မြန်မာပြည် မြေပုံအပြောင်းအလဲ၏ တတိယမြောက် အခင်းအကျင်း

 10160

Htay Oung (NP News) - နိုဝင်ဘာ ၂ဝ

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး မှီတင်းနေထိုင်ရာ မြန်မာပြည် မြေပုံအပြောင်းအလဲဖြစ်မယ့်အရေးရဲ့ တတိယ မြောက်အခင်းအကျင်းကို ၁ဝ၂၇ စစ်ရေးလှုပ်ရှားမှုအပြီး ရက်သတ္တ ၃ ပတ်အကြာမှာ စတင် တွေ့မြင်ရပါတယ်။

လာရာနဲ့ လားရာ ကွဲပြားတဲ့ EAOs များရဲ့ အောင်ပွဲရမှု အနည်းငယ်သာ ရှိသေး ခြားနားတဲ့ ရည်ရွယ်ချက်ရှိကြောင်း၊ EAOs အချင်းချင်း နယ်မြေပိုင်ဆိုင်စိုးမိုးမှု ပြဿနာ၊ အနာဂတ်နိုင်ငံတော်ပုံသဏ္ဍာန်နဲ့ ဦးဆောင်သူအခန်းကဏ္ဍမှာ ကွဲပြားကြောင်း သူတို့ရဲ့သတင်းထုတ်ပြန်မှုများက ဖော်ပြနေကြပါတယ်။ သူတို့အပေါ် မှီခိုရပ်တည်နေကြတဲ့ PDFs အဖွဲ့အသီးသီးရဲ့အနာဂတ်ကိုလည်းး ခပ်ရေးရေး တွေ့မြင်လာရပါတယ်။

လေကြောင်း ပစ်ကူထောက်ပို့ လုံးဝ မရှိခြင်း၊ လက်နက်ခဲယမ်း ထောက်ပံ့/ ရယူခြင်းနဲ့ ဆက်သွယ်ရေး မလွယ်ကူ ခြင်း၊ ဖွဲ့စည်းပုံ ပွယောင်းပြီး ချိတ်ဆက်လှုပ်ရှားနိုင်မှု မရှိသလောက်ဖြစ်ခြင်း လုံလောက်တဲ့လေ့ကျင့်မှုနဲ့ လက်နက်ထိန်းသိမ်းမှု အားနည်းခြင်းဟာ ၂ဝ ၀န်းကျင် လူငယ်အများစု PDFs များအကြား ထိခိုက်ကျဆုံးမှု များပြား စေခဲ့ပါတယ်။

အနောက်တံခါးဘက်က ရန်သူရဲ့စစ်ရေးလှုပ်ရှားမှုဟာ ဝါဒဖြန့် သတင်းတုတွေကိုသာ ဖယ်ရှားလိုက်ရင် ကောင်းကောင်းကြီး ကန့်သတ် ဦးချိုးနိုင်ခဲ့ကြောင်း သေချာလာပါတယ်။ စစ်ကိုင်းတိုင်း အရှေ့ပိုင်းနဲ့ ရှမ်းမြောက် အနောက်ပိုင်းတို့မှာ ဆန့်ကျင်ဘက်တို့အနေနဲ့ စစ်ကြောင်းပုံ လုံးဝ ပျက်ပြားသွားပြီး ကောက်သင်းကောက် ချေမှုန်းခံအဖြစ် ပြောင်းလဲသွားပါတယ်။

စစ်ဖြစ်တဲ့အခါ ပါဝါရိန်းဂျားများ မဟုတ်ကြလို့ မိမိဘက်မှာ ကျဆုံး၊ ဒဏ်ရရ၊ စွန့်ခွာခဲ့ရတာတွေ ရှိကို ရှိတတ်ပါ တယ်။ တိုက်ပွဲဖြစ်နေစဉ် ဖမ်းဆီးခံရသူ၊ ထွက်ပြေးသူနဲ့ လက်နက်ချသူလည်း ရှိတတ်ထာ သဘာဝပါ။ အခြားနိုင်ငံ အနှံ့ ထိတွေ့မှုများမှာ အထိအခိုက်နဲ့ ပေးဆပ်ရမှုတွေ ရှိနေသည့်တိုင် ပရိုစစ်တပ်အနေနဲ့ စမ်းသပ်မှု ခံနိုင်ရည် အကောင်းဆုံး ရှိကြောင်း တွေ့မြင်ရပါတယ်။

