အမေရိကန်နိုင်ငံ၏ ထောက်ပံ့မှု ဆုံးရှုံးမှုများအတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာယူကရိန်းသံအမတ်ဟောင်းပြော

 400

Pika (NP News) - နိုဝင်ဘာ ၂ဝ

ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံတွင်ဖြစ်ပွားလာနိုင်ခြေရှိသော နိုင်ငံရေးအကျပ်အတည်းများနှင့်အတူ နောက်ထပ် စစ်ရေးအကူအညီပံ့ပိုးပေးမှု ဆုံးရှုံးနိုင်ခြေများနှင့်ပတ်သက်ပြီး ပြင်ဆင်ထားသင့်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ဟောင်း Valeriy Chaly က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းကို ငွေကြေးပိုမိုထောက်ပံ့ပေးရန်အတွက် အမေရိကန်နိုင်ငံသို့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ မကြာသေးမီ က သွားရောက်လည်ပတ်ခဲ့ပြီးနောက် Valeriy Chaly က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယူကရိန်း အတွက် အကူအညီများသည် မသေချာမရေရာသော အခြေအနေတွင်ရှိနေကြောင်း ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် အတွင်း အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Valeriy Chaly က ပြောခဲ့သည်။

၎င်းက "လက်ရှိအချိန်မှာ ဖြစ်ပျက်နေတာတွေက တကယ်ကို အဆိုးဆုံးအခြေအနေတွေပါပဲ" ဟု ဆိုခဲ့သည်။ ထို့အပြင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌမိုက်ခ်ဂျွန်ဆင် ဦးဆောင်သော ရီပတ်ကလစ်ကန်ပါတီဝင်များသည် ယူကရိန်းသို့ ကူညီပံ့ပိုးပေးမှုများ နှောင့်နှေးမည်ကို စိုးရိမ်နေကြောင်း Valeriy Chaly က မှတ်ချက်ပြုပြောခဲ့သည်။

Valeriy Chaly က "ဘာတွေထပ်ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့မသိပါဘူး။ ကျွန်တော်တို့ကို အကူအညီပေးအပ် တာတွေ လျော့ကျသွားမယ်ဆိုတာ သိသာနေပါပြီ" ဟု ဆိုခဲ့သည်။ သို့သော်လည်း မကြာသေးမီအချိန်အတွင်း အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသို့ ကူညီပံ့ပိုးပေးနေမှုများကို ရပ်ဆိုင်းသွားနိုင်ဖွယ်မရှိကြောင်း Valeriy Chaly က အခိုင်အမာပြောခဲ့သည်။

၎င်း က "လာမည့်နွေရာသီမတိုင်မီအချိန်အထိ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ လျော့ကျသွားမယ်လို့ ကျွန်တော်မထင်မိပါဘူး။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာ ယူကရိန်းအတွက် လာမယ့်နှစ် ဇူလိုင်လ မတိုင်မီ အချိန်အထိ ဘဏ္ဍာရေးအစီအစဉ်တစ်ခု ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပွားလာပြီး ယူကရိန်းအပေါ် ကူညီထောက်ပံ့ပေးမှုတွေ လျော့ကျသွားနိုင်ခြေရှိတဲ့ လာမည့်နှစ်အတွက်ပဲ ကျွန်တော်တို့ စဉ်းစားရမှာပါ" ဟု ပြောသည်။

ယူကရိန်းကို လက်နက်ထောက်ပံ့ပေးခြင်းမျိုး မလုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံများကို ရုရှားနိုင်ငံက သတိပေးပြောဆိုခဲ့ပြီး အဆိုပါလုပ်ဆောင်မှုများမှာ ပဋိပက္ခကို ပိုမိုရှည်ကြာရန် လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၏ ေထာက္ပံ့မႈ ဆုံးရႈံးမႈမ်ားအတြက္ ျပင္ဆင္ထားရမည္ျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံဆိုင္ရာယူကရိန္းသံအမတ္ေဟာင္းေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂ဝ

