လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမနှင့် ဝန်ထမ်း (၁၉၄)ဦး ဘေးကင်းလုံခြုံစွာရှိနေကြောင်း အသိပေးထုတ်ပြန်

 4580

မြူနစ် (NP News) - နိုဝင်ဘာ ၂၁

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမ နှင့် ဝန်ထမ်း (၁၉၄)ဦး ဘေးကင်းလုံခြုံစွာရှိနေကြောင်း KNDF လက်နက်ကိုင်အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

KNDF လက်နက်ကိုင်အဖွဲ့သည် ယမန်နေ့(နိုဝင်ဘာလ ၂၀ ရက်)တွင် ရုပ်သံဖိုင်နှင့်တကွ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

KNPP၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာလ ၁၁ ရက်တွင် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် လွိုင်ကော်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးကာလအတွင်း လွိုင်ကော်တက္ကသိုလ်၌ တပ်မတော်နှင့် အထက်ပါလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၁၁ ရက်နေ့ တိုက်ပွဲတွေစဖြစ်တဲ့အချိန်မှာ ဆရာ၊ ဆရာမဝန်ထမ်းအားလုံး ပင်မဆောင် အောက်ဆုံးထပ်မှာ စုစည်းပြီးတော့ နေထိုင်ပါတယ်။ အဲဒီအချိန်မှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးတွေ အများကြီး ပတ်ဝန်းကျင်မှာ ကျတဲ့အတွက် ပြည်သူ့ရဲဘော်အဖွဲ့လို့ ပြောတဲ့သူတွေက ကျွန်တော်တို့ကို လာရောက်ပြီးတော့ ခေါ်ဆောင်ပါတယ်။ ပထမအဆင့်အနေနဲ့ အင်္ဂလိပ်စာဌာနထဲမှာ ထားပါတယ်။ အင်္ဂလိပ်စာဌာနထဲမှာ တစ်နေကုန်နီးပါးနေပြီးတော့မှ ညနေပိုင်းကြမှ ကျွန်တော်တို့ကို ထပ်ပြီးတော့ ပိုပြီးတော့ လုံခြုံတဲ့နေရာကို ခေါ်ထုတ်ထားပါတယ်” ဟု လွိုင်ကော်တက္က သိုလ်ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်က KNDF မှ ထုတ်ပြန်ထားသော ရုပ်သံဖိုင်တွင် ထည့်သွင်းပြောကြားထားသည်။

လက်ရှိတွင် ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်သည် ဆရာ/ဆရာမ၊ ဝန်ထမ်းများနှင့်အတူ လုံခြုံကျန်းမာစွာရှိနေကြောင်း သိရသည်။

“အခုလောလောဆယ် ဒီမှာ ကျွန်တော့် တက္ကသိုလ်က ဆရာ/ဆရာမ၊ ဝန်ထမ်း (၁၉၄)ယောက်နဲ့ အတူရှိနေပါတယ်။ ကျွန်တော့်ကို သေသွားပြီဆိုတဲ့ သတင်းအမှားအပေါ်မှာတော့ ကျွန်တော်က ဒီမှာ လုံလုံခြံခြုံကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်” ဟု ဒေါက်တာအောင်ခင်မြင့်က ပြော သည်။

လွိုင်ကော်မြို့နှင့်တစ်ဝိုက်တွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များအတွင်း KNPP နှင့် PDF အဖွဲ့များသည် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသား/ကျောင်းသူများကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နစကဘက်က သတင်းထုတ်ပြန်မှုရှိခဲ့သည်။

ထိုသို့ဖမ်းဆီးခံခဲ့ရသော တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းများကို ဘေးကင်းလုံခြုံစွာဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် နစကဘက်က ကြေညာချက်ထုတ်ပြန်ထားသည်။

zawgyi version
လြိဳင္ေကာ္တကၠသိုလ္ပါေမာကၡခ်ဳပ္အပါအဝင္ ဆရာ/ဆရာမႏွင့္ ဝန္ထမ္း (၁၉၄)ဦး ေဘးကင္းလုံၿခဳံစြာရွိေနေၾကာင္း အသိေပးထုတ္ျပန္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၁

ကယားျပည္နယ္၊ လြိဳင္ေကာ္တကၠသိုလ္မွ ပါေမာကၡခ်ဳပ္အပါအဝင္ ဆရာ/ဆရာမ ႏွင့္ ဝန္ထမ္း (၁၉၄)ဦး ေဘးကင္းလုံၿခဳံစြာရွိေနေၾကာင္း KNDF လက္နက္ကိုင္အဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။

KNDF လက္နက္ကိုင္အဖြဲ႕သည္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၀ ရက္)တြင္ ႐ုပ္သံဖိုင္ႏွင့္တကြ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

