မြောက်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်တွင် ရမှတ်ရရှိအောင် ကစားမည်ဖြစ်ပြီး မြောက်ကိုရီးယားအသင်း၏ အားနည်းချက်များကို သိရှိထားဟု မြန်မာဂိုးသမား ဆို

 1223

သန့်ဇင် (NP News) - နိုဝင်ဘာ ၂ဝ

၂ဝ၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ်တွင် မြောက်ကိုရီးယားအသင်း နှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းအနေဖြင့် ရမှတ်ရရှိအောင် ကစားသွားမည်ဖြစ်ပြီး၊ မြောက်ကိုရီးယားအသင်း အားနည်းချက်များကို သိရှိထားပြီဟု မြန်မာအသင်းဂိုးသမား ကျော်ဇင်ဖြိုးက ပြောကြားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းဂိုးသမား ကျော်ဇင်ဖြိုးက ယနေ့(နိုဝင်ဘာ ၂ဝ ရက်)၊ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ပြုလုပ်သော မြောက်ကိုရီးယားအသင်းနှင့်ကစားမည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ယခု ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြောက်ကိုရီးယားနဲ့တွေ့တဲ့ ပွဲစဉ်တွေမှာ သရေကျအောင်ကစားထားပါတယ်။ ခုပွဲမှာတော့ အမှတ်ရ အောင် ကစားသွားပါမယ်။ မြန်မာဘောလုံးပရိသတ်တွေက မကာအိုနဲ့ကစားခဲ့တဲ့ ပွဲကလိုမျိုး ကွင်းအတွင်း လာရောက်အားပေးကြဖို ပြောလိုပါတယ်” ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် Michael Feichtenbenir က ပြောသည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်တွင် ခံစစ်အသားပေး ယှဉ်ပြိုင်ကစားသွားခဲ့ရာ ၅ဂိုး-ဂိုးမရှိ ဆိုသောရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

“ပြီးခဲ့တဲ့ ဂျပန်နဲ့ပွဲစဉ်တုန်းကဆို ကျွန်တော်တို့အသင်းက ခံစစ်ချည်းပဲအသားပေးပြီး ကစားသွားခဲ့တာပေါ့နော်။ ခုလာမယ့် မြောက်ကိုရီးယားနဲ့ပွဲမှာတော့ ခံစစ်ချည်းပဲမဟုတ်ပဲနဲ့ တိုက်စစ်ကိုလဲ အသားပေး ကစားသွားမှာပါ။ မြောက်ကိုရီးယားနဲ့ပွဲကိုတော့ အမှတ်ရအောင် ကစားသွားမှာပါ။ မြောက်ကိုရီးယားအသင်းရဲ့ အားနည်းချက်တွေကို လဲ ကျွန်တော်တို့ ကြည့်ရှုထားပါတယ်” ဟု မြန်မာအသင်းဂိုးသမား ကျော်ဇင်ဖြိုးက ပြောဆိုခဲ့သည်။

မြန်မာအသင်းအနေဖြင့် မြောက်ကိုရီးယားအသင်းနှင့် ကစားပွဲသမိုင်းတစ်လျောက် (၇)ကြိမ်တွေ့ဆုံခဲ့ပြီး မြန်မာ အသင်းက (၅)ပွဲရှုံး၊ (၂)ပွဲသရေဆိုသော ရလဒ်များ ရရှိထားကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် အမှန်တကယ် နိုင်ပွဲရယူဖို့ လိုအပ်နေပြီး မနက်ဖြန် နိုဝင်ဘာလ ၂၁ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် မြောက်ကိုရီးယားအသင်းအား ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Zawgyi Version;
ေျမာက္ကိုရီးယားအသင္းႏွင့္ ယွဥ္ၿပိဳင္မည့္ပြဲစဥ္တြင္ ရမွတ္ရရွိေအာင္ ကစားမည္ျဖစ္ၿပီး ေျမာက္ကိုရီးယားအသင္း၏ အားနည္းခ်က္မ်ားကို သိရွိထားဟု ျမန္မာဂိုးသမား ဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂ဝ

