နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက်အတွင်း စစ်ဘက်သုံး ဂြိုလ်တုလွှတ်တင်မယ်လို့ မြောက်ကိုရီးယားအစိုးရပြော

 664

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

မြောက်ကိုရီးယားအစိုးရက ၎င်းတို့ဟာ နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ စစ်ဘက်သုံးဂြိုလ်တု တစ်စင်း စမ်းသပ်လွှတ်တင်ဖို့ စီစဉ်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ အရှေ့တရုတ်ပင်လယ်နဲ့ ပင်လယ်ဝါဒေသမှာ ဂြိုလ်တုလွှတ်တင်ဖို့ စီစဉ်နေတာဖြစ် ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ဂြိုလ်တုလွှတ်တင်မယ့် အကြောင်းကို ဂျပန်အစိုးရထံ အသိပေးထားကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာပတ်လမ်းထဲကို ဂြိုလ်တုလွှတ်တင်မှု သုံးကြိမ်မြောက်ကြိုးပမ်းဖို့ စီစဉ်လာခဲ့တာဖြစ်ပါ တယ်။ မြောက်ကိုရီးယားဟာ ကမ္ဘာပတ်လမ်းထဲကို ဂြိုလ်တုလွှတ်တင်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ခေါင်းဆောင်ကင်ဂျုံအမ် ရုရှားနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီးနောက်ပိုင်း လပိုင်းအကြာမှာ ဂြိုလ်တု လွှတ်တင်ဖို့ ထပ်မံကြိုးပမ်းတာဖြစ်ပါ တယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း ရုရှားနိုင်ငံရဲ့ခေတ်အမီဆုံး အာကာသစင်တာကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။

ရုရှားသမ္မတပူတင်ကလည်း မြောက်ကိုရီးယားနိုင်ငံကို ဂြိုလ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး အကူအညီပေးမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ကို ကတိပြုခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံက တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် မကြာမီ ဂြိုလ်တုလွှတ်တင်မယ့်အကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ႏိုဝင္ဘာ ၂၂ ရက္မွ ဒီဇင္ဘာ ၁ ရက္အတြင္း စစ္ဘက္သုံး ၿဂိဳလ္တုလႊတ္တင္မယ္လို႔ ေျမာက္ကိုရီးယားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁

ေျမာက္ကိုရီးယားအစိုးရက ၎တို႔ဟာ ႏိုဝင္ဘာ ၂၂ ရက္ကေန ဒီဇင္ဘာ ၁ ရက္အထိ စစ္ဘက္သုံးၿဂိဳလ္တု တစ္စင္း စမ္းသပ္လႊတ္တင္ဖို႔ စီစဥ္ထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားအစိုးရဟာ အေရွ႕တ႐ုတ္ပင္လယ္နဲ႔ ပင္လယ္ဝါေဒသမွာ ၿဂိဳလ္တုလႊတ္တင္ဖို႔ စီစဥ္ေနတာျဖစ္ ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ၿဂိဳလ္တုလႊတ္တင္မယ့္ အေၾကာင္းကို ဂ်ပန္အစိုးရထံ အသိေပးထားေၾကာင္း သတင္းေတြက ေဖာ္ျပထားပါတယ္။

ေျမာက္ကိုရီးယားဟာ ကမာၻပတ္လမ္းထဲကို ၿဂိဳလ္တုလႊတ္တင္မႈ သုံးႀကိမ္ေျမာက္ႀကိဳးပမ္းဖို႔ စီစဥ္လာခဲ့တာျဖစ္ပါ တယ္။ ေျမာက္ကိုရီးယားဟာ ကမာၻပတ္လမ္းထဲကို ၿဂိဳလ္တုလႊတ္တင္မႈ ႏွစ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎တို႔ရဲ႕ေခါင္းေဆာင္ကင္ဂ်ဳံအမ္ ႐ုရွားႏိုင္ငံကို ပထမဆုံးအႀကိမ္သြားေရာက္ခဲ့ၿပီးေနာက္ပိုင္း လပိုင္းအၾကာမွာ ၿဂိဳလ္တု လႊတ္တင္ဖို႔ ထပ္မံႀကိဳးပမ္းတာျဖစ္ပါ တယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ဟာ ႐ုရွားႏိုင္ငံကို သြားေရာက္တဲ့ခရီးစဥ္အတြင္း ႐ုရွားႏိုင္ငံရဲ႕ေခတ္အမီဆုံး အာကာသစင္တာကို သြားေရာက္ေလ့လာခဲ့ေၾကာင္း သိရပါတယ္။

႐ုရွားသမၼတပူတင္ကလည္း ေျမာက္ကိုရီးယားႏိုင္ငံကို ၿဂိဳလ္တုလႊတ္တင္ေရးနဲ႔ပတ္သက္ၿပီး အကူအညီေပးမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ကို ကတိျပဳခဲ့ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္ႏိုင္ငံက ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံတို႔ကို စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်ျခင္းနဲ႔ပတ္သက္ၿပီး ျပစ္တင္ရႈတ္ခ်ခဲ့ၿပီးေနာက္ မၾကာမီ ၿဂိဳလ္တုလႊတ္တင္မယ့္အေၾကာင္း အသိေပးခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.