မရမ်းကုန်းမြို့နယ်တွင် ကားလေးစီးဆင့်တိုက်မှုကြောင့် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရ

4679
စော (NP News) - နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ကားလေးစီးဆင့်တိုက်မှုကြောင့် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၂၀ ရက်)၊ မွန်းလွဲ (၂)နာရီဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်း ၊ ဥက္ကလာဂေါက်ကွင်းရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာသီတာရေစင် ပရဟိတအသင်းထံမှ သိရသည်။
“အိမ်စီးကားလေးက လမ်းပြောင်းပြန်ကျော်လာတာ ကျော်လာတော့ လမ်းမှန်လာတဲ့ HIJET ကားကို တိုက်လိုက်တာပါ။ အဲဒီကနေ ကျန်တဲ့ကားတွေနဲ့ဘယ်လိုဖြစ်ပြီး တိုက်မိလဲတော့ မသိဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ယာဉ်တိုက်မှုကဖြစ်ပြီးသွားလို့ လူနာတွေကို ဆွဲထုတ်ပြီးသွားပြီ”ဟု မေတ္တာသီတာရေစင်ပရဟိတအသင်းက NP News ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်မှ အမျိုးသား(၂)ဦးနှင့် အိမ်စီးကားပေါ်မှ အမျိုးသား(၁)ဦး စုစုပေါင်း (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
zawgyi version
မရမ္းကုန္းၿမိဳ႕နယ္တြင္ ကားေလးစီးဆင့္တိုက္မႈေၾကာင့္ အမ်ိဳးသား (၃)ဦး ထိခိုက္ဒဏ္ရာရ
ေစာ (NP News) - ႏိုဝင္ဘာ ၂၀
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ ကားေလးစီးဆင့္တိုက္မႈေၾကာင့္ အမ်ိဳးသား (၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာလ ၂၀ ရက္)၊ မြန္းလြဲ (၂)နာရီဝန္းက်င္အခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ဂႏၶမာလမ္း ၊ ဥကၠလာေဂါက္ကြင္းေရွ႕၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေမတၱာသီတာေရစင္ ပရဟိတအသင္းထံမွ သိရသည္။
“အိမ္စီးကားေလးက လမ္းေျပာင္းျပန္ေက်ာ္လာတာ ေက်ာ္လာေတာ့ လမ္းမွန္လာတဲ့ HIJET ကားကို တိုက္လိုက္တာပါ။ အဲဒီကေန က်န္တဲ့ကားေတြနဲ႔ဘယ္လိုျဖစ္ၿပီး တိုက္မိလဲေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ ယာဥ္တိုက္မႈကျဖစ္ၿပီးသြားလို႔ လူနာေတြကို ဆြဲထုတ္ၿပီးသြားၿပီ”ဟု ေမတၱာသီတာေရစင္ပရဟိတအသင္းက NP News ကိုေျပာသည္။
ယာဥ္တိုက္မႈေၾကာင့္ ဟိုက္ဂ်က္ယာဥ္ေပၚမွ အမ်ိဳးသား(၂)ဦးႏွင့္ အိမ္စီးကားေပၚမွ အမ်ိဳးသား(၁)ဦး စုစုေပါင္း (၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေျမာက္ဥကၠလာေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။