စပိန်စူပါမားကတ်တွေမှာ သံလွင်ဆီ အလစ်သုတ်မှု များလာတာကြောင့် ဆီပုလင်းတွေကို သော့ခတ်ထားရ

 858

ရောင်နီ (NP News) - နိုဝင်ဘာ ၂၁

ကမ္ဘာ့အကြီးဆုံး သံလွင်ဆီထုတ်လုပ်သူဖြစ်တဲ့ စပိန်နိုင်ငံမှာ ကုန်ဈေးနှုန်းမြင့်တက်ခြင်းများကြောင့် စူပါမားကတ် တွေမှာ ဟင်းချက်သံလွင်ဆီ ခိုးယူမှုတွေ အများအပြားရှိလာကာ ဟင်းချက်ဆီပုလင်းတွေကို သော့ခတ်ထားရတဲ့ အထိဖြစ်ခဲ့ရပါတယ်။

သံလွင်ဆီ တစ်လီတာတစ်ပုလင်းကို ၁၄.၅ ယူရို (၁၅.၇၇ ဒေါ်လာ) နဲ့ စူပါမားကတ်အချို့မှာ ရောင်းချနေပြီး စပိန်နိုင်ငံ၊ အန်ဒါလူစီရာ ဒေသမှာ စတိုးဆိုင်ပေါင်း ၃ဝ ဖွင့်လှစ်တဲ့ Tu စူပါမားကတ်ဆိုင်ခွဲရဲ့ CEO ဖြစ်သူ ရူဘန်နာဗာရို က ဆီအလစ်သုတ်မှုတွေ အများအပြား မြင်တွေ့လာရတယ်လို့ ဆိုပါတယ်။

စပိန်နိုင်ငံ တောင်ပိုင်းမှာ ပူပြင်းသောမိုးခေါင်မှုကြောင့် သံလွင်ဆီ တစ်လီတာကို ၈ ယူရိုထိ စျေးမြောက်လာကာ ၂ နှစ်အတွင်း စျေး ၁၅ဝ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါတယ်။ သူခိုးတွေက သံလွင်ဆီတွေကို ပြန်လည်ရောင်းချဖို့ အတွက် ခိုးယူနေကြတာဖြစ်တယ်လို့ နာဗာရို က ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလကတည်းက Tu ဆိုင်တွေမှာ ၅ လီတာ သံလွင်ဆီပုလင်းကြီးတွေကို ခိုးယူခြင်းမှ ကာကွယ်ဖို့ စင်နဲ့တွဲ ကာ သော့ခတ်ထားခဲ့ပါတယ်။ ဒါဟာ ဂဂျိုးဂဂျောင်လို့ ထင်ရပေမယ့် အလုပ်ဖြစ်ပါတယ်လို့ နာဗာရိုက ပြောကြားခဲ့ပါတယ်။

စပိန်ရဲတပ်ဖွဲ့က စက်ရုံတွေမှ သံလွင်ဆီ ခိုးယူမှုတွေကို ဖော်ထုတ်မှု ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီး အောက်တိုဘာလက အပျိုစင် သံလွင်ဆီ ၅၆ တန် ခိုးယူမှု စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် လူနှစ်ဦးကို ဖမ်းဆီးနိုခဲ့ပါတယ်။

စပိန်ရှိ မိသားစုများတွေဟာ ချက်ပြုတ်ရာမှာ အသုံးပြုဖို့အတွက် သံလွင်ဆီ အစုလိုက်အပြုံလိုက် ဝယ်ယူကြလေ့ရှိပါတယ်။

Zawgyi Version;
စပိန္စူပါမားကတ္ေတြမွာ သံလြင္ဆီ အလစ္သုတ္မႈ မ်ားလာတာေၾကာင့္ ဆီပုလင္းေတြကို ေသာ့ခတ္ထားရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၁

