ယခုလကုန်အထိ မိုးရွာသွန်းမှုများဆက်လက်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်း နှင့် တောင်ပိုင်းတို့တွင် အအေးပိုနိုင်ဟု မိုးဇလဆို

 3519

စော (NP News) - နိုဝင်ဘာ ၂၀

ယခုလကုန်အထိ မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခုရက်ပိုင်းသည် ဆောင်းအဝင်ကာလဖြစ်သည့်အပြင် မိုးရွာသွန်းမှုများသည်လည်း ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် အအေးပိုလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။

“ဆောင်းလေအေးတွေကလည်း နည်းနည်းလေးပြန်ပြီး အားကောင်းနေတယ်။ မိုးကလည်းရွာဖို့ရှိတယ်ဆိုတော့။ မိုးနဲ့ဆောင်းနဲ့နှစ်ခုပေါင်းသွားရင် ပိုအေးတာပေါ့။ မိုးမရွာဘူးဆိုရင်လည်း အအေးကနည်းနည်းပေါ့မှာပေါ့။ နိုဝင်ဘာလကုန်တဲ့အထိကို မိုးရွာဖို့ရှိပါတယ်”ဟု ၎င်းကပြောသည်။

အထူးသဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်း နှင့် တောင်ပိုင်းဒေသတို့တွင် အအေးပိုနိုင်ကြောင်း ဦးလှထွန်းက ထပ်မံပြောသည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်အပါအဝင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင်လည်း မနက်ဖြန် (နိုဝင်ဘာလ ၂၁ ရက်) နံနက်ပိုင်းအထိ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

zawgyi version
ယခုလကုန္အထိ မိုး႐ြာသြန္းမႈမ်ားဆက္လက္ျဖစ္ေပၚႏိုင္ၿပီး ျမန္မာႏိုင္ငံအေရွ႕ပိုင္း၊ အလယ္ပိုင္း ႏွင့္ ေတာင္ပိုင္းတို႔တြင္ အေအးပိုႏိုင္ဟု မိုးဇလဆို
ေစာ (NP News) - ႏိုဝင္ဘာ ၂၀

ယခုလကုန္အထိ မိုး႐ြာသြန္းမႈမ်ား ဆက္လက္ျဖစ္ေပၚႏိုင္ၿပီး ျမန္မာႏိုင္ငံအေရွ႕ပိုင္း၊ အလယ္ပိုင္းႏွင့္ ေတာင္ပိုင္းတို႔တြင္ အေအးပိုႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

ယခုရက္ပိုင္းသည္ ေဆာင္းအဝင္ကာလျဖစ္သည့္အျပင္ မိုး႐ြာသြန္းမႈမ်ားသည္လည္း ဆက္လက္ျဖစ္ပြားႏိုင္သည့္အတြက္ အေအးပိုလာႏိုင္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။

“ေဆာင္းေလေအးေတြကလည္း နည္းနည္းေလးျပန္ၿပီး အားေကာင္းေနတယ္။ မိုးကလည္း႐ြာဖို႔ရွိတယ္ဆိုေတာ့။ မိုးနဲ႔ေဆာင္းနဲ႔ႏွစ္ခုေပါင္းသြားရင္ ပိုေအးတာေပါ့။ မိုးမ႐ြာဘူးဆိုရင္လည္း အေအးကနည္းနည္းေပါ့မွာေပါ့။ ႏိုဝင္ဘာလကုန္တဲ့အထိကို မိုး႐ြာဖို႔ရွိပါတယ္”ဟု ၎ကေျပာသည္။

အထူးသျဖင့္ ျမန္မာႏိုင္ငံအေရွ႕ပိုင္း၊ အလယ္ပိုင္း ႏွင့္ ေတာင္ပိုင္းေဒသတို႔တြင္ အေအးပိုႏိုင္ေၾကာင္း ဦးလွထြန္းက ထပ္မံေျပာသည္။

မိုးဇလ၏ထုတ္ျပန္ခ်က္အရ ေနာက္(၂)ရက္အတြင္း စစ္ကိုင္းတိုင္း(အထက္ပိုင္း)၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ညအပူခ်ိန္မ်ား အနည္းငယ္ ေလ်ာ့နည္းႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ေနျပည္ေတာ္အပါအဝင္ ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕တို႔ အနီးတစ္ဝိုက္တြင္လည္း မနက္ျဖန္ (ႏိုဝင္ဘာလ ၂၁ ရက္) နံနက္ပိုင္းအထိ တိမ္အသင့္အတင့္ျဖစ္ထြန္းႏိုင္ေၾကာင္း မိုးဇလကခန႔္မွန္းထားသည္။

Related news

© 2021. All rights reserved.