ဂျီဘရောတာအသင်းကို (၁၄)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရယူခဲ့ပြီးနောက် ယူရိုခြေစစ်ပွဲသမိုင်းတစ်လျှောက် အကြီးဆုံး ဂိုးပြတ်နိုင်ပွဲ စံချိန်တင်နိုင်ခဲ့တဲ့ ပြင်သစ်အသင်း

 519

Pika (NP News) - နိုဝင်ဘာ ၁၉

ပြင်သစ်အသင်းသည် နိုဝင်ဘာလ(၁၈)ရက်က ဂျီဘရောတာအသင်းနှင့်ကစားခဲ့သောပွဲကို (၁၄)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယူရိုခြေစစ်ပွဲသမိုင်းတစ်လျှောက် အကြီးဆုံး ဂိုးပြတ်နိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

၂ဝဝ၆ ခုနှစ်တွင် ဂျာမနီအသင်းသည် ဆမ်မာရီနိုအသင်းနှင့်ကစားခဲ့သော ၂ဝဝ၈ ယူရိုခြေစစ်ပွဲတွင် (၁၃)ဂိုး-ဂိုးမရှိ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် စံချိန်ကို ပြင်သစ်အသင်းက ကျော်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဥရောပအသင်းတစ်သင်းသည် ကမ္ဘာ့ဖလား (သို့မဟုတ်) ယူရိုခြေစစ်ပွဲတွင် (၁၄)ဂိုးထိ သွင်းယူနိုင်ခဲ့သည့် ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

ပြင်သစ်အသင်းနည်းပြ Didier Deschamps က "ဂျီဘရောတာအသင်းဟာ အနီကဒ်ပြခံရပြီး တစ်ယောက် ထုတ်ခံ ခဲ့ရပါတယ်။ ပြိုင်ဖက်အသင်းကို ဂိုးတွေအများကြီးသွင်းယူတာကလည်း လေးစားတာပါပဲ။ (၁၄)ဂိုးသွင်းယူနိုင်ခဲ့တာ တကယ်ကို ကောင်းမွန်ပါတယ်" ဟု ပြောခဲ့သည်။

ဂျီဘရောတာအသင်းနှင့်ကစားခဲ့သောပွဲတွင် ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေသည် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အသက်(၁၇)နှစ်အရွယ် ကွင်းလယ်ကစားသမား Warren Zaire-Emery သည် ၎င်း၏ ပွဲဦးထွက်ပွဲစဉ်တွင် ဂိုးသွင်းယူ နိုင်ခဲ့ကြောင်းလည်း သိရသည်။ Gibraltar အသင်းနှင့်ကစားခဲ့သောပွဲတွင် ပြင်သစ်အသင်းကစားသမားများ ဖြစ်သည့် Marcus Thuram၊ Zaire-Emery၊ အမ်ဘာပေ၊ Jonathan Clauss၊ Kingsley Coman၊ ဖိုဖါနာ၊ Adrien Rabiot ၊ ဒမ်ဘီလီ၊ Olivier Giroud တို့က ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး Gibraltar အသင်း ကစားသမားအီသန်ဆန်းတို့စ် က ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့ကြောင်းဖြစ်ကြောင်းလည်း သိရသည်။

ပြင်သစ်အသင်းနည်းပြ Didier Deschamps သည် အသက်(၁၇)နှစ်အရွယ် Warren Zaire-Emery ကို ပွဲဦးထွက် ပေးကစားခဲ့ပြီး ၎င်းသည် ၁၉၁၄ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး ပြင်သစ်အသင်းကစားသမားဖြစ်လာခဲ့ ကြောင်းလည်း သိရသည်။

Didier Deschamps က "ဒီနေ့ညမှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တကယ်ကို ပျော်ရွှင်မိပါ တယ်။ ဒီနေ့ညဟာ ပြီးပြည့်စုံတဲ့ ညတစ်ညပါပဲ" ဟု ပြောခဲ့သည်။

Zawgyi Version;
ဂ်ီဘေရာတာအသင္းကို (၁၄)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရယူခဲ့ၿပီးေနာက္ ယူ႐ိုေျခစစ္ပြဲသမိုင္းတစ္ေလွ်ာက္ အႀကီးဆုံး ဂိုးျပတ္ႏိုင္ပြဲ စံခ်ိန္တင္ႏိုင္ခဲ့တဲ့ ျပင္သစ္အသင္း
Pika (NP News) - ႏိုဝင္ဘာ ၁၉

