ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်ပွားနေခြင်းကို ကမ္ဘာကြီးက ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော

 419

Pika (NP News) - နိုဝင်ဘာ ၂ဝ

နိုင်ငံတကာအသိုင်းအဝိုင်းသည် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကပ်ဘေးကို ရပ်တန့်ရန်အတွက် ချက်ချင်းအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ထုတ်ဖော်ပြောခဲ့သည်။

အာရပ် နှင့် မွတ်စလင် အများဆုံးနေထိုင်သော နိုင်ငံများမှ သံတမန်ကိုယ်စားလှယ်အဖွဲ့များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့်အချိန်တွင် ဝမ်ယိက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝမ်ယီက "ဂါဇာကမ်းမြောင်ဒေသမှာ အခြေအနေတွေ တည်ငြိမ်ဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေး အမြန်ဆုံးပြန်လည်ရရှိဖို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရပါမယ်။ ဂါဇာကမ်းမြောင် ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးတစ်ခု ဖြစ်ပွားနေပါတယ်။ ဂါဇာမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေအားလုံးအပေါ် သက်ရောက်မှုတွေရှိလာနိုင်ပြီး လူသားတွေရဲ့ အမှား၊ အမှန်ခွဲခြားမှုနဲ့ လူသားဆန်မှုတွေအတွက် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီဖြစ်ရပ်ဆိုး မပြန့်ပွားဖို့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်မှုရှိတဲ့ အစီအစဉ်တွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်" ဟု ပြောခဲ့သည်။

ဟားမက်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အစ္စရေးဖက်က ကတိပြုပြောဆိုခဲ့သည်။တရုတ်အစိုးရသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးပါဝင်သည့် ဝန်ကြီးများအဖွဲ့၏ လာရောက်လည်ပတ်မှုခရီးစဉ်ကို နိုဝင်ဘာလ(၁၉)ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်မှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲဖြစ်ပွားမှု အရှိန်လျှော့ချရေး၊ အရပ်သား များကိုကာကွယ်ရန် နှင့် ပါလက်စတိုင်းပြဿနာကို တရားမျှတစွာဖြေရှင်းရန်အတွက်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။

Zawgyi Version;
ဂါဇာကမ္းေျမာင္ေဒသတြင္ လူသားခ်င္စာနာေထာက္ထားမႈဆိုင္ရာ ကပ္ေဘးျဖစ္ပြားေနျခင္းကို ကမာၻႀကီးက ရပ္တန႔္ရမည္ျဖစ္ေၾကာင္း တ႐ုတ္အစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂ဝ

ႏိုင္ငံတကာအသိုင္းအဝိုင္းသည္ ဂါဇာကမ္းေျမာင္ေဒသတြင္ ျဖစ္ပြားေနေသာ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာကပ္ေဘးကို ရပ္တန႔္ရန္အတြက္ ခ်က္ခ်င္းအေရးယူေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက ထုတ္ေဖာ္ေျပာခဲ့သည္။

အာရပ္ ႏွင့္ မြတ္စလင္ အမ်ားဆုံးေနထိုင္ေသာ ႏိုင္ငံမ်ားမွ သံတမန္ကိုယ္စားလွယ္အဖြဲ႕မ်ား တ႐ုတ္ႏိုင္ငံသို႔ လာေရာက္လည္ပတ္သည့္အခ်ိန္တြင္ ဝမ္ယိက ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဝမ္ယီက "ဂါဇာကမ္းေျမာင္ေဒသမွာ အေျခအေနေတြ တည္ၿငိမ္ဖို႔နဲ႔ အေရွ႕အလယ္ပိုင္းေဒသမွာ ၿငိမ္းခ်မ္းေရး အျမန္ဆုံးျပန္လည္ရရွိဖို႔အတြက္ အတူတကြပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ရပါမယ္။ ဂါဇာကမ္းေျမာင္ ေဒသမွာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကပ္ေဘးတစ္ခု ျဖစ္ပြားေနပါတယ္။ ဂါဇာမွာ ျဖစ္ပြားေနတဲ့ အေျခအေနေတြဟာ ကမာၻတစ္ဝန္းမွာရွိတဲ့ ႏိုင္ငံေတြအားလုံးအေပၚ သက္ေရာက္မႈေတြရွိလာႏိုင္ၿပီး လူသားေတြရဲ႕ အမွား၊ အမွန္ခြဲျခားမႈနဲ႔ လူသားဆန္မႈေတြအတြက္ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ ဒီျဖစ္ရပ္ဆိုး မျပန႔္ပြားဖို႔ အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ထိေရာက္မႈရွိတဲ့ အစီအစဥ္ေတြကို ခ်က္ခ်င္းလုပ္ေဆာင္သင့္ပါတယ္" ဟု ေျပာခဲ့သည္။

ဟားမက္လက္နက္ကိုင္အဖြဲ႕သည္ ေအာက္တိုဘာလ(၇)ရက္တြင္ အစၥေရးကို ဒုံးက်ည္မ်ားျဖင့္ စတင္ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီးေနာက္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ဖ်က္ဆီးပစ္မည္ျဖစ္ေၾကာင္း အစၥေရးဖက္က ကတိျပဳေျပာဆိုခဲ့သည္။တ႐ုတ္အစိုးရသည္ အစၥလာမၼစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ အေထြေထြ အတြင္းေရးမႉးပါဝင္သည့္ ဝန္ႀကီးမ်ားအဖြဲ႕၏ လာေရာက္လည္ပတ္မႈခရီးစဥ္ကို ႏိုဝင္ဘာလ(၁၉)ရက္ ေႏွာင္းပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဆြးေႏြးပြဲ၏ အဓိကရည္မွန္းခ်က္မွာ အစၥေရး-ပါလက္စတိုင္းစစ္ပြဲျဖစ္ပြားမႈ အရွိန္ေလွ်ာ့ခ်ေရး၊ အရပ္သား မ်ားကိုကာကြယ္ရန္ ႏွင့္ ပါလက္စတိုင္းျပႆနာကို တရားမွ်တစြာေျဖရွင္းရန္အတြက္ျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.