ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ် မရှိစေရေး စီစဉ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးတိုက်တွန်း

 872

Pearl (NP News) - နိုဝင်ဘာ ၂၁

ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ် မရှိစေရေး စီစဉ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက တိုက်တွန်းပြောကြားခဲ့သည်။

၎င်းက ယမန်နေ့ (နိုဝင်ဘာလ ၂၀ ရက်)တွင် မန္တလေးတိုင်း၊ ခရိုင်ပြည်သူ့ဆေးရုံ-ရမည်းသင်းမြို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ် ငန်းများ အားဖြည့်ဆောင်ရွက်ရန်၊ ကူးစက်ရောဂါများဖြစ်သည့် တီဘီ၊ အိတ်ချ်အိုင်ဗီ၊ ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေး နှင့် ဆီးချိုသွေးချိုရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်း ဆေးရုံးရှိ ဝန်ထမ်းများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ်မရှိရေး စီစဉ်ဆောင်ရွက်ရန် နှင့် ဆေးရုံတွင် အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ချိန်တိုးမြှင့်၍ အခမဲ့ကြည့်ရှုစောင့်ရှောက်မှုပေးခြင်းကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးရန် ထည့်သွင်းမှာကြားခဲ့ကြောင်း သိရသည်။

လက်ရှိ လူအင်အားဖြင့် ဆေးရုံ၏လုပ်ငန်းဆောင်ရွက်ချက်များကို အကောင်းမွန်ဆုံး ဆောင်ရွက်ရန် အတွက်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္သူမ်ားအား ေဆးကုသမႈကုန္က်စရိတ္ မရွိေစေရး စီစဥ္ေဆာင္႐ြက္ရန္ က်န္းမာေရးဝန္ႀကီးတိုက္တြန္း
Pearl (NP News) - ႏိုဝင္ဘာ ၂၁

ျပည္သူမ်ားအား ေဆးကုသမႈကုန္က်စရိတ္ မရွိေစေရး စီစဥ္ေဆာင္႐ြက္ရန္ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာသက္ခိုင္ဝင္းက တိုက္တြန္းေျပာၾကားခဲ့သည္။

၎က ယမန္ေန႔ (ႏိုဝင္ဘာလ ၂၀ ရက္)တြင္ မႏၲေလးတိုင္း၊ ခ႐ိုင္ျပည္သူ႔ေဆး႐ုံ-ရမည္းသင္းၿမိဳ႕သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ရာတြင္ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးလုပ္ ငန္းမ်ား အားျဖည့္ေဆာင္႐ြက္ရန္၊ ကူးစက္ေရာဂါမ်ားျဖစ္သည့္ တီဘီ၊ အိတ္ခ်္အိုင္ဗီ၊ ငွက္ဖ်ားေရာဂါ ကာကြယ္ႏွိမ္နင္းေရး ႏွင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါကဲ့သို႔ မကူးစက္ႏိုင္ေသာေရာဂါ ကာကြယ္တားဆီးေရး လုပ္ငန္းမ်ား၊ ေက်ာင္းက်န္းမာေရး လုပ္ငန္းမ်ား၊ ကာကြယ္ေဆးထိုးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ရန္လည္း ေဆး႐ုံးရွိ ဝန္ထမ္းမ်ားကို တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္သူမ်ားအား ေဆးကုသမႈကုန္က်စရိတ္မရွိေရး စီစဥ္ေဆာင္႐ြက္ရန္ ႏွင့္ ေဆး႐ုံတြင္ အထူးကုျပင္ပလူနာဌာန ဖြင့္လွစ္ခ်ိန္တိုးျမႇင့္၍ အခမဲ့ၾကည့္ရႈေစာင့္ေရွာက္မႈေပးျခင္းကို ျပည္သူလူထုအတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိေအာင္ ေဆာင္႐ြက္ေပးရန္ ထည့္သြင္းမွာၾကားခဲ့ေၾကာင္း သိရသည္။

လက္ရွိ လူအင္အားျဖင့္ ေဆး႐ုံ၏လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားကို အေကာင္းမြန္ဆုံး ေဆာင္႐ြက္ရန္ အတြက္လည္း ျပည္ေထာင္စုဝန္ႀကီးက မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.