ျပင္သစ္အသင္းသည္ ႏိုဝင္ဘာလ(၁၈)ရက္က ဂ်ီဘေရာတာအသင္းႏွင့္ကစားခဲ့ေသာပြဲကို (၁၄)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ၿပီး ယူ႐ိုေျခစစ္ပြဲသမိုင္းတစ္ေလွ်ာက္ အႀကီးဆုံး ဂိုးျပတ္ႏိုင္ပြဲအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

၂ဝဝ၆ ခုႏွစ္တြင္ ဂ်ာမနီအသင္းသည္ ဆမ္မာရီႏိုအသင္းႏွင့္ကစားခဲ့ေသာ ၂ဝဝ၈ ယူ႐ိုေျခစစ္ပြဲတြင္ (၁၃)ဂိုး-ဂိုးမရွိ ျဖင့္ ဂိုးျပတ္အႏိုင္ရရွိခဲ့သည့္ စံခ်ိန္ကို ျပင္သစ္အသင္းက ေက်ာ္တက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ဥေရာပအသင္းတစ္သင္းသည္ ကမာၻ႔ဖလား (သို႔မဟုတ္) ယူ႐ိုေျခစစ္ပြဲတြင္ (၁၄)ဂိုးထိ သြင္းယူႏိုင္ခဲ့သည့္ ပထမဆုံး အႀကိမ္ျဖစ္ေၾကာင္းလည္း သိရသည္။

ျပင္သစ္အသင္းနည္းျပ Didier Deschamps က "ဂ်ီဘေရာတာအသင္းဟာ အနီကဒ္ျပခံရၿပီး တစ္ေယာက္ ထုတ္ခံ ခဲ့ရပါတယ္။ ၿပိဳင္ဖက္အသင္းကို ဂိုးေတြအမ်ားႀကီးသြင္းယူတာကလည္း ေလးစားတာပါပဲ။ (၁၄)ဂိုးသြင္းယူႏိုင္ခဲ့တာ တကယ္ကို ေကာင္းမြန္ပါတယ္" ဟု ေျပာခဲ့သည္။

ဂ်ီဘေရာတာအသင္းႏွင့္ကစားခဲ့ေသာပြဲတြင္ ျပင္သစ္တိုက္စစ္မႉးအမ္ဘာေပသည္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး အသက္(၁၇)ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမား Warren Zaire-Emery သည္ ၎၏ ပြဲဦးထြက္ပြဲစဥ္တြင္ ဂိုးသြင္းယူ ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။ Gibraltar အသင္းႏွင့္ကစားခဲ့ေသာပြဲတြင္ ျပင္သစ္အသင္းကစားသမားမ်ား ျဖစ္သည့္ Marcus Thuram၊ Zaire-Emery၊ အမ္ဘာေပ၊ Jonathan Clauss၊ Kingsley Coman၊ ဖိုဖါနာ၊ Adrien Rabiot ၊ ဒမ္ဘီလီ၊ Olivier Giroud တို႔က ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး Gibraltar အသင္း ကစားသမားအီသန္ဆန္းတို႔စ္ က ကိုယ့္ဂိုးကိုယ္ ျပန္သြင္းမိခဲ့ေၾကာင္းျဖစ္ေၾကာင္းလည္း သိရသည္။

ျပင္သစ္အသင္းနည္းျပ Didier Deschamps သည္ အသက္(၁၇)ႏွစ္အ႐ြယ္ Warren Zaire-Emery ကို ပြဲဦးထြက္ ေပးကစားခဲ့ၿပီး ၎သည္ ၁၉၁၄ ခုႏွစ္ေနာက္ပိုင္း အသက္အငယ္ဆုံး ျပင္သစ္အသင္းကစားသမားျဖစ္လာခဲ့ ေၾကာင္းလည္း သိရသည္။

Didier Deschamps က "ဒီေန႔ညမွာ သြင္းယူႏိုင္ခဲ့တဲ့ ဂိုးေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ တကယ္ကို ေပ်ာ္႐ႊင္မိပါ တယ္။ ဒီေန႔ညဟာ ၿပီးျပည့္စုံတဲ့ ညတစ္ညပါပဲ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.