၂ဝ၂၆ ခုႏွစ္ ကမာၻ႔ဖလားေျခစစ္ပြဲ ဒုတိယအဆင့္ အုပ္စုပြဲစဥ္တြင္ ေျမာက္ကိုရီးယားအသင္း ႏွင့္ ယွဥ္ၿပိဳင္ကစားမည့္ ျမန္မာအသင္းအေနျဖင့္ ရမွတ္ရရွိေအာင္ ကစားသြားမည္ျဖစ္ၿပီး၊ ေျမာက္ကိုရီးယားအသင္း အားနည္းခ်က္မ်ားကို သိရွိထားၿပီဟု ျမန္မာအသင္းဂိုးသမား ေက်ာ္ဇင္ၿဖိဳးက ေျပာၾကားခဲ့သည္။

ျမန္မာလက္ေ႐ြးစင္အသင္းဂိုးသမား ေက်ာ္ဇင္ၿဖိဳးက ယေန႔(ႏိုဝင္ဘာ ၂ဝ ရက္)၊ ညေန ၅ နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၊ သုဝဏၰကြင္းတြင္ ျပဳလုပ္ေသာ ေျမာက္ကိုရီးယားအသင္းႏွင့္ကစားမည့္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲ၌ ယခု ကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ ေျမာက္ကိုရီးယားနဲ႔ေတြ႕တဲ့ ပြဲစဥ္ေတြမွာ သေရက်ေအာင္ကစားထားပါတယ္။ ခုပြဲမွာေတာ့ အမွတ္ရ ေအာင္ ကစားသြားပါမယ္။ ျမန္မာေဘာလုံးပရိသတ္ေတြက မကာအိုနဲ႔ကစားခဲ့တဲ့ ပြဲကလိုမ်ိဳး ကြင္းအတြင္း လာေရာက္အားေပးၾကဖို ေျပာလိုပါတယ္” ဟု ျမန္မာ့လက္ေ႐ြးစင္အသင္းနည္းျပခ်ဳပ္ Michael Feichtenbenir က ေျပာသည္။

ျမန္မာအသင္းသည္ ၿပီးခဲ့သည့္ ဂ်ပန္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့သည့္ အုပ္စုအဖြင့္ပြဲစဥ္တြင္ ခံစစ္အသားေပး ယွဥ္ၿပိဳင္ကစားသြားခဲ့ရာ ၅ဂိုး-ဂိုးမရွိ ဆိုေသာရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့သည္။

“ၿပီးခဲ့တဲ့ ဂ်ပန္နဲ႔ပြဲစဥ္တုန္းကဆို ကြၽန္ေတာ္တို႔အသင္းက ခံစစ္ခ်ည္းပဲအသားေပးၿပီး ကစားသြားခဲ့တာေပါ့ေနာ္။ ခုလာမယ့္ ေျမာက္ကိုရီးယားနဲ႔ပြဲမွာေတာ့ ခံစစ္ခ်ည္းပဲမဟုတ္ပဲနဲ႔ တိုက္စစ္ကိုလဲ အသားေပး ကစားသြားမွာပါ။ ေျမာက္ကိုရီးယားနဲ႔ပြဲကိုေတာ့ အမွတ္ရေအာင္ ကစားသြားမွာပါ။ ေျမာက္ကိုရီးယားအသင္းရဲ႕ အားနည္းခ်က္ေတြကို လဲ ကြၽန္ေတာ္တို႔ ၾကည့္ရႈထားပါတယ္” ဟု ျမန္မာအသင္းဂိုးသမား ေက်ာ္ဇင္ၿဖိဳးက ေျပာဆိုခဲ့သည္။

ျမန္မာအသင္းအေနျဖင့္ ေျမာက္ကိုရီးယားအသင္းႏွင့္ ကစားပြဲသမိုင္းတစ္ေလ်ာက္ (၇)ႀကိမ္ေတြ႕ဆုံခဲ့ၿပီး ျမန္မာ အသင္းက (၅)ပြဲရႈံး၊ (၂)ပြဲသေရဆိုေသာ ရလဒ္မ်ား ရရွိထားေၾကာင္း သိရသည္။

ျမန္မာအသင္းအေနျဖင့္ အမွန္တကယ္ ႏိုင္ပြဲရယူဖို႔ လိုအပ္ေနၿပီး မနက္ျဖန္ ႏိုဝင္ဘာလ ၂၁ ရက္၊ ညေန ၄ နာရီအခ်ိန္ခန႔္တြင္ ေျမာက္ကိုရီးယားအသင္းအား ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္းတြင္ လက္ခံယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။

Related news

© 2021. All rights reserved.