ကမာၻ႔အႀကီးဆုံး သံလြင္ဆီထုတ္လုပ္သူျဖစ္တဲ့ စပိန္ႏိုင္ငံမွာ ကုန္ေဈးႏႈန္းျမင့္တက္ျခင္းမ်ားေၾကာင့္ စူပါမားကတ္ ေတြမွာ ဟင္းခ်က္သံလြင္ဆီ ခိုးယူမႈေတြ အမ်ားအျပားရွိလာကာ ဟင္းခ်က္ဆီပုလင္းေတြကို ေသာ့ခတ္ထားရတဲ့ အထိျဖစ္ခဲ့ရပါတယ္။

သံလြင္ဆီ တစ္လီတာတစ္ပုလင္းကို ၁၄.၅ ယူ႐ို (၁၅.၇၇ ေဒၚလာ) နဲ႔ စူပါမားကတ္အခ်ိဳ႕မွာ ေရာင္းခ်ေနၿပီး စပိန္ႏိုင္ငံ၊ အန္ဒါလူစီရာ ေဒသမွာ စတိုးဆိုင္ေပါင္း ၃ဝ ဖြင့္လွစ္တဲ့ Tu စူပါမားကတ္ဆိုင္ခြဲရဲ႕ CEO ျဖစ္သူ ႐ူဘန္နာဗာ႐ို က ဆီအလစ္သုတ္မႈေတြ အမ်ားအျပား ျမင္ေတြ႕လာရတယ္လို႔ ဆိုပါတယ္။

စပိန္ႏိုင္ငံ ေတာင္ပိုင္းမွာ ပူျပင္းေသာမိုးေခါင္မႈေၾကာင့္ သံလြင္ဆီ တစ္လီတာကို ၈ ယူ႐ိုထိ ေစ်းေျမာက္လာကာ ၂ ႏွစ္အတြင္း ေစ်း ၁၅ဝ ရာခိုင္ႏႈန္းထိ ျမင့္တက္လာခဲ့ပါတယ္။ သူခိုးေတြက သံလြင္ဆီေတြကို ျပန္လည္ေရာင္းခ်ဖို႔ အတြက္ ခိုးယူေနၾကတာျဖစ္တယ္လို႔ နာဗာ႐ို က ေျပာၾကားခဲ့ပါတယ္။

စက္တင္ဘာလကတည္းက Tu ဆိုင္ေတြမွာ ၅ လီတာ သံလြင္ဆီပုလင္းႀကီးေတြကို ခိုးယူျခင္းမွ ကာကြယ္ဖို႔ စင္နဲ႔တြဲ ကာ ေသာ့ခတ္ထားခဲ့ပါတယ္။ ဒါဟာ ဂဂ်ိဳးဂေဂ်ာင္လို႔ ထင္ရေပမယ့္ အလုပ္ျဖစ္ပါတယ္လို႔ နာဗာ႐ိုက ေျပာၾကားခဲ့ပါတယ္။

စပိန္ရဲတပ္ဖြဲ႕က စက္႐ုံေတြမွ သံလြင္ဆီ ခိုးယူမႈေတြကို ေဖာ္ထုတ္မႈ ဖမ္းဆီးမႈေတြျပဳလုပ္ခဲ့ၿပီး ေအာက္တိုဘာလက အပ်ိဳစင္ သံလြင္ဆီ ၅၆ တန္ ခိုးယူမႈ စုံစမ္းစစ္ေဆးမႈ တစ္စိတ္တစ္ပိုင္းအျဖစ္ လူႏွစ္ဦးကို ဖမ္းဆီးႏိုခဲ့ပါတယ္။

စပိန္ရွိ မိသားစုမ်ားေတြဟာ ခ်က္ျပဳတ္ရာမွာ အသုံးျပဳဖို႔အတြက္ သံလြင္ဆီ အစုလိုက္အၿပဳံလိုက္ ဝယ္ယူၾကေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.