စစ်ဖြစ်လျှင် သူပုန်က လမ်း-တံတားတွေကို ဘာ့ကြောင့် ဖျက်ဆီးတာလဲ

 7848

Htay Oung (NP News) - နိုဝင်ဘာ ၁၉

မကြာသေးခင် နိုဝင်ဘာ ၁၂ ရက် TNLA, AA, PDFs သောင်းကျန်းသူတို့ သီပေါမြို့နယ် ကျင်သီတံတားကို ဗုံးခွဲ ဖျက်ဆီးခဲ့ပါတယ်။ ဒီအတွက် အရပ်သူအရပ်သားများမှာ သီပေါနဲ့ ကျောက်မဲအကြားသွားလာဖို့ ခက်ခဲသွားပါတယ်။ တံတားပျက်စီးသွားတဲ့အတွက် ပုံမှန်ရောင်းဝယ်ဖောက်ကားရေးသာမက ဆေးဝါးနဲ့သာ အသက်ဆက်နေရတဲ့ လူနာများ၊ သက်ကြီးရွယ်အို မသန်စွမ်းသူများ ရဟန်းရှင်လူတို့မှာ အင်မတန် အခက်တွေ့ကြရပါတယ်။

အဲဒီဖြစ်စဉ်အကြောင်း ဖော်ပြတဲ့မိတ်ဆွေတစ်ဦးရဲ့ဗွီဒီယိုမှာ ကိုရှမ်းကြီး ဆိုသူ အကောင့်ပိုင်ရှင်က “ခင်ဗျား စောင်ရူးမို့ ဒါတွေတင်နေတာ၊ သိက္ခာသူဆိုရှိရင် ဒီလို မတင်ဘူး၊ လူ့စည်း ဘီလူးစည်းဆိုတာရှိတယ်။ အဲဒီစည်းကို ရောက်ရင် ဘာမဆို စွန့်လွှတ်ရမယ် (ဂုဏ် ရှိရှိ) ၊ တကယ်တော့ ခင်ဗျားနဲ့ အပေါင်းပါတွေဟာ စောက်ရူးတွေ၊ #ဘယ်စစ်မှမှ_မြို့ကြေအောင်_မတိုက်ဘူးလို့” အံ့သြဖွယ် မှတ်ချက်ရေးထားပါတယ်။
..
ထူးဆန်းလှချည်လားလို့ သူ့အကောင့်ကို လိုက်ကြည့်တဲ့အခါ မိတ်ဆွေ ၄ ယောက်သာရှိပြီး နေရပ်လိပ်စာအမှန် မဖြစ်နိုင်ကြောင်း ခန့်မှန်းရပါတယ်။ ၄င်းရဲ့စာမျက်နှာမှာ “နျူကလီယားဗုံးကြဲမယ်ဆိုရင် ဘုရင့်နန်းတော် တိုကျိုကို ကြဲပါလား၊ ဘာ့ကြောင့် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြဲတာလဲ” လို့ ပို့စ်တင် ရေးသားထားတာတွေ့ရတဲ့အတွက်

“အကောင့်တုနဲ့ စောက်ရူးပဲ ကိုရှမ်းကြီး၊ အဲဒီနှစ်ခုစလုံးက အရပ်သားတွေကို သတ်ထာလေ၊ ဘုရင်နဲ့ စစ်ဗိုလ်ချုပ် တွေဆိုတာ အရပ်သားတွေ ရှိမှ ဖြစ်တာပါ၊ ဒါပေမယ့် လက်နက်ချပြီဟေ့ ဆိုရင်တော့ အရပ်သားတွေနဲ့ မရတော့ဘူး၊ ဘုရင်နဲ့ စစ်ဗိုလ်ချုပ်တွေ လက်မှတ်ထိုးဖို့ လိုအပ်လို့ တိုကျိုကို ချန်ထားခဲ့တာပါ” ချက်ချင်းပဲ မှတ်ချက်ပြန်ရေး မိပါတယ်။