ပရိုစစ်တပ်တို့မှာ #ပြောင်းလွယ်_ပြင်လွယ်ဖြစ်ခြင်း #Flexible၊ #ယုံကြည်အားထားရမှု #Reliable နဲ့ #သုံးသပ် အဖြေရှာခြင်း #Resolution တို့ဟာ မရှိမဖြစ် အဓိကအချက်များ ဖြစ်ကြပါတယ်။ ရှုံးရင် ဘာ့ကြောင့် ရှုံးရတယ်၊ နိုင်ရင်တောင် ဘာ့ကြောင့်နိုင်လိုက်တယ်ဆိုတာ မှန်မှန်ကန်ကန်သုံးသပ်ပြီး ပြောင်းလဲလုပ်ကိုင်လေ့ သဘာ၀ ရှိတတ်သူတို့ဟာ အောင်ပွဲရဖို့ ခြေလှမ်းများပဲ ဖြစ်ပါတယ်။ ဒီအတွက် တိုက်ပွဲအစီရင်ခံချက်များ မြေပြင် ပကတိဖြစ်စဉ်များနဲ့အညီ အမှန်ကန်ဆုံးဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်။

အများ ဝေဖန်နေကြတဲ့ ဒရုန်း ကင်းထောက်ခြင်း၊ ရန်သူ့ ဒရုန်း ထောက်လှမ်းခြင်း၊ မိမိဒရုန်းဖြင့် တပ်မတော်က တလှည်ပြန် တိုက်ခိုက်ခြင်းများကိုလည်း တြွေ့မင်လာရကြောင်း မြေပြင် အရပ်သားမိတ်ဆွေများက ပြောပြကြပါ တယ်။ ဂရုဏာဒေါသော ပြစ်တင်နေသူတို့ရဲ့ အသံဟာလည်း တိုးစ ပြုလာပါတယ်။

တစ်ဆက်တည်းမှာပဲ အပေါ်ဆုံးနဲ့ အောက်ဆုံးအကြား အလယ်အလတ်နေရာအချို့မှာ စစ်ရည်စစ်သွေး မပြည့်ဝမှု၊ အကျင့်ပျက်ခြစားမှုများကိုလည်း အချိန်တိုအတွင်း ဖော်ထုတ်အရေးယူနေကြောင်း ခပ်စိပ်စိပ် တွေ့မြင်လာရပါ တယ်။ ဒီအတွက် အရည်အချင်းပြည့်ဝပြီး တာဝန်ကြေပွန်သူတို့ကို ထိုက်ထိုက်တန်တန် ချီးမြှောက်ဖို့ လိုအပ်ပါ တယ်။
နိဂုံးချုပ်ပြောရရင် #ကမ္ဘာ့စစ်အင်အား_အဆင့်_၃၈ #GFP_38 ကြီးရဲ့
ထောက်လှမ်းရေးဟာ ယခုထက် ပိုမိုကောင်းမွန်ဖို့ လိုအပ်နေပြီး #Hybrid_warfare မျိုးပေါင်းစပ်စစ်ရဲ့ သဘောသဘာဝနဲ့ #Media_warfare #ကိုယ်တိုင်ဦးဆောင်ဆင်နွှဲနိုင်တဲ့_အဆင့်ရောက်ဖို့_အရေးကြီးပါတယ်။

#အဖွဲ့အစည်းတိုင်းမှာ ရှိတတ်တဲ့ အကျင့်ပျက်ခြစားမှု အရည်အသွေး ညံဖျင်းမှုတို့ကို ဖော်ထုတ်အရေးယူခြင်းဟာ စည်းကမ်းသေဝပ်ဖို့နဲ့ စုစည်းမှု ခိုင်မာစေဖို့ အထောက်အကူဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ ဗျူဟာမြောက် ခံစစ်နေရာတို့ရဲ့ ဘန်ကာ၊ ဗုံးခိုကျင်း၊ ပစ်ကျင်း၊ ဆက်သွယ်မြောင်း၊ မြေခွေးကျင်းတို့ဟာ အမေရိကန်ပြည်တွင်းစစ်ကာလပုံစံ လက်ရှိအခင်းအကျင်းမျိုးကြီးအတိုင်း မဟုတ်ဘဲ အနည်းဆုံး ပထမကမ္ဘာစစ် ဂျာမန်ခံစစ်စခန်းများလောက်တော့ တည်ဆောက်ဖို့ အပူတပြင်း လိုအပ်ပါတယ်။ သံချောင်းခံ အားဖြည့် ကွန်ကရစ် Reinforced Solid Concrete များ ဖြစ်ဖို့ လိုအပ်နေပါတယ်။

