ဆိပ်ဖြူမြို့နယ်ရှိ ကားလမ်ပေါ်တွင် PDF အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးလာသူ(၂)ဦး သေဆုံး

618
NP News - နိုဝင်ဘာ ၂၁
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကားလမ်ပေါ်တွင် PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၁၈ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာနှင့် ကျောက်ကြီးကျေးရွာအကြား၊ ဆိပ်ဖြူ-လက်ဆည်-ရွှေဘိုကျွန်း-ပေါက်ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်၊ နံ့သာကျေးရွာနေ မခင်သန်းမွန်သည် ဆိပ်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နေ ကိုဇော်လင်း(ခ)အေးကြီး(၄၇)နှစ်နှင့်အတူ ပဲခူးတိုင်း၊ တောင်ငူမြို့မှ နံ့သာကျေးရွာသို့ပြန်လာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် မခင်သန်းမွန် နှင့် ကိုဇော်လင်း(ခ)အေးကြီးတို့ (၂)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား(၂)ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
ကန်နီကျေးရွာနေ ဦးကျော်ရင်(၄၂)နှစ် နှင့် ဦးမြတ်စိုးမင်း(၄၃)နှစ်တို့သည် ၎င်းတို့ယာခင်းသို့ ခြေလျင်သွားရောက်ခဲ့စဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးကျော်ရင် နှင့် ဦးမြတ်စိုးမင်းတို့(၂)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီထိရောက်စွာအပြစ် ပေးအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ဆိပ္ျဖဴၿမိဳ႕နယ္ရွိ ကားလမ္ေပၚတြင္ PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းေပါက္ကြဲမႈေၾကာင့္ ဆိုင္ကယ္စီးလာသူ(၂)ဦး ေသဆုံး
NP News - ႏိုဝင္ဘာ ၂၁
မေကြးတိုင္း၊ ဆိပ္ျဖဴၿမိဳ႕နယ္ရွိ ကားလမ္ေပၚတြင္ PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၈ ရက္၊ ညေန ၆ နာရီခြဲခန႔္တြင္ ဆိပ္ျဖဴၿမိဳ႕နယ္၊ ေ႐ႊဘိုကြၽန္းေက်း႐ြာႏွင့္ ေက်ာက္ႀကီးေက်း႐ြာအၾကား၊ ဆိပ္ျဖဴ-လက္ဆည္-ေ႐ႊဘိုကြၽန္း-ေပါက္ကားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေပါက္ၿမိဳ႕နယ္၊ နံ႔သာေက်း႐ြာေန မခင္သန္းမြန္သည္ ဆိပ္ျဖဴၿမိဳ႕နယ္၊ အလယ္ပိုင္းရပ္ကြက္ေန ကိုေဇာ္လင္း(ခ)ေအးႀကီး(၄၇)ႏွစ္ႏွင့္အတူ ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕မွ နံ႔သာေက်း႐ြာသို႔ျပန္လာစဥ္ အထက္ပါေနရာအေရာက္၌ PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းတစ္လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ မိုင္းေပါက္ကြဲမႈေၾကာင့္ မခင္သန္းမြန္ ႏွင့္ ကိုေဇာ္လင္း(ခ)ေအးႀကီးတို႔ (၂)ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ည ၆ နာရီ ၄၅ မိနစ္ခန႔္တြင္ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ ကန္နီေက်း႐ြာ၏ အေရွ႕ေျမာက္ဘက္ရွိ ေက်း႐ြာခ်င္းဆက္လမ္းေပၚတြင္ မိုင္းေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသား(၂)ဦး ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္။
ကန္နီေက်း႐ြာေန ဦးေက်ာ္ရင္(၄၂)ႏွစ္ ႏွင့္ ဦးျမတ္စိုးမင္း(၄၃)ႏွစ္တို႔သည္ ၎တို႔ယာခင္းသို႔ ေျခလ်င္သြားေရာက္ခဲ့စဥ္ အထက္ပါေနရာအေရာက္၌ PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းတစ္လုံးအား နင္းမိေပါက္ကြဲသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ မိုင္းေပါက္ကြဲမႈေၾကာင့္ ဦးေက်ာ္ရင္ ႏွင့္ ဦးျမတ္စိုးမင္းတို႔(၂)ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရးႏွင့္ ဥပေဒႏွင့္အညီထိေရာက္စြာအျပစ္ ေပးအေရးယူႏိုင္ေရးတို႔အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။