တစ်ခါကလည်း ရှင်ရိုသေ လူရိုသေ လူသိများသူ ဆရာကြီးတစ်ဦးက ရေးဖူးတယ်။ နိုင်ငံတကာစီးပွားဖြစ် စစ်လက်နက်ထုတ်လုပ်တဲ့စက်မှုလုပ်ငန်းဟာ နှစ်စဉ် ကန်ဒေါ်လာ ၁ ထရီလီယံမျှရှိပြီး ကမ္ဘာ့ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်း ခန့် ရှိကြောင်း၊ အမေရိကန်ဟာ ထိပ်တန်း စစ်လက်နက်ရောင်းချသူဖြစ်ပြီး တစ်ကမ္ဘာလုံး ရောင်းချခြင်းရဲ့ ၄ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဒါပေမယ့် #အဲဒီ_စစ်လက်နက်ကုမ္ပဏီကြီးများဟာ_ပုဂ္ဂလိက_ပိုင်ဖြစ်ကြောင်း၊ သူတို့ အနေနဲ့ #အခွန်ပေးရုံသာ_ရှိပြီး #အမေရိကန်_အစိုးရက_မပိုင်ဘူးလို့_ဆိုပါတယ်။

မှန်ပါတယ် သို့သော် #အဲဒါဟာ_အရပ်သား_လူပြိန်း_အမြင်ပါ။ နိုင်ငံရေးအရတော့ အဲဒါအမေရိကန်ရဲ့ #စီးပွားရေး အခြေခံရင်းမြစ် #Infrastructure ထဲမှာ ပါဝင်ပါတယ်။

ဥပမာ - နိုင်ငံတစ်နိုင်ငံမှာ အရပ်သားသူဋ္ဌေးတစ်ယောက်ဟာ ကျပ် သိန်း ၂ဝဝ တန် တိုက်အိမ်တစ်လုံးကို တည်ဆောက်ပါတယ်။ လူပြိန်းအမြင်မှာတော့ သူဌေးရဲ့ ပိုက်ဆံ ကျပ်သိန်း ၂ဝဝ ကို ပန်းရံဆရာနဲ့ အုတ်သဲကျောက် ရောင်းချသူများက ရသွားတယ်လို့ သတ်မှတ်ပါလိမ့်မယ်။ နိုင်ငံရေးအမြင်မှာတော့ အဲဒီတိုင်းပြည်မှာ ကျပ်သိန်း ၂ဝဝ တန် တိုက်အိမ်ပိုင်ဆိုင်သူတစ်ယောက်နဲ့ ကျပ်သိန်း ၂ဝဝ ဖိုး ၀န်ဆောင်မှုပေးအပ်နိုင်သူများ စုစုပေါင်း ကျပ်သိန်း ၄ဝဝ ဖြစ်သွားပါတယ်။

၂ဝ၂၂ ခုနှစ် အမေရိကန်ကုမ္ပဏီကြီး ၅ ခုဟာ ဒေါ်လာ ၁၉၆ ဘီလျံဖိုးခန့် စစ်လက်နက်နဲ့ စစ်ယန္တရားများကို ထုတ်လုပ်ပါတယ်။ အမြတ်အစွန်းငွေဟာ အဲဒီကုမ္ပဏီပိုင်ရှင်နဲ့ ရှယ်ယာထည့်ဝင်သူများ ရရှိသွားပေမယ့် အမေရိကန်နိုင်ငံအတွက်ကတော့ ဒေါ်လာ ၁၉၆ ဘီလျံတန် စစ်လက်နက်စက်ရုံများနဲ့ ဒေါ်လာ ၁၉၆ ဘီလျံတန် စီးပွားရေးလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်သူ #လူသားရင်းမြစ် #Human_Resource စုစုပေါင်း ၃၉၂ ဘီလျံကို ပိုင်ဆိုင်သွားပါတယ်။

