ဗြိတိန်ရေငုပ်သင်္ဘောတစ်စီး ရေအောက်ထဲမှာ အက်ဆီးဒန့်ဖြစ်ခဲ့ပေမယ့် သင်္ဘောသားအားလုံး အသက်သေဆုံးမှုကနေ လွတ်မြောက်

 1948

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

ကမ္ဘာ့ရေပိုင်နက်အတွင်း ကင်းလှည့်နေတဲ့ ဗြိတိန်တော်ဝင်ရေတပ်ရဲ့ရေငုပ်သင်္ဘာတစ်စီးဟာ မတော်တဆ အက်ဆီးဒန့်ဖြစ်ပွားခဲ့ပေမယ့် ရေငုပ်သင်္ဘာပေါ်မှာလိုက်ပါလာတဲ့ သင်္ဘောသား ၁၄ဝ ကျော် အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း ဗြိတိန်စစ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါရေငုပ်သင်္ဘောဟာ Vanguard ဟာ ရေငုပ်ရာမှာ အတိမ်အနက် တိုင်းတာမှုချို့ယွင်းချက်ကြောင့် မတော်တဆ အက်ဆီးဒန့်ဖြစ်ပွားခဲ့တာမျိုးဖြစ်ကြောင်း သိရပါတယ်။ ဗြိတိန်ရေငုပ်သင်္ဘောဟာ အတ္တလန္တတိတ် သမုဒ္ဒရာအတွင်း ဖြန့်ကြတ်ချထားချိန်မှာ ရေငုပ်ခဲ့ရာ အက်ဆီးဒန့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါရေငုပ်သင်္ဘောဟာ Trident 2 အမည်ရှိ ဒုံးကျည်နှစ်စီး တင်ဆေင်ထားပြီး ဗြိတိန်တော်ဝင်ရေတပ်မှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ တာဝန်ထမ်းဆောင်နေတဲ့ ရေငုပ်သင်္ဘောဖြစ်ကြောင်း သိရပါတယ်။ ဗြိတိန်ရေတပ် တပ်ဖွဲ့ ရဲ့ရေငုပ်သင်္ဘောတစ်စီးဖြစ်တဲ့ တိုင်တန်အမည်ရှိ ရေငုပ်သင်္ဘောတစ်စီးဟာလည်း ပြီးခဲ့တဲ့ဇွန်လတုန်းက အလားတူ အဖြစ်အပျက်မျိုးဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

ဗြိတိန်အခြေစိုက်သည်ဆန်းသတင်းစာက "ရေငုပ်သင်္ဘောဟာ ရေအောက်အနက်ပိုင်းမှာ ချို့ယွင်းချက်တွေ ဖြစ်လာခဲ့ပြီးနောက် ထိန်းချုပ်လို့မရတဲ့အခြေအနေမျိုး ရှိခဲ့တယ်။ ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီး စက်ပိုင်းဆိုင်ရာ အမှားအယွင်းတွေ ရှိခဲ့တယ်" လို့ပြောပါတယ်။ ဗြိတိန်စစ်ဘက်က အဲဒီရေငုပ်သင်္ဘောဟာ အများဆုံးရေအောက် အနက် မီတာ ၅ဝဝ အထိ ငုပ်နိုင်တဲ့ရေငုပ်သင်္ဘောဖြစ်ပေမယ့် Vanguard ရေငုပ်သင်္ဘေဟာ ရေအောက်အနက် ဘယ်လောက်အထိ ငုပ်ခဲ့သလဲဆိုတာကို အတိအကျမသိခဲ့ပုံ ရှိနေကြောင်း ဆိုပါတယ်။

ဗြိတိန်ရေတပ်မှာ Vanguard အမျိုးအစား ရေငုပ်သင်္ဘောလေးစင်းရှိနေပြီး အဲဒီလေးစင်းထဲမှာ နှစ်စင်းက လုပ်ငန်းတွေ လုပ်ဆောင်ခြင်းမရှိတော့ဘဲ တစ်စီးက ပြန်လည်ကောင်းမွန်ဖို့ပြုပြင်ထားကာ တစ်စီးဟာ ပင်လယ်ပြင်မှာ အလုပ်တွေ လုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ၿဗိတိန္ေရငုပ္သေဘၤာတစ္စီး ေရေအာက္ထဲမွာ အက္ဆီးဒန႔္ျဖစ္ခဲ့ေပမယ့္ သေဘၤာသားအားလုံး အသက္ေသဆုံးမႈကေန လြတ္ေျမာက္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁

