပ္ BP 125 စစ္ေရွာင္စခန္းတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနသည့္အတြက္ အခက္အခဲမ်ားစြာႀကဳံေတြ႕ေနရေၾကာင္း သတင္းရရွိသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ဦးေဆာင္ေသာ TNLA၊ AA မဟာမိတ္ (၃)ဖြဲ႕သည္ ေအာက္တိုဘာ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းအတြင္း၌ တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့သည္။

ထိုသို႔တိုက္ပြဲမ်ား ေဖာ္ေဆာင္မႈႏွင့္အတူ ေဒသခံျပည္သူမ်ားအေနျဖင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ရမႈမ်ားရွိခဲ့ၿပီး လက္ရွိတြင္ ျမန္မာ-တ႐ုတ္နယ္စပ္ BP 125 စစ္ေဘးေရွာင္စခန္းတြင္ စစ္ေဘးေရွာင္ဦးေရ (၃ဝဝဝဝ)ေက်ာ္အထိ ရွိေၾကာင္း ကိုးကန႔္ေဒသခံမ်ားထံမွ သိရသည္။

ကိုးကန႔္ေဒသ၌ ႏိုဝင္ဘာ ၁၆ ရက္မွစတင္ကာ မိုးအဆက္မျပတ္႐ြာသြန္းမႈမ်ားေၾကာင့္ ၎စစ္ေဘးေရွာင္စခန္း၏ ေနရာအခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ကာ ႐ႊံ႕ႏြံမ်ားအတြင္း ျဖတ္သန္းသြားလာေနထိုင္ရလ်က္ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“စစ္ေဘးေရွာင္ေတြ ေနတဲ့ေနရာ၊ လမ္းေတြမွာ ေရႀကီးၿပီးေတာ့ ႐ႊံ႕ေတြ ႏြံေတြလို ျဖစ္ေနတာေပါ့။ အဲဒီမွာပဲ သြားလာေနထိုင္ရတယ္ေလ။ အေျခအေနက ေတာ္ေတာ္ေလးကို ဆိုးပါတယ္။ ေတာ္ေတာ္ေလးကို အခက္အခဲရွိပါတယ္။ ေနေရးထိုင္ေရး၊ သြားေရးလာေရးကအစ အကုန္အခက္အခဲျဖစ္တာေပါ့။ ေနာက္ေသာက္သုံးေရတို႔၊ လွ်ပ္စစ္ဓာတ္အားတို႔ကလည္း ျပတ္လပ္ေနပါတယ္” ဟု ကိုးကန႔္ေဒသခံက ေျပာသည္။

လက္ရွိတြင္ အဆိုပါစစ္ေဘးေရွာင္စခန္း၌ ေသာက္သုံးေရမ်ား လိုအပ္လ်က္ရွိသည့္အျပင္ လွ်ပ္စစ္ဓာတ္အားအခက္အခဲမ်ားလည္း ျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ကိုးကန႔္ေဒသအတြင္း၌ MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕ႏွင့္ တပ္မေတာ္တို႔အၾကားတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိၿပီး စစ္ေဘးေရွာင္ဦးေရ ထပ္မံတိုးျမႇင့္လာဖြယ္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ MNDAA ဦးေဆာင္ေသာအဖြဲ႕အေနျဖင့္ ေလာက္ကိုင္ၿမိဳ႕ကို ဦးတည္တိုက္ခိုက္ရန္အတြက္ ျပင္ဆင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.