နိုင်ငံကူးလက်မှတ် သက်တမ်းတိုး အသစ်ထုတ်ပေးခြင်းကို ပုံမှန်အတိုင်းပြန်လည် ဆောင်ရွက်ပေးမည်ဟု ဗီယက်နမ်ရှိ မြန်မာသံရုံးအသိပေး
2694
Pearl (NP News) - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အသစ်ရောက်ရှိလာ၍ သက်တမ်းတိုးအသစ်ထုတ်ပေးခြင်းများကို ပုံမှန်အတိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးက နိုဝင်ဘာလ (၂၀)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
သံရုံးအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် Machine Readable Passports-MRP စက်ချို့ယွင်းမှုကြောင့် ၂၀၁၆ ခုနှစ်၊ မေလပိုင်းမှစ၍ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးအသစ်ထုတ်ပေးခြင်းအား ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ သက်တမ်းတိုးမြှင့်ခြင်းအတွက် နိုင်ငံကူးလက်မှတ်များအပေါ်တွင် သံရုံးမှတံဆိပ်တုံးထု၍ သက်တမ်းတိုးမြှင့်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အသစ်ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံကူးလက် မှတ်သက်တမ်းတိုး အသစ်ထုတ်ပေးခြင်းများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် သံရုံးမှတံဆိပ်တုံးထု၍ သက်တမ်းတိုးမြှင့်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအသစ်လဲလှယ်ခြင်းများအတွက် စာအုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာနှင့် ပျောက်ဆုံး/ ပျက်စီးခြင်းများအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၀ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုး အသစ္ထုတ္ေပးျခင္းကို ပုံမွန္အတိုင္းျပန္လည္ ေဆာင္႐ြက္ေပးမည္ဟု ဗီယက္နမ္ရွိ ျမန္မာသံ႐ုံးအသိေပး
Pearl (NP News) - ႏိုဝင္ဘာ ၂၁
ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးသည့္စက္အသစ္ေရာက္ရွိလာ၍ သက္တမ္းတိုးအသစ္ထုတ္ေပးျခင္းမ်ားကို ပုံမွန္အတိုင္းေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕အေျခစိုက္ ျမန္မာသံ႐ုံးက ႏိုဝင္ဘာလ (၂၀)ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။
သံ႐ုံးအေနျဖင့္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးသည့္ Machine Readable Passports-MRP စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ၂၀၁၆ ခုႏွစ္၊ ေမလပိုင္းမွစ၍ ႏိုင္ငံကူးလက္မွတ္မ်ား သက္တမ္းတိုးအသစ္ထုတ္ေပးျခင္းအား ေဆာင္႐ြက္ေပးႏိုင္ျခင္းမရွိဘဲ သက္တမ္းတိုးျမႇင့္ျခင္းအတြက္ ႏိုင္ငံကူးလက္မွတ္မ်ားအေပၚတြင္ သံ႐ုံးမွတံဆိပ္တုံးထု၍ သက္တမ္းတိုးျမႇင့္ျခင္းကို ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးသည့္စက္အသစ္ေရာက္ရွိလာၿပီျဖစ္ၿပီး ႏိုင္ငံကူးလက္ မွတ္သက္တမ္းတိုး အသစ္ထုတ္ေပးျခင္းမ်ားကို ပုံမွန္အတိုင္း ျပန္လည္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ထိုသို႔ ျပန္လည္ေဆာင္႐ြက္ေပးမည္ျဖစ္သျဖင့္ သံ႐ုံးမွတံဆိပ္တုံးထု၍ သက္တမ္းတိုးျမႇင့္ေပးျခင္းကို ရပ္ဆိုင္းသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးအသစ္လဲလွယ္ျခင္းမ်ားအတြက္ စာအုပ္တန္ဖိုး အေမရိကန္ေဒၚလာ ၃၅ ေဒၚလာႏွင့္ ေပ်ာက္ဆုံး/ ပ်က္စီးျခင္းမ်ားအတြက္ ဒဏ္ေၾကးေငြ အေမရိကန္ေဒၚလာ ၁၀၅ ေဒၚလာ၊ စုစုေပါင္း အေမရိကန္ေဒၚလာ ၁၄၀ ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။