နိုင်ငံကြီးငယ်အရ စစ်တပ်အရွယ်အစား ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် #စစ်တပ်တိုရဲ့_အလုပ် ဟာ_ပုံသေတစ်မျိုး တည်းသာ_ရှိပါတယ်။ #သေရဲ_သတ်ရဲ၊ #အနိုင်ယူရဲခြင်းနဲ့ #ပြိုင်ဘက်လက်နက်ကိုင်မှန်သမျှ #ကြိုတင်လက်ဦးမှု ရယူပြီး_အမြစ်ပြတ်ချေမှုန်းခြင်းပဲ ဖြစ်ပါတယ်

တိုင်းရင်းသားရယ်လို့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုတော့ မငဲ့ညှာသင့်တော့ကြောင်း၊ ဆက်လက်တည်ရှိ ခွင့် မပေးသင့်တောကြောင်း ပြတ်ပြတ်သားသား မြင်တွေ့ကြရပါပြီ။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
ျမန္မာျပည္ ေျမပုံအေျပာင္းအလဲ၏ တတိယေျမာက္ အခင္းအက်င္း
Htay Oung (NP News) - ႏိုဝင္ဘာ ၂ဝ

ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းႀကီး မွီတင္းေနထိုင္ရာ ျမန္မာျပည္ ေျမပုံအေျပာင္းအလဲျဖစ္မယ့္အေရးရဲ႕ တတိယ ေျမာက္အခင္းအက်င္းကို ၁ဝ၂၇ စစ္ေရးလႈပ္ရွားမႈအၿပီး ရက္သတၱ ၃ ပတ္အၾကာမွာ စတင္ ေတြ႕ျမင္ရပါတယ္။

လာရာနဲ႔ လားရာ ကြဲျပားတဲ့ EAOs မ်ားရဲ႕ ေအာင္ပြဲရမႈ အနည္းငယ္သာ ရွိေသး ျခားနားတဲ့ ရည္႐ြယ္ခ်က္ရွိေၾကာင္း၊ EAOs အခ်င္းခ်င္း နယ္ေျမပိုင္ဆိုင္စိုးမိုးမႈ ျပႆနာ၊ အနာဂတ္ႏိုင္ငံေတာ္ပုံသ႑ာန္နဲ႔ ဦးေဆာင္သူအခန္းက႑မွာ ကြဲျပားေၾကာင္း သူတို႔ရဲ႕သတင္းထုတ္ျပန္မႈမ်ားက ေဖာ္ျပေနၾကပါတယ္။ သူတို႔အေပၚ မွီခိုရပ္တည္ေနၾကတဲ့ PDFs အဖြဲ႕အသီးသီးရဲ႕အနာဂတ္ကိုလည္းး ခပ္ေရးေရး ေတြ႕ျမင္လာရပါတယ္။

ေလေၾကာင္း ပစ္ကူေထာက္ပို႔ လုံးဝ မရွိျခင္း၊ လက္နက္ခဲယမ္း ေထာက္ပံ့/ ရယူျခင္းနဲ႔ ဆက္သြယ္ေရး မလြယ္ကူ ျခင္း၊ ဖြဲ႕စည္းပုံ ပြေယာင္းၿပီး ခ်ိတ္ဆက္လႈပ္ရွားႏိုင္မႈ မရွိသေလာက္ျဖစ္ျခင္း လုံေလာက္တဲ့ေလ့က်င့္မႈနဲ႔ လက္နက္ထိန္းသိမ္းမႈ အားနည္းျခင္းဟာ ၂ဝ ၀န္းက်င္ လူငယ္အမ်ားစု PDFs မ်ားအၾကား ထိခိုက္က်ဆုံးမႈ မ်ားျပား ေစခဲ့ပါတယ္။

