ရန်ကုန်-မန္တလေးအမြန်လမ်း၌ သားအဖ(၂)ဦးဆိုင်ကယ်စီးလာစဉ် အုပ်စုဖွဲ့လုယက်ခံရပြီးနောက် ဖခင်ဖြစ်သူ ဓားဖြင့်ထိုးသတ်ခံခဲ့ရ

10510
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၁
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သားအဖ(၂)ဦးဆိုင်ကယ်စီးလာစဉ် အုပ်စုဖွဲ့ဆိုင်ကယ်လုယက်ခံရပြီးနောက် ဖခင်ဖြစ်သူ ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၁၈ ရက်၊ ည ၇နာရီခန့်က အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆၁/၁)တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ရွာကလူတွေပြောကြတာတော့ သူ့တိုသားအဖ(၂)ဦးက အပြင်သွားမယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ ခဏကြာတော့ ကလေးက အိမ်ပြန်လာတယ်။ ကလေးကလည်း ပါးစပ်ထဲမှာ အဝတ်စတွေထည့်ပြီး တိပ်နဲ့ပိတ်ခံထားရတယ်။ ကလေးပြောလို့ သွားကြည့်တာမှာ ဖခင်က ဓားဒဏ်ရာနဲ့သေဆုံးနေတာတွေ့တာပါ။ အခင်းဖြစ်တဲ့နေရာက ရွာနဲ့ဆို ၁ မိုင်နီးပါးလောက်ပဲဝေးတယ်"ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိုသို့ ဓားဖြင့်ထိုးသတ်ခံရသူသည် အမရပူမြို့နယ်၊ နတ်ပန်ဆင်ကျေးရွာတွင်နေထိုင်သည့် အသက် (၄၃) နှစ်အရွယ် ဦးငွေချစ်ဖြစ်ကြောင်း သိရသည်။
ဦးငွေချစ်သည် အုပ်စုဖွဲ့ဆိုင်ကယ်လုယက်သူများ၏ ဓားဖြင့်ထိုးသတ်မှုကြောင့် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်
"တရားခံတွေမိပြီလားတော့မသိသေးပါဘူး။ ဆိုင်ကယ်တော့ ပါသွားတယ်။ ခုထိတော့ စုံစမ်းနေတုန်းပါ။ အဖွဲ့နဲ့ လုပ်တယ်လို့ ထင်တယ်"ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအား မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှုများမှာ မကြာခဏဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စိတ်များဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္း၌ သားအဖ(၂)ဦးဆိုင္ကယ္စီးလာစဥ္ အုပ္စုဖြဲ႕လုယက္ခံရၿပီးေနာက္ ဖခင္ျဖစ္သူ ဓားျဖင့္ထိုးသတ္ခံခဲ့ရ
သန္႔ဇင္ (NP News) - ႏိုဝင္ဘာ ၂၁
မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ သားအဖ(၂)ဦးဆိုင္ကယ္စီးလာစဥ္ အုပ္စုဖြဲ႕ဆိုင္ကယ္လုယက္ခံရၿပီးေနာက္ ဖခင္ျဖစ္သူ ဓားျဖင့္ထိုးသတ္ခံခဲ့ရေၾကာင္း ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၈ ရက္၊ ည ၇နာရီခန္႔က အမရပူရၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္(၃၆၁/၁)တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"႐ြာကလူေတြေျပာၾကတာေတာ့ သူ႔တိုသားအဖ(၂)ဦးက အျပင္သြားမယ္ဆိုၿပီး ဆိုင္ကယ္နဲ႔ထြက္သြားတာ။ ခဏၾကာေတာ့ ကေလးက အိမ္ျပန္လာတယ္။ ကေလးကလည္း ပါးစပ္ထဲမွာ အဝတ္စေတြထည့္ၿပီး တိပ္နဲ႔ပိတ္ခံထားရတယ္။ ကေလးေျပာလို႔ သြားၾကည့္တာမွာ ဖခင္က ဓားဒဏ္ရာနဲ႔ေသဆုံးေနတာေတြ႕တာပါ။ အခင္းျဖစ္တဲ့ေနရာက ႐ြာနဲ႔ဆို ၁ မိုင္နီးပါးေလာက္ပဲေဝးတယ္"ဟု ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထိုသို႔ ဓားျဖင့္ထိုးသတ္ခံရသူသည္ အမရပူၿမိဳ႕နယ္၊ နတ္ပန္ဆင္ေက်း႐ြာတြင္ေနထိုင္သည့္ အသက္ (၄၃) ႏွစ္အ႐ြယ္ ဦးေငြခ်စ္ျဖစ္ေၾကာင္း သိရသည္။
ဦးေငြခ်စ္သည္ အုပ္စုဖြဲ႕ဆိုင္ကယ္လုယက္သူမ်ား၏ ဓားျဖင့္ထိုးသတ္မႈေၾကာင့္ ဘယ္ဘက္ရင္အုံတြင္ ထိုးသြင္းဒဏ္ရာရရွိကာအခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္
"တရားခံေတြမိၿပီလားေတာ့မသိေသးပါဘူး။ ဆိုင္ကယ္ေတာ့ ပါသြားတယ္။ ခုထိေတာ့ စုံစမ္းေနတုန္းပါ။ အဖြဲ႕နဲ႔ လုပ္တယ္လို႔ ထင္တယ္"ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားအား ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအသင္းမွ မႏၲေလးျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ အုပ္စုဖြဲ႕ဆိုင္ကယ္လုယက္မႈမ်ားမွာ မၾကာခဏျဖစ္ပြားလ်က္ရွိၿပီး ေဒသခံျပည္သူမ်ားအေနျဖင့္ စိုးရိမ္စိတ္မ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။