တကယ်လို့ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့တဲ့ တိုင်းပြည်များကို အဲဒီကုမ္ပဏီများက လက်နက်မရောင်းဘဲ နေမှာဖြစ်ပြီး၊ တစ်ခြားတိုင်းပြည်နဲ့ စစ်ဖြစ်ရင်လည်း အမေရိကန်တွေအတွက် စစ်လက်နက်တွေ ထုတ်လုပ်ပေး ပါလိမ့်မယ်။

စစ်ပွဲတွေ အနိုင်အရှုံးကို #စစ်စီးပွားရေး #War_Economy က အဆုံးအဖြတ်ပေးတတ်ပါတယ်။ အချိန်မီ လက်နက်ခဲယမ်း အလုံအလောက် ထုတ်လုပ်ပေးနိုင်တဲ့ဘက်က အသာစီး ရရှိပါလိမ့်မယ်။ ဒါပေမယ့် စစ်ရှုံးပြီ ဆိုရင်တော့ အရပ်သားများကိုယ်စား အစိုးရက လက်မှတ်ရေးထိုးပေးရပါလိမ့်မယ်။

အဲဒါကြောင့် ဘုရင်နဲ့စစ်ဗိုလ်ချုပ်တွေ တရားဝင် အရှုံးပေးကြောင်း လိုအပ်လို့ အမေရိကန်က တိုကျိုကို ချန်ထားခဲ့ ခြင်းဖြစ်ပါတယ်။ ရှေးပဝေသဏီ တုန်းကတော့ တိုင်းပြည်ချင်း စစ်ဖြစ်တဲ့အခါ အညံ့ခံဖို့ ရန်သူ့ခေါင်းဆောင်တောင် ချန်မထားတော့ပဲ ကျားမကလေးလူကြီးအကုန်လုံးကို Tတ်ဖြတ်ပြီး မြို့ပြနိုင်ငံတစ်ခုလုံးကို မီးတင်ရှို့ခဲ့ကြဖူးပါ တယ်။ ပြီးရင်တော့ လုယက်ရရှိလာတဲ့ ရွှေငွေ အဖိုးတန်ပစ္စည်းများကို ပိုက်ပြီး ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြပေါ့
ဒါပေမယ့် အဲဒီလို #လမ်း_တံတား_တက္ကသိုလ်_စာသင်ကျောင်း_ဆည်_ရေကာတာစသည့် #အရပ်ဘက် #အဆောက်အအုံများကို_တိုက်ခိုက်ခြင်း၊ #ဖောက်ခွဲခြင်း_ဖျက်ဆီးခြင်းဟာ #စစ်ရာဇ၀တ်မှုဖြစ်ပါတယ်။

စစ်တိုက်တယ်ဆိုတာ နိုင်ငံတကာသံခင်းတမန်ခင်းနဲ့ စစ်ဥပဒေသများက အစဉ်တစိုက် လက်ခံထားတဲ့ စည်းမျဉ်း များနဲ့ လုပ်ထုံးလုပ်နည်းဘောင်များအတွင်း အကြမ်းပတမ်းပြုမူခြင်းပဲဖြစ်ပါတယ်။ အကြမ်းဖက်ခြင်းကတော့ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းနဲ့ လူသိထင်ရှားဖြစ်အောင် ရည်ရွယ်လေ့ရှိပါတယ်။ ဥပမာ သတင်းထောက် နှင့် လူအများအာရုံစိုက်ဖွယ်ရှိသူများကို ဓါးစာခံဖမ်းဆီးခြင်း၊ တစ်ဖက်မှာလည်း စစ်တိုက်တယ်ဆိုတာ ရန်သူရဲ့ အုပ်ချုပ်-စုဖွဲ-အင်အားစုရုံးမှုနဲ့ အခြေခံအဆောက်အအုံများကို ချိနဲ့သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ မြို့ပြပြောက်ကျားစစ်နည်းဗျူဟာမှာ ရန်သူအဖြစ် သတ်မှတ်ထားသူတို့ရဲ့ အခြေခံအဆောက်အအုံများကို ကိုယ်တိုင်ဖျက်ဆီးခြင်း၊ #ရန်သူကို_အမှည့်ခြွေ #ချွေခြင်းဖြင့် #စစ်မြှူပြီး #သူ့ရဲ့_အခြေခံအဆောက်အအုံများကို #သူကိုယ်တိုင်_ဖျက်ဆီးမိရလေအောင်လည်း #ဖန်တီးလေ့ရှိပါတယ်။