အေနာက္တံခါးဘက္က ရန္သူရဲ႕စစ္ေရးလႈပ္ရွားမႈဟာ ဝါဒျဖန္႔ သတင္းတုေတြကိုသာ ဖယ္ရွားလိုက္ရင္ ေကာင္းေကာင္းႀကီး ကန္႔သတ္ ဦးခ်ိဳးႏိုင္ခဲ့ေၾကာင္း ေသခ်ာလာပါတယ္။ စစ္ကိုင္းတိုင္း အေရွ႕ပိုင္းနဲ႔ ရွမ္းေျမာက္ အေနာက္ပိုင္းတို႔မွာ ဆန္႔က်င္ဘက္တို႔အေနနဲ႔ စစ္ေၾကာင္းပုံ လုံးဝ ပ်က္ျပားသြားၿပီး ေကာက္သင္းေကာက္ ေခ်မႈန္းခံအျဖစ္ ေျပာင္းလဲသြားပါတယ္။

စစ္ျဖစ္တဲ့အခါ ပါဝါရိန္းဂ်ားမ်ား မဟုတ္ၾကလို႔ မိမိဘက္မွာ က်ဆုံး၊ ဒဏ္ရရ၊ စြန္႔ခြာခဲ့ရတာေတြ ရွိကို ရွိတတ္ပါ တယ္။ တိုက္ပြဲျဖစ္ေနစဥ္ ဖမ္းဆီးခံရသူ၊ ထြက္ေျပးသူနဲ႔ လက္နက္ခ်သူလည္း ရွိတတ္ထာ သဘာဝပါ။ အျခားႏိုင္ငံ အႏွံ႔ ထိေတြ႕မႈမ်ားမွာ အထိအခိုက္နဲ႔ ေပးဆပ္ရမႈေတြ ရွိေနသည့္တိုင္ ပ႐ိုစစ္တပ္အေနနဲ႔ စမ္းသပ္မႈ ခံႏိုင္ရည္ အေကာင္းဆုံး ရွိေၾကာင္း ေတြ႕ျမင္ရပါတယ္။

ပ႐ိုစစ္တပ္တို႔မွာ #ေျပာင္းလြယ္_ျပင္လြယ္ျဖစ္ျခင္း #Flexible၊ #ယုံၾကည္အားထားရမႈ #Reliable နဲ႔ #သုံးသပ္ အေျဖရွာျခင္း #Resolution တို႔ဟာ မရွိမျဖစ္ အဓိကအခ်က္မ်ား ျဖစ္ၾကပါတယ္။ ရႈံးရင္ ဘာ့ေၾကာင့္ ရႈံးရတယ္၊ ႏိုင္ရင္ေတာင္ ဘာ့ေၾကာင့္ႏိုင္လိုက္တယ္ဆိုတာ မွန္မွန္ကန္ကန္သုံးသပ္ၿပီး ေျပာင္းလဲလုပ္ကိုင္ေလ့ သဘာ၀ ရွိတတ္သူတို႔ဟာ ေအာင္ပြဲရဖို႔ ေျခလွမ္းမ်ားပဲ ျဖစ္ပါတယ္။ ဒီအတြက္ တိုက္ပြဲအစီရင္ခံခ်က္မ်ား ေျမျပင္ ပကတိျဖစ္စဥ္မ်ားနဲ႔အညီ အမွန္ကန္ဆုံးျဖစ္ဖို႔ လိုအပ္ပါလိမ့္မယ္။

အမ်ား ေဝဖန္ေနၾကတဲ့ ဒ႐ုန္း ကင္းေထာက္ျခင္း၊ ရန္သူ႔ ဒ႐ုန္း ေထာက္လွမ္းျခင္း၊ မိမိဒ႐ုန္းျဖင့္ တပ္မေတာ္က တလွည္ျပန္ တိုက္ခိုက္ျခင္းမ်ားကိုလည္း ေႂတြ႕မင္လာရေၾကာင္း ေျမျပင္ အရပ္သားမိတ္ေဆြမ်ားက ေျပာျပၾကပါ တယ္။ ဂ႐ုဏာေဒါေသာ ျပစ္တင္ေနသူတို႔ရဲ႕ အသံဟာလည္း တိုးစ ျပဳလာပါတယ္။