ယူကရိန္းႏိုင္ငံသည္ အေမရိကန္ႏိုင္ငံတြင္ျဖစ္ပြားလာႏိုင္ေျခရွိေသာ ႏိုင္ငံေရးအက်ပ္အတည္းမ်ားႏွင့္အတူ ေနာက္ထပ္ စစ္ေရးအကူအညီပံ့ပိုးေပးမႈ ဆုံးရႈံးႏိုင္ေျခမ်ားႏွင့္ပတ္သက္ၿပီး ျပင္ဆင္ထားသင့္ေၾကာင္း အေမရိကန္ ႏိုင္ငံဆိုင္ရာ ယူကရိန္းသံအမတ္ေဟာင္း Valeriy Chaly က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ယူကရိန္းကို ေငြေၾကးပိုမိုေထာက္ပံ့ေပးရန္အတြက္ အေမရိကန္ႏိုင္ငံသို႔ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕ မၾကာေသးမီ က သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္ Valeriy Chaly က ယခုကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ ယူကရိန္း အတြက္ အကူအညီမ်ားသည္ မေသခ်ာမေရရာေသာ အေျခအေနတြင္ရွိေနေၾကာင္း ၂ဝ၁၅ ခုႏွစ္မွ ၂ဝ၁၉ ခုႏွစ္ အတြင္း အေမရိကန္ႏိုင္ငံဆိုင္ရာ ယူကရိန္းသံအမတ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ Valeriy Chaly က ေျပာခဲ့သည္။

၎က "လက္ရွိအခ်ိန္မွာ ျဖစ္ပ်က္ေနတာေတြက တကယ္ကို အဆိုးဆုံးအေျခအေနေတြပါပဲ" ဟု ဆိုခဲ့သည္။ ထို႔အျပင္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒မိုက္ခ္ဂြၽန္ဆင္ ဦးေဆာင္ေသာ ရီပတ္ကလစ္ကန္ပါတီဝင္မ်ားသည္ ယူကရိန္းသို႔ ကူညီပံ့ပိုးေပးမႈမ်ား ေႏွာင့္ေႏွးမည္ကို စိုးရိမ္ေနေၾကာင္း Valeriy Chaly က မွတ္ခ်က္ျပဳေျပာခဲ့သည္။

Valeriy Chaly က "ဘာေတြထပ္ျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္တို႔မသိပါဘူး။ ကြၽန္ေတာ္တို႔ကို အကူအညီေပးအပ္ တာေတြ ေလ်ာ့က်သြားမယ္ဆိုတာ သိသာေနပါၿပီ" ဟု ဆိုခဲ့သည္။ သို႔ေသာ္လည္း မၾကာေသးမီအခ်ိန္အတြင္း အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ယူကရိန္းသို႔ ကူညီပံ့ပိုးေပးေနမႈမ်ားကို ရပ္ဆိုင္းသြားႏိုင္ဖြယ္မရွိေၾကာင္း Valeriy Chaly က အခိုင္အမာေျပာခဲ့သည္။

၎ က "လာမည့္ေႏြရာသီမတိုင္မီအခ်ိန္အထိ ယူကရိန္းကို ကူညီေထာက္ပံ့ေပးမႈေတြ ေလ်ာ့က်သြားမယ္လို႔ ကြၽန္ေတာ္မထင္မိပါဘူး။ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) မွာ ယူကရိန္းအတြက္ လာမယ့္ႏွစ္ ဇူလိုင္လ မတိုင္မီ အခ်ိန္အထိ ဘ႑ာေရးအစီအစဥ္တစ္ခု ရွိပါတယ္။ အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံေရးအက်ပ္အတည္းေတြ ျဖစ္ပြားလာၿပီး ယူကရိန္းအေပၚ ကူညီေထာက္ပံ့ေပးမႈေတြ ေလ်ာ့က်သြားႏိုင္ေျခရွိတဲ့ လာမည့္ႏွစ္အတြက္ပဲ ကြၽန္ေတာ္တို႔ စဥ္းစားရမွာပါ" ဟု ေျပာသည္။

ယူကရိန္းကို လက္နက္ေထာက္ပံ့ေပးျခင္းမ်ိဳး မလုပ္ေဆာင္ရန္ အေနာက္အုပ္စုႏိုင္ငံမ်ားကို ႐ုရွားႏိုင္ငံက သတိေပးေျပာဆိုခဲ့ၿပီး အဆိုပါလုပ္ေဆာင္မႈမ်ားမွာ ပဋိပကၡကို ပိုမိုရွည္ၾကာရန္ လုပ္ေဆာင္ေနျခင္းမ်ိဳးသာျဖစ္ေၾကာင္း အႀကိမ္ႀကိမ္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.