Twilight မင်းသားရောဘတ်ပတ်တင်ဆွန်ရဲ့ချစ်သူ ဆူကီဝါတားဟော့က်က ၎င်းတို့နှစ်ဦးရဲ့ရင်သွေးလေးရှိလာပြီဖြစ်ကြောင်း ပရိသတ်များကို အသိပေး

 408

ရောင်နီ (NP News) - နိုဝင်ဘာ ၂၁

“Batman” နဲ့ "Twilight” စတား ရောဘတ်ပက်တီဆွန်ရဲ့ချစ်သူ၊ သရုပ်ဆောင်နဲ့ အဆိုတော် ဆူကီဝါတာဟောက်စ် ဟာ တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၉ ရက်က မက္ကဆီကိုစီးတီးရှိ Corona Capital ဂီတပွဲတော်မှာ သူမရဲ့ပထမဆုံး ရင်သွေးလေးအကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

"ဒီနေ့တော့ တောက်ပြောင်တဲ့အရာတစ်ခုခုကို ဝတ်ဆင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက မင်းကို တခြားအရာတွေ ကနေ အာရုံပြောင်းသွားနိုင်တယ်” လို့ ပြောကာ၊ တင်ထားတဲ့ဗီဒီယိုမှာ သူမက စင်ပေါ်မှာ အင်္ကျီချွတ်ကာ ဗိုက်ကို ပြသခဲ့ပါတယ်။ "Daisy Jones & the Six” ကြယ်ပွင့်ဖြစ်တဲ့ ဆူကီဝါတာဟောက်စ်ဟာ အသက် ၃၁ နှစ်ရှိ “Batman” နဲ့ "Twilight” စတား ရောဘတ်ပက်တီဆွန်နဲ့ တွဲနေတာ ငါးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။

ရောဘတ်တို့စုံတွဲဟာ ၂ဝ၁၈ ခုနှစ် လန်ဒန်မှာ ပထမဆုံးတွေ့ကတည်းက အချစ်ရေးလမ်းကြောင်း စတင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ၄င်းတို့ရဲ့အချစ်ရေးကို အများအားဖြင့် လျှို့ဝှက်ထားခဲ့ကြတာပါ။ ၎င်းတို့ဟာ အချစ်ရေး စတင်ပြီး ငါးနှစ်နီးပါး အကြာမှာ အီဂျစ်နိုင်ငံမှာ ပြုလုပ်တဲ့ Dior ဖက်ရှင်ရှိုးမှာ စုံတွဲအဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

Zawgyi Version;
Twilight မင္းသားေရာဘတ္ပတ္တင္ဆြန္ရဲ႕ခ်စ္သူ ဆူကီဝါတားေဟာ့က္က ၎တို႔ႏွစ္ဦးရဲ႕ရင္ေသြးေလးရွိလာ ၿပီျဖစ္ေၾကာင္း ပရိသတ္မ်ားကို အသိေပး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၁

“Batman” နဲ႔ "Twilight” စတား ေရာဘတ္ပက္တီဆြန္ရဲ႕ခ်စ္သူ၊ သ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္ ဆူကီဝါတာေဟာက္စ္ ဟာ တနဂၤေႏြေန႔၊ ႏိုဝင္ဘာလ ၁၉ ရက္က မကၠဆီကိုစီးတီးရွိ Corona Capital ဂီတပြဲေတာ္မွာ သူမရဲ႕ပထမဆုံး ရင္ေသြးေလးအေၾကာင္း ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

"ဒီေန႔ေတာ့ ေတာက္ေျပာင္တဲ့အရာတစ္ခုခုကို ဝတ္ဆင္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ဒါက မင္းကို တျခားအရာေတြ ကေန အာ႐ုံေျပာင္းသြားႏိုင္တယ္” လို႔ ေျပာကာ၊ တင္ထားတဲ့ဗီဒီယိုမွာ သူမက စင္ေပၚမွာ အက်ႌခြၽတ္ကာ ဗိုက္ကို ျပသခဲ့ပါတယ္။ "Daisy Jones & the Six” ၾကယ္ပြင့္ျဖစ္တဲ့ ဆူကီဝါတာေဟာက္စ္ဟာ အသက္ ၃၁ ႏွစ္ရွိ “Batman” နဲ႔ "Twilight” စတား ေရာဘတ္ပက္တီဆြန္နဲ႔ တြဲေနတာ ငါးႏွစ္ေက်ာ္ရွိၿပီျဖစ္ပါတယ္။

ေရာဘတ္တို႔စုံတြဲဟာ ၂ဝ၁၈ ခုႏွစ္ လန္ဒန္မွာ ပထမဆုံးေတြ႕ကတည္းက အခ်စ္ေရးလမ္းေၾကာင္း စတင္ခဲ့တာ ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ၄င္းတို႔ရဲ႕အခ်စ္ေရးကို အမ်ားအားျဖင့္ လွ်ိဳ႕ဝွက္ထားခဲ့ၾကတာပါ။ ၎တို႔ဟာ အခ်စ္ေရး စတင္ၿပီး ငါးႏွစ္နီးပါး အၾကာမွာ အီဂ်စ္ႏိုင္ငံမွာ ျပဳလုပ္တဲ့ Dior ဖက္ရွင္ရႈိးမွာ စုံတြဲအျဖစ္ ပြဲဦးထြက္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.