ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ စစ်တွေမြို့၌ အသံမိုင်းပေါက်ကွဲမှုများဖြစ်ပေါ်

 596

မြူနစ် (NP News) - နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ စစ်တွေမြို့၌ အသံမိုင်းဟု ကနဦးယူဆရသည့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(နိုဝင်ဘာလ ၂၁ ရက်)၊ နေ့လည် ၃ နာရီဝန်းကျင်အချိန်တွင် စစ်တွေမြို့၌ (၃)ကြိမ်ထက်မနည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့ခံများထံမှ သိရသည်။

“အသံမိုင်း ဖြစ်မယ်လို့ ထင်တယ်၊ ကြားလိုက်တယ်။ ဆက်ရိုးကျတံတားအထွက် လမ်းသုံးခွဆုံရှိတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ ကြားတယ်။ နောက်အဲဒီနားမှာပဲ လက်နက်ငယ် ၄၊ ၅၊ ၆ ချက်လောက် အသံကြားတယ်လို့ ပြောကြတယ်။ ပြီးတော့ ဒကစတို့၊ ဘာတို့ရှိတဲ့ မြို့အပြင်ဘက်မှာ အသံမိုင်းလို အသံမျိုး ကြားရတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက NP News ကို ပြောသည်။

ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့၌ ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုများသည် အသံမိုင်းပေါက်ကွဲခြင်းဖြစ်သည်ဟု ယူဆပြောဆိုမှုများရှိနေသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တွေမြို့၌ ယခုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဒေသခံပြည်သူလူထုအနေဖြင့် ပုံမှန်အတိုင်းသာ သွားလာနေထိုင်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

စစ်တွေမြို့တွင် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ပြည်နယ်အတွင်း၌ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် AA တို့ကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယနေ့တွင်လည်း ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နှင့်တစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္နယ္အစိုးရအဖြဲ႕ ႐ုံးစိုက္ရာ စစ္ေတြၿမိဳ႕၌ အသံမိုင္းေပါက္ကြဲမႈမ်ား ျဖစ္ေပၚ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၁

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ႐ုံးစိုက္ရာ စစ္ေတြၿမိဳ႕၌ အသံမိုင္းဟု ကနဦးယူဆရသည့္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔(ႏိုဝင္ဘာလ ၂၁ ရက္)၊ ေန႔လည္ ၃ နာရီဝန္းက်င္အခ်ိန္တြင္ စစ္ေတြၿမိဳ႕၌ (၃)ႀကိမ္ထက္မနည္း ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း စစ္ေတြၿမိဳ႕ခံမ်ားထံမွ သိရသည္။

“အသံမိုင္း ျဖစ္မယ္လို႔ ထင္တယ္၊ ၾကားလိုက္တယ္။ ဆက္႐ိုးက်တံတားအထြက္ လမ္းသုံးခြဆုံရွိတဲ့ေနရာမွာ ေပါက္ကြဲမႈျဖစ္တယ္လို႔ ၾကားတယ္။ ေနာက္အဲဒီနားမွာပဲ လက္နက္ငယ္ ၄၊ ၅၊ ၆ ခ်က္ေလာက္ အသံၾကားတယ္လို႔ ေျပာၾကတယ္။ ၿပီးေတာ့ ဒကစတို႔၊ ဘာတို႔ရွိတဲ့ ၿမိဳ႕အျပင္ဘက္မွာ အသံမိုင္းလို အသံမ်ိဳး ၾကားရတယ္”ဟု စစ္ေတြၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ယေန႔ ေန႔လည္ပိုင္းတြင္ စစ္ေတြၿမိဳ႕၌ ျဖစ္ေပၚခဲ့ေသာ ေပါက္ကြဲမႈမ်ားသည္ အသံမိုင္းေပါက္ကြဲျခင္းျဖစ္သည္ဟု ယူဆေျပာဆိုမႈမ်ားရွိေနေသာ္လည္း NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

စစ္ေတြၿမိဳ႕၌ ယခုကဲ့သို႔ ေပါက္ကြဲမႈမ်ား ျဖစ္ေပၚခဲ့ေသာ္လည္း ေဒသခံျပည္သူလူထုအေနျဖင့္ ပုံမွန္အတိုင္းသာ သြားလာေနထိုင္လ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။

စစ္ေတြၿမိဳ႕တြင္ ျဖစ္ေပၚခဲ့ေသာ ေပါက္ကြဲမႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

ရခိုင္လက္နက္ကိုင္အဖြဲ႕ ULA/AA သည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၃ ရက္မွစတင္ကာ ျပည္နယ္အတြင္း၌ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့သည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္အတြင္း၌ တပ္မေတာ္ႏွင့္ AA တို႔ၾကားတိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိၿပီး ယေန႔တြင္လည္း ရခိုင္ျပည္နယ္၊ ေပါက္ေတာၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ တိုက္ပြဲမ်ား ျပင္းထန္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.