ဒီလောက်ဆို #လောလောဆယ်_ကျွန်တော်တို့နိုင်ငံလက်နက်ကိုင်စစ်ရေးထိပ်တိုက်တွေ့မှုရဲ့ #မကြာခင်ကြုံ #တွေ့ရမယ့်_အနာဂတ်အခြေအနေကို_မှန်းဆနိုင်လောက်ပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
စစ္ျဖစ္လွ်င္ သူပုန္က လမ္း-တံတားေတြကို ဘာ့ေၾကာင့္ ဖ်က္ဆီးတာလဲ
Htay Oung (NP News) - ႏိုဝင္ဘာ ၁၉

မၾကာေသးခင္ ႏိုဝင္ဘာ ၁၂ ရက္ TNLA, AA, PDFs ေသာင္းက်န္းသူတို႔ သီေပါၿမိဳ႕နယ္ က်င္သီတံတားကို ဗုံးခြဲ ဖ်က္ဆီးခဲ့ပါတယ္။ ဒီအတြက္ အရပ္သူအရပ္သားမ်ားမွာ သီေပါနဲ႔ ေက်ာက္မဲအၾကားသြားလာဖို႔ ခက္ခဲသြားပါတယ္။ တံတားပ်က္စီးသြားတဲ့အတြက္ ပုံမွန္ေရာင္းဝယ္ေဖာက္ကားေရးသာမက ေဆးဝါးနဲ႔သာ အသက္ဆက္ေနရတဲ့ လူနာမ်ား၊ သက္ႀကီး႐ြယ္အို မသန္စြမ္းသူမ်ား ရဟန္းရွင္လူတို႔မွာ အင္မတန္ အခက္ေတြ႕ၾကရပါတယ္။

အဲဒီျဖစ္စဥ္အေၾကာင္း ေဖာ္ျပတဲ့မိတ္ေဆြတစ္ဦးရဲ႕ဗြီဒီယိုမွာ ကိုရွမ္းႀကီး ဆိုသူ အေကာင့္ပိုင္ရွင္က “ခင္ဗ်ား ေစာင္႐ူးမို႔ ဒါေတြတင္ေနတာ၊ သိကၡာသူဆိုရွိရင္ ဒီလို မတင္ဘူး၊ လူ႔စည္း ဘီလူးစည္းဆိုတာရွိတယ္။ အဲဒီစည္းကို ေရာက္ရင္ ဘာမဆို စြန္႔လႊတ္ရမယ္ (ဂုဏ္ ရွိရွိ) ၊ တကယ္ေတာ့ ခင္ဗ်ားနဲ႔ အေပါင္းပါေတြဟာ ေစာက္႐ူးေတြ၊ #ဘယ္စစ္မွမွ_ၿမိဳ႕ေၾကေအာင္_မတိုက္ဘူးလို႔” အံ့ၾသဖြယ္ မွတ္ခ်က္ေရးထားပါတယ္။
..
ထူးဆန္းလွခ်ည္လားလို႔ သူ႔အေကာင့္ကို လိုက္ၾကည့္တဲ့အခါ မိတ္ေဆြ ၄ ေယာက္သာရွိၿပီး ေနရပ္လိပ္စာအမွန္ မျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းရပါတယ္။ ၄င္းရဲ႕စာမ်က္ႏွာမွာ “န်ဴကလီယားဗုံးႀကဲမယ္ဆိုရင္ ဘုရင့္နန္းေတာ္ တိုက်ိဳကို ႀကဲပါလား၊ ဘာ့ေၾကာင့္ ဟီ႐ိုရွီးမားနဲ႔ နာဂါဆာကီကို ႀကဲတာလဲ” လို႔ ပို႔စ္တင္ ေရးသားထားတာေတြ႕ရတဲ့အတြက္