တစ္ဆက္တည္းမွာပဲ အေပၚဆုံးနဲ႔ ေအာက္ဆုံးအၾကား အလယ္အလတ္ေနရာအခ်ိဳ႕မွာ စစ္ရည္စစ္ေသြး မျပည့္ဝမႈ၊ အက်င့္ပ်က္ျခစားမႈမ်ားကိုလည္း အခ်ိန္တိုအတြင္း ေဖာ္ထုတ္အေရးယူေနေၾကာင္း ခပ္စိပ္စိပ္ ေတြ႕ျမင္လာရပါ တယ္။ ဒီအတြက္ အရည္အခ်င္းျပည့္ဝၿပီး တာဝန္ေၾကပြန္သူတို႔ကို ထိုက္ထိုက္တန္တန္ ခ်ီးေျမႇာက္ဖို႔ လိုအပ္ပါ တယ္။
နိဂုံးခ်ဳပ္ေျပာရရင္ #ကမာၻ႔စစ္အင္အား_အဆင့္_၃၈ #GFP_38 ႀကီးရဲ႕
ေထာက္လွမ္းေရးဟာ ယခုထက္ ပိုမိုေကာင္းမြန္ဖို႔ လိုအပ္ေနၿပီး #Hybrid_warfare မ်ိဳးေပါင္းစပ္စစ္ရဲ႕ သေဘာသဘာဝနဲ႔ #Media_warfare #ကိုယ္တိုင္ဦးေဆာင္ဆင္ႏႊဲႏိုင္တဲ့_အဆင့္ေရာက္ဖို႔_အေရးႀကီးပါတယ္။

#အဖြဲ႕အစည္းတိုင္းမွာ ရွိတတ္တဲ့ အက်င့္ပ်က္ျခစားမႈ အရည္အေသြး ညံဖ်င္းမႈတို႔ကို ေဖာ္ထုတ္အေရးယူျခင္းဟာ စည္းကမ္းေသဝပ္ဖို႔နဲ႔ စုစည္းမႈ ခိုင္မာေစဖို႔ အေထာက္အကူျဖစ္ပါတယ္။

အေရးႀကီးဆုံးအခ်က္ကေတာ့ ဗ်ဴဟာေျမာက္ ခံစစ္ေနရာတို႔ရဲ႕ ဘန္ကာ၊ ဗုံးခိုက်င္း၊ ပစ္က်င္း၊ ဆက္သြယ္ေျမာင္း၊ ေျမေခြးက်င္းတို႔ဟာ အေမရိကန္ျပည္တြင္းစစ္ကာလပုံစံ လက္ရွိအခင္းအက်င္းမ်ိဳးႀကီးအတိုင္း မဟုတ္ဘဲ အနည္းဆုံး ပထမကမာၻစစ္ ဂ်ာမန္ခံစစ္စခန္းမ်ားေလာက္ေတာ့ တည္ေဆာက္ဖို႔ အပူတျပင္း လိုအပ္ပါတယ္။ သံေခ်ာင္းခံ အားျဖည့္ ကြန္ကရစ္ Reinforced Solid Concrete မ်ား ျဖစ္ဖို႔ လိုအပ္ေနပါတယ္။

ႏိုင္ငံႀကီးငယ္အရ စစ္တပ္အ႐ြယ္အစား ကြာျခားႏိုင္ပါတယ္။ ဒါေပမယ့္ #စစ္တပ္တိုရဲ႕_အလုပ္ ဟာ_ပုံေသတစ္မ်ိဳး တည္းသာ_ရွိပါတယ္။ #ေသရဲ_သတ္ရဲ၊ #အႏိုင္ယူရဲျခင္းနဲ႔ #ၿပိဳင္ဘက္လက္နက္ကိုင္မွန္သမွ် #ႀကိဳတင္လက္ဦးမႈ ရယူၿပီး_အျမစ္ျပတ္ေခ်မႈန္းျခင္းပဲ ျဖစ္ပါတယ္

တိုင္းရင္းသားရယ္လို႔ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းကိုေတာ့ မငဲ့ညႇာသင့္ေတာ့ေၾကာင္း၊ ဆက္လက္တည္ရွိ ခြင့္ မေပးသင့္ေတာေၾကာင္း ျပတ္ျပတ္သားသား ျမင္ေတြ႕ၾကရပါၿပီ။
အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Picture

saibo bobo

20/11/2023 21:49

အားပေးနေပါတယ်

Related news

© 2021. All rights reserved.