မကွေးတိုင်းအတွင်း မိုင်းပေါက်ကွဲမှုကြောင့် တစ်ရက်တည်း၌ လူ(၄)ဦးထက် မနည်းသေဆုံး

 2238

Pearl (NP News) - နိုဝင်ဘာ ၂၀

မကွေးတိုင်းအတွင်း တစ်ရက်တည်း၌ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် (၄)ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ(၁၈)ရက်တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် နှင့် မြိုင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နံ့သာကျေးရွာတွင်နေထိုင်သော မခင်သန်းမွန်သည် နိုဝင်ဘာလ(၁၈) ရက်၊ ည(၆)နာရီခွဲခန့်တွင် ဆိပ်ဖြူမြို့နယ်တွင်နေထိုင်သော ကိုဇော်လင်းနှင့်အတူ ဆိုင်ကယ်ဖြင့် ပဲခူးတိုင်း ၊ တောင်ငူမြို့မှ နံ့သာကျေးရွာသို့ ဆိပ်ဖြူ- လက်ဆည်-ရွှေဘိုကျွန်း-ပေါက်ကားလမ်းအတိုင်း ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ပြန်လာစဉ် ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာ နှင့် ကျောက်ကြီးကျေးရွာကြားအရောက်၌ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ၎င်းတို့ နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ အဆိုပါနေ့ ည(၇)နာရီ အချိန်ခန့်တွင်လည်း မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာတွင် နေသူများဖြစ်သည့် ဦးကျော်ရင် နှင့် ဦးမြတ်စိုးမင်းတို့သည် ၎င်းတို့၏ယာခင်းသို့ ခြေလျင်သွားစဉ် ကျေးရွာ၏အရှေ့မြောက်ဘက် ကျေးရွာချင်းဆက်လမ်းပေါ်သို့ အရောက်၌ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ပေါက်ကွဲမှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

zawgyi version
မေကြးတိုင္းအတြင္း မိုင္းေပါက္ကြဲမႈေၾကာင့္ တစ္ရက္တည္း၌ လူ(၄)ဦးထက္ မနည္းေသဆုံး
Pearl (NP News) - ႏိုဝင္ဘာ ၂၀

မေကြးတိုင္းအတြင္း တစ္ရက္တည္း၌ အၾကမ္းဖက္အဖြဲ႕က ေထာင္ထားသည့္ မိုင္းေပါက္ကြဲမႈေၾကာင့္ (၄)ဦးထက္ မနည္းေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၈)ရက္တြင္ မေကြးတိုင္း၊ ဆိပ္ျဖဴၿမိဳ႕နယ္ ႏွင့္ ၿမိဳင္ၿမိဳ႕နယ္တို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ နံ႔သာေက်း႐ြာတြင္ေနထိုင္ေသာ မခင္သန္းမြန္သည္ ႏိုဝင္ဘာလ(၁၈) ရက္၊ ည(၆)နာရီခြဲခန႔္တြင္ ဆိပ္ျဖဴၿမိဳ႕နယ္တြင္ေနထိုင္ေသာ ကိုေဇာ္လင္းႏွင့္အတူ ဆိုင္ကယ္ျဖင့္ ပဲခူးတိုင္း ၊ ေတာင္ငူၿမိဳ႕မွ နံ႔သာေက်း႐ြာသို႔ ဆိပ္ျဖဴ- လက္ဆည္-ေ႐ႊဘိုကြၽန္း-ေပါက္ကားလမ္းအတိုင္း ျပန္လာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ျပန္လာစဥ္ ဆိပ္ျဖဴၿမိဳ႕နယ္၊ ေ႐ႊဘိုကြၽန္းေက်း႐ြာ ႏွင့္ ေက်ာက္ႀကီးေက်း႐ြာၾကားအေရာက္၌ အၾကမ္းဖက္အဖြဲ႕က ေထာင္ထားသည့္ မိုင္းတစ္လုံးေပါက္ကြဲခဲ့ၿပီး ၎တို႔ ႏွစ္ဦးတြင္ မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔အတူ အဆိုပါေန႔ ည(၇)နာရီ အခ်ိန္ခန႔္တြင္လည္း မေကြးတိုင္း ၊ ၿမိဳင္ၿမိဳ႕နယ္၊ ကန္နီေက်း႐ြာတြင္ ေနသူမ်ားျဖစ္သည့္ ဦးေက်ာ္ရင္ ႏွင့္ ဦးျမတ္စိုးမင္းတို႔သည္ ၎တို႔၏ယာခင္းသို႔ ေျခလ်င္သြားစဥ္ ေက်း႐ြာ၏အေရွ႕ေျမာက္ဘက္ ေက်း႐ြာခ်င္းဆက္လမ္းေပၚသို႔ အေရာက္၌ အၾကမ္းဖက္အဖြဲ႕က ေထာင္ထားသည့္ မိုင္းတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ေပါက္ကြဲမႈေၾကာင့္ ၎တို႔ႏွစ္ဦးတြင္ မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္မ်ားမွ အၾကမ္းဖက္မႈက်ဴးလြန္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.