“အေကာင့္တုနဲ႔ ေစာက္႐ူးပဲ ကိုရွမ္းႀကီး၊ အဲဒီႏွစ္ခုစလုံးက အရပ္သားေတြကို သတ္ထာေလ၊ ဘုရင္နဲ႔ စစ္ဗိုလ္ခ်ဳပ္ ေတြဆိုတာ အရပ္သားေတြ ရွိမွ ျဖစ္တာပါ၊ ဒါေပမယ့္ လက္နက္ခ်ၿပီေဟ့ ဆိုရင္ေတာ့ အရပ္သားေတြနဲ႔ မရေတာ့ဘူး၊ ဘုရင္နဲ႔ စစ္ဗိုလ္ခ်ဳပ္ေတြ လက္မွတ္ထိုးဖို႔ လိုအပ္လို႔ တိုက်ိဳကို ခ်န္ထားခဲ့တာပါ” ခ်က္ခ်င္းပဲ မွတ္ခ်က္ျပန္ေရး မိပါတယ္။

တစ္ခါကလည္း ရွင္႐ိုေသ လူ႐ိုေသ လူသိမ်ားသူ ဆရာႀကီးတစ္ဦးက ေရးဖူးတယ္။ ႏိုင္ငံတကာစီးပြားျဖစ္ စစ္လက္နက္ထုတ္လုပ္တဲ့စက္မႈလုပ္ငန္းဟာ ႏွစ္စဥ္ ကန္ေဒၚလာ ၁ ထရီလီယံမွ်ရွိၿပီး ကမာၻ႔ ဂ်ီဒီပီရဲ႕ ၂ ရာခိုင္ႏႈန္း ခန္႔ ရွိေၾကာင္း၊ အေမရိကန္ဟာ ထိပ္တန္း စစ္လက္နက္ေရာင္းခ်သူျဖစ္ၿပီး တစ္ကမာၻလုံး ေရာင္းခ်ျခင္းရဲ႕ ၄ဝ ရာခိုင္ႏႈန္းခန္႔ရွိေၾကာင္း၊ ဒါေပမယ့္ #အဲဒီ_စစ္လက္နက္ကုမၸဏီႀကီးမ်ားဟာ_ပုဂၢလိက_ပိုင္ျဖစ္ေၾကာင္း၊ သူတို႔ အေနနဲ႔ #အခြန္ေပး႐ုံသာ_ရွိၿပီး #အေမရိကန္_အစိုးရက_မပိုင္ဘူးလို႔_ဆိုပါတယ္။

မွန္ပါတယ္ သို႔ေသာ္ #အဲဒါဟာ_အရပ္သား_လူၿပိန္း_အျမင္ပါ။ ႏိုင္ငံေရးအရေတာ့ အဲဒါအေမရိကန္ရဲ႕ #စီးပြားေရး အေျခခံရင္းျမစ္ #Infrastructure ထဲမွာ ပါဝင္ပါတယ္။

