PNLO ၏အခြေပြုဒေသများတွင် ကယားပြည်နယ်မှစစ်ဘေးရှောင် (၈၀၀၀)ကျော်ရောက်ရှိခိုလှုံနေပြီး စစ်ဘေးရှောင်စခန်း ၂၁ ခုဖွင့်လှစ်ထား

 531

ကျော် (NP News) - နိုဝင်ဘာ ၂၁

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ အခြေပြုဒေသများတွင် ကယားပြည်နယ်မှစစ်ဘေးရှောင် (၈၀၀၀)ကျော်ရောက်ရှိခိုလှုံနေကြောင်း ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းက ယနေ့ (နိုဝင်ဘာလ ၂၁ ရက်)တွင် NP News ကိုပြောသည်။

"PNLO အခြေပြုဒေသမှာ စစ်ဘေးရှောင်စခန်း ၃ ခုဖွင့်ထားတယ်။ နောက်ပြီး PNLO ရဲ့ဆက်စပ်ဧရိယာတွေမှာ စစ်ဘေးရှောင်စခန်း ၁၈ ခုလောက်ဖွင့်ထားပေးတယ်"ဟု ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းက NP News ကိုပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်း ၂၁ ခု၌ ကယားပြည်နယ်မှစစ်ဘေးရှောင်လာသူ (၈၀၀၀)ကျော်ခိုလှုံနေကြကြောင်း သိရသည်။

"စစ်ဘေးရှောင် ၈၀၀၀ ကျော်လောက်ရှိတယ်ဆိုတာက စခန်းအကုန်လုံးကိုစာရင်းမပေါင်းရသေးဘူး။ လတ်တလော လက်လှမ်းမီသလောက် အရေအတွက်ပေါ့။ ထပ်ရောက်လာဖို့လည်းရှိသေးတယ်"ဟု ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းကပြောသည်။

လက်ရှိအချိန်၌ PNLO ၏အခြေပြုဒေသများနှင့်ဆက်စပ်ဧရိယာများတွင်ဖွင့်လှစ်ထားသော စစ်ဘေးရှောင် စခန်းများ၌ ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့ပါလာသော အစားအသောက်များကို စားသောက်နေရကြောင်း ဆရာခွန်ထွန်း၏ပြောကြားချက်အရ သိရသည်။

"စစ်ရှောင်တွေက လောလောဆယ်မှာသူတို့ပါလာတဲ့ အစားအသောက်တွေနဲ့စားနေကြတယ်။ ကျွန် တော်တို့ကလည်း စစ်ဘေးရှောင်တွေရဲ့အစားအသောက်အတွက် လျာထားတာတွေရှိတယ်။ အဲဒီလျာထားတာတွေ ကို စခန်း ၂၁ ခုလုံးကိုဖြန့်ဝေပေးလိုက်ရင် မလောက်ငနိုင်ဘူး။ ဒါကြောင့် စစ်ဘေးရှောင်တွေရဲ့အစားအသောက် အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေကိုဖိတ်ခေါ်ထားတယ်"ဟု ဆရာခွန်ထွန်းကပြောသည်။

ကယားပြည်နယ်မှစစ်ဘေးရှောင်များအား PNLO ၏အခြေပြုဒေသများတွင် လာရောက်ခို လှုံနိုင်ကာ တတ်အားသရွှေ့ကူညီသွားမည်ဟု PNLO ဘက်က နိုဝင်ဘာ ၁၇ ရက်ကအသိပေးထုတ်ပြန်ခဲ့ပြီး စစ်ဘေးရှောင်များအား ကူညီမှုများပြုလုပ်ပေးနိုင်ရန် ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။

zawgyi version
PNLO ၏အေျချပဳေဒသမ်ားတြင္ ကယားျပည္နယ္မွစစ္ေဘးေရွာင္ (၈၀၀၀)ေက်ာ္ေရာက္ရွိခိုလႈံေနၿပီး စစ္ေဘး ေရွာင္စခန္း ၂၁ ခုဖြင့္လွစ္ထား
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၁