ကမာၻ႔ေရပိုင္နက္အတြင္း ကင္းလွည့္ေနတဲ့ ၿဗိတိန္ေတာ္ဝင္ေရတပ္ရဲ႕ေရငုပ္သဘၤာတစ္စီးဟာ မေတာ္တဆ အက္ဆီးဒန႔္ျဖစ္ပြားခဲ့ေပမယ့္ ေရငုပ္သဘၤာေပၚမွာလိုက္ပါလာတဲ့ သေဘၤာသား ၁၄ဝ ေက်ာ္ အသက္ေဘးက လြတ္ေျမာက္ခဲ့ေၾကာင္း ၿဗိတိန္စစ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။
အဆိုပါေရငုပ္သေဘၤာဟာ Vanguard ဟာ ေရငုပ္ရာမွာ အတိမ္အနက္ တိုင္းတာမႈခ်ိဳ႕ယြင္းခ်က္ေၾကာင့္ မေတာ္တဆ အက္ဆီးဒန႔္ျဖစ္ပြားခဲ့တာမ်ိဳးျဖစ္ေၾကာင္း သိရပါတယ္။ ၿဗိတိန္ေရငုပ္သေဘၤာဟာ အတၱလႏၲတိတ္ သမုဒၵရာအတြင္း ျဖန႔္ၾကတ္ခ်ထားခ်ိန္မွာ ေရငုပ္ခဲ့ရာ အက္ဆီးဒန႔္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါေရငုပ္သေဘၤာဟာ Trident 2 အမည္ရွိ ဒုံးက်ည္ႏွစ္စီး တင္ေဆင္ထားၿပီး ၿဗိတိန္ေတာ္ဝင္ေရတပ္မွာ ႏွစ္ေပါင္း ၃ဝ ေက်ာ္ၾကာ တာဝန္ထမ္းေဆာင္ေနတဲ့ ေရငုပ္သေဘၤာျဖစ္ေၾကာင္း သိရပါတယ္။ ၿဗိတိန္ေရတပ္ တပ္ဖြဲ႕ ရဲ႕ေရငုပ္သေဘၤာတစ္စီးျဖစ္တဲ့ တိုင္တန္အမည္ရွိ ေရငုပ္သေဘၤာတစ္စီးဟာလည္း ၿပီးခဲ့တဲ့ဇြန္လတုန္းက အလားတူ အျဖစ္အပ်က္မ်ိဳးျဖစ္ခဲ့ဖူးေၾကာင္း သိရပါတယ္။

ၿဗိတိန္အေျခစိုက္သည္ဆန္းသတင္းစာက "ေရငုပ္သေဘၤာဟာ ေရေအာက္အနက္ပိုင္းမွာ ခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္လာခဲ့ၿပီးေနာက္ ထိန္းခ်ဳပ္လို႔မရတဲ့အေျခအေနမ်ိဳး ရွိခဲ့တယ္။ ေရငုပ္သေဘၤာနဲ႔ပတ္သက္ၿပီး စက္ပိုင္းဆိုင္ရာ အမွားအယြင္းေတြ ရွိခဲ့တယ္" လို႔ေျပာပါတယ္။ ၿဗိတိန္စစ္ဘက္က အဲဒီေရငုပ္သေဘၤာဟာ အမ်ားဆုံးေရေအာက္ အနက္ မီတာ ၅ဝဝ အထိ ငုပ္ႏိုင္တဲ့ေရငုပ္သေဘၤာျဖစ္ေပမယ့္ Vanguard ေရငုပ္သေဘၤဟာ ေရေအာက္အနက္ ဘယ္ေလာက္အထိ ငုပ္ခဲ့သလဲဆိုတာကို အတိအက်မသိခဲ့ပုံ ရွိေနေၾကာင္း ဆိုပါတယ္။

ၿဗိတိန္ေရတပ္မွာ Vanguard အမ်ိဳးအစား ေရငုပ္သေဘၤာေလးစင္းရွိေနၿပီး အဲဒီေလးစင္းထဲမွာ ႏွစ္စင္းက လုပ္ငန္းေတြ လုပ္ေဆာင္ျခင္းမရွိေတာ့ဘဲ တစ္စီးက ျပန္လည္ေကာင္းမြန္ဖို႔ျပဳျပင္ထားကာ တစ္စီးဟာ ပင္လယ္ျပင္မွာ အလုပ္ေတြ လုပ္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.