ဥပမာ - ႏိုင္ငံတစ္ႏိုင္ငံမွာ အရပ္သားသူေ႒းတစ္ေယာက္ဟာ က်ပ္ သိန္း ၂ဝဝ တန္ တိုက္အိမ္တစ္လုံးကို တည္ေဆာက္ပါတယ္။ လူၿပိန္းအျမင္မွာေတာ့ သူေဌးရဲ႕ ပိုက္ဆံ က်ပ္သိန္း ၂ဝဝ ကို ပန္းရံဆရာနဲ႔ အုတ္သဲေက်ာက္ ေရာင္းခ်သူမ်ားက ရသြားတယ္လို႔ သတ္မွတ္ပါလိမ့္မယ္။ ႏိုင္ငံေရးအျမင္မွာေတာ့ အဲဒီတိုင္းျပည္မွာ က်ပ္သိန္း ၂ဝဝ တန္ တိုက္အိမ္ပိုင္ဆိုင္သူတစ္ေယာက္နဲ႔ က်ပ္သိန္း ၂ဝဝ ဖိုး ၀န္ေဆာင္မႈေပးအပ္ႏိုင္သူမ်ား စုစုေပါင္း က်ပ္သိန္း ၄ဝဝ ျဖစ္သြားပါတယ္။

၂ဝ၂၂ ခုႏွစ္ အေမရိကန္ကုမၸဏီႀကီး ၅ ခုဟာ ေဒၚလာ ၁၉၆ ဘီလ်ံဖိုးခန္႔ စစ္လက္နက္နဲ႔ စစ္ယႏၲရားမ်ားကို ထုတ္လုပ္ပါတယ္။ အျမတ္အစြန္းေငြဟာ အဲဒီကုမၸဏီပိုင္ရွင္နဲ႔ ရွယ္ယာထည့္ဝင္သူမ်ား ရရွိသြားေပမယ့္ အေမရိကန္ႏိုင္ငံအတြက္ကေတာ့ ေဒၚလာ ၁၉၆ ဘီလ်ံတန္ စစ္လက္နက္စက္႐ုံမ်ားနဲ႔ ေဒၚလာ ၁၉၆ ဘီလ်ံတန္ စီးပြားေရးလုပ္ငန္းမွာ ဝင္ေရာက္လုပ္ကိုင္သူ #လူသားရင္းျမစ္ #Human_Resource စုစုေပါင္း ၃၉၂ ဘီလ်ံကို ပိုင္ဆိုင္သြားပါတယ္။

တကယ္လို႔ အေမရိကန္အစိုးရက ဒဏ္ခတ္ပိတ္ဆို႔တဲ့ တိုင္းျပည္မ်ားကို အဲဒီကုမၸဏီမ်ားက လက္နက္မေရာင္းဘဲ ေနမွာျဖစ္ၿပီး၊ တစ္ျခားတိုင္းျပည္နဲ႔ စစ္ျဖစ္ရင္လည္း အေမရိကန္ေတြအတြက္ စစ္လက္နက္ေတြ ထုတ္လုပ္ေပး ပါလိမ့္မယ္။

စစ္ပြဲေတြ အႏိုင္အရႈံးကို #စစ္စီးပြားေရး #War_Economy က အဆုံးအျဖတ္ေပးတတ္ပါတယ္။ အခ်ိန္မီ လက္နက္ခဲယမ္း အလုံအေလာက္ ထုတ္လုပ္ေပးႏိုင္တဲ့ဘက္က အသာစီး ရရွိပါလိမ့္မယ္။ ဒါေပမယ့္ စစ္ရႈံးၿပီ ဆိုရင္ေတာ့ အရပ္သားမ်ားကိုယ္စား အစိုးရက လက္မွတ္ေရးထိုးေပးရပါလိမ့္မယ္။