KNPP၊ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ႏိုဝင္ဘာလ ၁၁ ရက္တြင္ (၁၁.၁၁ စစ္ဆင္ေရး)အမည္ျဖင့္ လြိဳင္ေကာ္ၿမိဳ႕ႏွင့္တစ္ဝိုက္ရွိ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခဲ့သည္။

အဆိုပါစစ္ဆင္ေရးကာလအတြင္း လြိဳင္ေကာ္တကၠသိုလ္၌ တပ္မေတာ္ႏွင့္ အထက္ပါလက္နက္ကိုင္အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ားအျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“၁၁ ရက္ေန႔ တိုက္ပြဲေတြစျဖစ္တဲ့အခ်ိန္မွာ ဆရာ၊ ဆရာမဝန္ထမ္းအားလုံး ပင္မေဆာင္ ေအာက္ဆုံးထပ္မွာ စုစည္းၿပီးေတာ့ ေနထိုင္ပါတယ္။ အဲဒီအခ်ိန္မွာ တိုက္ပြဲျဖစ္ၿပီး လက္နက္ႀကီးေတြ အမ်ားႀကီး ပတ္ဝန္းက်င္မွာ က်တဲ့အတြက္ ျပည္သူ႔ရဲေဘာ္အဖြဲ႕လို႔ ေျပာတဲ့သူေတြက ကြၽန္ေတာ္တို႔ကို လာေရာက္ၿပီးေတာ့ ေခၚေဆာင္ပါတယ္။ ပထမအဆင့္အေနနဲ႔ အဂၤလိပ္စာဌာနထဲမွာ ထားပါတယ္။ အဂၤလိပ္စာဌာနထဲမွာ တစ္ေနကုန္နီးပါးေနၿပီးေတာ့မွ ညေနပိုင္းၾကမွ ကြၽန္ေတာ္တို႔ကို ထပ္ၿပီးေတာ့ ပိုၿပီးေတာ့ လုံၿခဳံတဲ့ေနရာကို ေခၚထုတ္ထားပါတယ္” ဟု လြိဳင္ေကာ္တကၠ သိုလ္ပါေမာကၡခ်ဳပ္ေဒါက္တာေအာင္ခင္ျမင့္က KNDF မွ ထုတ္ျပန္ထားေသာ ႐ုပ္သံဖိုင္တြင္ ထည့္သြင္းေျပာၾကားထားသည္။

လက္ရွိတြင္ ပါေမာကၡခ်ဳပ္ေဒါက္တာေအာင္ခင္ျမင့္သည္ ဆရာ/ဆရာမ၊ ဝန္ထမ္းမ်ားႏွင့္အတူ လုံၿခဳံက်န္းမာစြာရွိေနေၾကာင္း သိရသည္။

“အခုေလာေလာဆယ္ ဒီမွာ ကြၽန္ေတာ့္ တကၠသိုလ္က ဆရာ/ဆရာမ၊ ဝန္ထမ္း (၁၉၄)ေယာက္နဲ႔ အတူရွိေနပါတယ္။ ကြၽန္ေတာ့္ကို ေသသြားၿပီဆိုတဲ့ သတင္းအမွားအေပၚမွာေတာ့ ကြၽန္ေတာ္က ဒီမွာ လုံလုံၿခံၿခဳံက်န္းက်န္းမာမာ ရွိေနတယ္ဆိုတဲ့အေၾကာင္း ေျပာခ်င္ပါတယ္” ဟု ေဒါက္တာေအာင္ခင္ျမင့္က ေျပာ သည္။

လြိဳင္ေကာ္ၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ ျဖစ္ပြားေသာ တိုက္ပြဲျဖစ္စဥ္မ်ားအတြင္း KNPP ႏွင့္ PDF အဖြဲ႕မ်ားသည္ လြိဳင္ေကာ္တကၠသိုလ္ပါေမာကၡခ်ဳပ္၊ ဆရာ/ဆရာမ၊ ဝန္ထမ္းႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို အတင္းအဓမၼဖမ္းဆီးေခၚေဆာင္သြားသည္ဟု နစကဘက္က သတင္းထုတ္ျပန္မႈရွိခဲ့သည္။

ထိုသို႔ဖမ္းဆီးခံခဲ့ရေသာ တကၠသိုလ္ပါေမာကၡခ်ဳပ္အပါအဝင္ ဆရာ/ဆရာမ၊ ဝန္ထမ္းမ်ားကို ေဘးကင္းလုံၿခဳံစြာျဖင့္ အျမန္ဆုံးျပန္လႊတ္ေပးရန္ နစကဘက္က ေၾကညာခ်က္ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.