လွိုင်ကော်မြို့တစ်ဝိုက်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေ
1550
မြူနစ် (NP News) - နိုဝင်ဘာ ၂၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့တစ်ဝိုက်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသေးကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာလ ၂၀ ရက်)တွင် လွိုင်ကော်မြို့မြောက်ဘက်ရှိ မြို့ဦးကျောင်း၊ အကျဉ်းထောင်တစ်ဝိုက် နှင့် မြို့တောင်ဘက်ခြမ်းတို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
“ပစ်တာခတ်တာကတော့ ရှိတာပေါ့။ မြို့မြောက်ဘက်မှာရှိတဲ့ မြို့ဦးကျောင်းနားတို့၊ တောင်ဘက်မှာရှိတဲ့ ၅၄ တပ်နားတို့မှာ ဖြစ်တယ်။ လွိုင်ကော်ထောင်နားမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ အရင်နေ့တွေလောက်တော့ အကြီး အကျယ်ကြီး မဖြစ်တော့ဘူး”ဟု လွိုင်ကော်မြို့ခံက ပြောသည်။
KNPP နှင့် PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် လွိုင်ကော်မြို့ နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့ မြောက်ဘက်ရှိ နောင်ယားရပ်ကွက်တစ်ဝိုက်နှင့် လွိုင်ကော်တက္ကသိုလ်တို့ကို KNPP ပူးပေါင်းအဖွဲ့များက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်ဘက်ကလည်း အထက်ပါနေရာများနှင့်ပတ်သက်၍ ပြန်လည်ထိုးစစ်ဆင်နေမှုများရှိကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။
လွိုင်ကော်မြို့နှင့်တစ်ဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့ခံပြည်သူလူထုအများအပြားသည် နေရပ်စွန့်ခွါကာ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများ၌ စစ်ဘေးရှောင်နေရလျက်ရှိသည်။
ထို့ပြင် တိုက်ပွဲဖြစ်စဉ်များအတွင်း အရပ်သားထိခိုက်သေဆုံးမှု၊ ပြည်သူပိုင်အိမ်များ ပျက်စီးဆုံးရှုံးနှင့် လမ်းပိုင်းပျက်စီးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
zawgyi version
လြိဳင္ေကာ္ၿမိဳ႕တစ္ဝိုက္၌ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအၾကား တိုက္ပြဲျဖစ္ပြားမႈမ်ား ဆက္ရွိေန
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၀
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တစ္ဝိုက္၌ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအၾကား တိုက္ပြဲျဖစ္ပြားမႈမ်ား ဆက္ရွိေနေသးေၾကာင္း သတင္းရရွိသည္။
ယေန႔(ႏိုဝင္ဘာလ ၂၀ ရက္)တြင္ လြိဳင္ေကာ္ၿမိဳ႕ေျမာက္ဘက္ရွိ ၿမိဳ႕ဦးေက်ာင္း၊ အက်ဥ္းေထာင္တစ္ဝိုက္ ႏွင့္ ၿမိဳ႕ေတာင္ဘက္ျခမ္းတို႔တြင္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနေၾကာင္း လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
“ပစ္တာခတ္တာကေတာ့ ရွိတာေပါ့။ ၿမိဳ႕ေျမာက္ဘက္မွာရွိတဲ့ ၿမိဳ႕ဦးေက်ာင္းနားတို႔၊ ေတာင္ဘက္မွာရွိတဲ့ ၅၄ တပ္နားတို႔မွာ ျဖစ္တယ္။ လြိဳင္ေကာ္ေထာင္နားမွာလည္း ပစ္ခတ္မႈေတြ ျဖစ္ခဲ့တယ္။ အရင္ေန႔ေတြေလာက္ေတာ့ အႀကီး အက်ယ္ႀကီး မျဖစ္ေတာ့ဘူး”ဟု လြိဳင္ေကာ္ၿမိဳ႕ခံက ေျပာသည္။
KNPP ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၁ ရက္တြင္ (၁၁.၁၁ စစ္ဆင္ေရး)အမည္ျဖင့္ လြိဳင္ေကာ္ၿမိဳ႕ ႏွင့္တစ္ဝိုက္ရွိ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ စတင္ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။
အဆိုပါစစ္ဆင္ေရးအတြင္း လြိဳင္ေကာ္ၿမိဳ႕ ေျမာက္ဘက္ရွိ ေနာင္ယားရပ္ကြက္တစ္ဝိုက္ႏွင့္ လြိဳင္ေကာ္တကၠသိုလ္တို႔ကို KNPP ပူးေပါင္းအဖြဲ႕မ်ားက ဆက္လက္ထိန္းခ်ဳပ္ထားဆဲျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ တပ္မေတာ္ဘက္ကလည္း အထက္ပါေနရာမ်ားႏွင့္ပတ္သက္၍ ျပန္လည္ထိုးစစ္ဆင္ေနမႈမ်ားရွိေၾကာင္း လြိဳင္ေကာ္ၿမိဳ႕ခံက ေျပာသည္။
လြိဳင္ေကာ္ၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕ခံျပည္သူလူထုအမ်ားအျပားသည္ ေနရပ္စြန႔္ခြါကာ ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသမ်ား၌ စစ္ေဘးေရွာင္ေနရလ်က္ရွိသည္။
ထို႔ျပင္ တိုက္ပြဲျဖစ္စဥ္မ်ားအတြင္း အရပ္သားထိခိုက္ေသဆုံးမႈ၊ ျပည္သူပိုင္အိမ္မ်ား ပ်က္စီးဆုံးရႈံးႏွင့္ လမ္းပိုင္းပ်က္စီးမႈမ်ားလည္း ျဖစ္ေပၚလ်က္ရွိသည္။