TNLA နှင့် PDF အဖွဲ့က ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိ

 6499

မြူနစ် (NP News) - နိုဝင်ဘာ ၂၀

TNLA နှင့် MDY PDF အဖွဲ့က ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ဘက်က ယမန်နေ့(နိုဝင်ဘာလ ၁၉ ရက်)၊ ည ၉ နာရီအချိန်တွင် ပေါင်(၅၀၀)ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါဒိုပင်ရဲစခန်းကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA နှင့် MDY PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ရဲစခန်းအတွင်းရှိ စစ်သုံးပန့်များအပါအဝင် (၄)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူအများအပြားရှိခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ထားသည်။

သို့သော် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန် ပြောဆိုခြင်းမျိုး မရှိသေးပေ။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA ပူးပေါင်းအဖွဲ့သည် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများအပါအဝင် လမ်းပိုင်းများကို မိုင်းခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ဖူးသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် အမြန်ဆုံးပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် သောင်းကျန်းသူများကို အမြန်ဆုံးချေမှုန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း နစကဘက်က ထုတ်ဖော်ပြောဆိုထားသည်။

zawgyi version
TNLA ႏွင့္ PDF အဖြဲ႕က ထိန္းခ်ဳပ္ထားေသာ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဒိုပင္ရဲစခန္းကို ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ ထိခိုက္ေသဆုံးမႈမ်ားရွိ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၀

TNLA ႏွင့္ MDY PDF အဖြဲ႕က ထိန္းခ်ဳပ္ထားေသာ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဒိုပင္ရဲစခန္းကို ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။

တပ္မေတာ္ဘက္က ယမန္ေန႔(ႏိုဝင္ဘာလ ၁၉ ရက္)၊ ည ၉ နာရီအခ်ိန္တြင္ ေပါင္(၅၀၀)ဗုံးျဖင့္ ႀကဲခ်တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း TNLA ဘက္က သတင္းထုတ္ျပန္ထားသည္။

အဆိုပါဒိုပင္ရဲစခန္းကို ၁၀၂၇ စစ္ဆင္ေရးကာလအတြင္း TNLA ႏွင့္ MDY PDF ပူးေပါင္းအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ကာ ထိန္းခ်ဳပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ဗုံးႀကဲတိုက္ခိုက္ခံရမႈျဖစ္စဥ္အတြင္း ရဲစခန္းအတြင္းရွိ စစ္သုံးပန႔္မ်ားအပါအဝင္ (၄)ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိ သူအမ်ားအျပားရွိခဲ့ေၾကာင္းလည္း TNLA က သတင္းထုတ္ျပန္ထားသည္။

သို႔ေသာ္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က လက္ရွိအခ်ိန္ထိ တစ္စုံတစ္ရာထုတ္ျပန္ ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

ထို႔ျပင္ ၁၀၂၇ စစ္ဆင္ေရးကာလအတြင္း TNLA ပူးေပါင္းအဖြဲ႕သည္ မႏၲေလး-မူဆယ္ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ တံတားမ်ားအပါအဝင္ လမ္းပိုင္းမ်ားကို မိုင္းခြဲဖ်က္ဆီးမႈမ်ားျပဳလုပ္ခဲ့ဖူးသည္။

လက္ရွိတြင္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ အျမန္ဆုံးျပန္လည္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေသာင္းက်န္းသူမ်ားကို အျမန္ဆုံးေခ်မႈန္းႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း နစကဘက္က ထုတ္ေဖာ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.