အဲဒါေၾကာင့္ ဘုရင္နဲ႔စစ္ဗိုလ္ခ်ဳပ္ေတြ တရားဝင္ အရႈံးေပးေၾကာင္း လိုအပ္လို႔ အေမရိကန္က တိုက်ိဳကို ခ်န္ထားခဲ့ ျခင္းျဖစ္ပါတယ္။ ေရွးပေဝသဏီ တုန္းကေတာ့ တိုင္းျပည္ခ်င္း စစ္ျဖစ္တဲ့အခါ အညံ့ခံဖို႔ ရန္သူ႔ေခါင္းေဆာင္ေတာင္ ခ်န္မထားေတာ့ပဲ က်ားမကေလးလူႀကီးအကုန္လုံးကို Tတ္ျဖတ္ၿပီး ၿမိဳ႕ျပႏိုင္ငံတစ္ခုလုံးကို မီးတင္ရႈိ႕ခဲ့ၾကဖူးပါ တယ္။ ၿပီးရင္ေတာ့ လုယက္ရရွိလာတဲ့ ေ႐ႊေငြ အဖိုးတန္ပစၥည္းမ်ားကို ပိုက္ၿပီး ကိုယ့္တိုင္းျပည္ ကိုယ္ျပန္ၾကေပါ့
ဒါေပမယ့္ အဲဒီလို #လမ္း_တံတား_တကၠသိုလ္_စာသင္ေက်ာင္း_ဆည္_ေရကာတာစသည့္ #အရပ္ဘက္ #အေဆာက္အအုံမ်ားကို_တိုက္ခိုက္ျခင္း၊ #ေဖာက္ခြဲျခင္း_ဖ်က္ဆီးျခင္းဟာ #စစ္ရာဇ၀တ္မႈျဖစ္ပါတယ္။

စစ္တိုက္တယ္ဆိုတာ ႏိုင္ငံတကာသံခင္းတမန္ခင္းနဲ႔ စစ္ဥပေဒသမ်ားက အစဥ္တစိုက္ လက္ခံထားတဲ့ စည္းမ်ဥ္း မ်ားနဲ႔ လုပ္ထုံးလုပ္နည္းေဘာင္မ်ားအတြင္း အၾကမ္းပတမ္းျပဳမူျခင္းပဲျဖစ္ပါတယ္။ အၾကမ္းဖက္ျခင္းကေတာ့ အရပ္သားမ်ားအေပၚ ပစ္မွတ္ထားျခင္းနဲ႔ လူသိထင္ရွားျဖစ္ေအာင္ ရည္႐ြယ္ေလ့ရွိပါတယ္။ ဥပမာ သတင္းေထာက္ ႏွင့္ လူအမ်ားအာ႐ုံစိုက္ဖြယ္ရွိသူမ်ားကို ဓါးစာခံဖမ္းဆီးျခင္း၊ တစ္ဖက္မွာလည္း စစ္တိုက္တယ္ဆိုတာ ရန္သူရဲ႕ အုပ္ခ်ဳပ္-စုဖြဲ-အင္အားစု႐ုံးမႈနဲ႔ အေျခခံအေဆာက္အအုံမ်ားကို ခ်ိနဲ႔သြားေအာင္ ျပဳလုပ္ျခင္းျဖစ္ပါတယ္။ ၿမိဳ႕ျပေျပာက္က်ားစစ္နည္းဗ်ဴဟာမွာ ရန္သူအျဖစ္ သတ္မွတ္ထားသူတို႔ရဲ႕ အေျခခံအေဆာက္အအုံမ်ားကို ကိုယ္တိုင္ဖ်က္ဆီးျခင္း၊ #ရန္သူကို_အမွည့္ေႁခြ #ေခြၽျခင္းျဖင့္ #စစ္ျမႇဴၿပီး #သူ႔ရဲ႕_အေျခခံအေဆာက္အအုံမ်ားကို #သူကိုယ္တိုင္_ဖ်က္ဆီးမိရေလေအာင္လည္း #ဖန္တီးေလ့ရွိပါတယ္။

ဒီေလာက္ဆို #ေလာေလာဆယ္_ကြၽန္ေတာ္တို႔ႏိုင္ငံလက္နက္ကိုင္စစ္ေရးထိပ္တိုက္ေတြ႕မႈရဲ႕ #မၾကာခင္ႀကဳံ #ေတြ႕ရမယ့္_အနာဂတ္အေျခအေနကို_မွန္းဆႏိုင္ေလာက္ပါတယ္။
အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Picture

saibo bobo

19/11/2023 19:21

မှန်လိုက်တာအားပေးနေပါတယ်

Related news

© 2021. All rights reserved.