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)၏ အေျချပဳေဒသမ်ားတြင္ ကယားျပည္နယ္မွစစ္ေဘးေရွာင္ (၈၀၀၀)ေက်ာ္ေရာက္ရွိခိုလႈံေနေၾကာင္း ဆီဆိုင္ၿမိဳ႕၊ PNLO ဆက္ဆံေရး႐ုံးတာဝန္ခံ ဆရာခြန္ထြန္းက ယေန႔ (ႏိုဝင္ဘာလ ၂၁ ရက္)တြင္ NP News ကိုေျပာသည္။

"PNLO အေျချပဳေဒသမွာ စစ္ေဘးေရွာင္စခန္း ၃ ခုဖြင့္ထားတယ္။ ေနာက္ၿပီး PNLO ရဲ႕ဆက္စပ္ဧရိယာေတြမွာ စစ္ေဘးေရွာင္စခန္း ၁၈ ခုေလာက္ဖြင့္ထားေပးတယ္"ဟု ဆီဆိုင္ၿမိဳ႕၊ PNLO ဆက္ဆံေရး႐ုံးတာဝန္ခံ ဆရာခြန္ထြန္းက NP News ကိုေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္စခန္း ၂၁ ခု၌ ကယားျပည္နယ္မွစစ္ေဘးေရွာင္လာသူ (၈၀၀၀)ေက်ာ္ခိုလႈံေနၾကေၾကာင္း သိရသည္။

"စစ္ေဘးေရွာင္ ၈၀၀၀ ေက်ာ္ေလာက္ရွိတယ္ဆိုတာက စခန္းအကုန္လုံးကိုစာရင္းမေပါင္းရေသးဘူး။ လတ္တေလာ လက္လွမ္းမီသေလာက္ အေရအတြက္ေပါ့။ ထပ္ေရာက္လာဖို႔လည္းရွိေသးတယ္"ဟု ဆီဆိုင္ၿမိဳ႕၊ PNLO ဆက္ဆံေရး႐ုံးတာဝန္ခံ ဆရာခြန္ထြန္းကေျပာသည္။

လက္ရွိအခ်ိန္၌ PNLO ၏အေျချပဳေဒသမ်ားႏွင့္ဆက္စပ္ဧရိယာမ်ားတြင္ဖြင့္လွစ္ထားေသာ စစ္ေဘးေရွာင္ စခန္းမ်ား၌ ေရာက္ရွိခိုလႈံေနသည့္ စစ္ေဘးေရွာင္မ်ားအေနျဖင့္ ၎တို႔ပါလာေသာ အစားအေသာက္မ်ားကို စားေသာက္ေနရေၾကာင္း ဆရာခြန္ထြန္း၏ေျပာၾကားခ်က္အရ သိရသည္။

"စစ္ေရွာင္ေတြက ေလာေလာဆယ္မွာသူတို႔ပါလာတဲ့ အစားအေသာက္ေတြနဲ႔စားေနၾကတယ္။ ကြၽန္ ေတာ္တို႔ကလည္း စစ္ေဘးေရွာင္ေတြရဲ႕အစားအေသာက္အတြက္ လ်ာထားတာေတြရွိတယ္။ အဲဒီလ်ာထားတာေတြ ကို စခန္း ၂၁ ခုလုံးကိုျဖန္႔ေဝေပးလိုက္ရင္ မေလာက္ငႏိုင္ဘူး။ ဒါေၾကာင့္ စစ္ေဘးေရွာင္ေတြရဲ႕အစားအေသာက္ အတြက္ ျပည္တြင္း၊ ျပည္ပအလႉရွင္ေတြကိုဖိတ္ေခၚထားတယ္"ဟု ဆရာခြန္ထြန္းကေျပာသည္။

ကယားျပည္နယ္မွစစ္ေဘးေရွာင္မ်ားအား PNLO ၏အေျချပဳေဒသမ်ားတြင္ လာေရာက္ခို လႈံႏိုင္ကာ တတ္အားသေ႐ႊ႕ကူညီသြားမည္ဟု PNLO ဘက္က ႏိုဝင္ဘာ ၁၇ ရက္ကအသိေပးထုတ္ျပန္ခဲ့ၿပီး စစ္ေဘးေရွာင္မ်ားအား ကူညီမႈမ်ားျပဳလုပ္ေပးႏိုင္ရန္ ကူညီကယ္ဆယ္ေရးအဖြဲ႕ကို ဖြဲ႕စည္းထားသည္။

Related news

© 2021. All rights reserved.