အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ စစ်စခန်းတွေကို ဒရုန်းတွေ၊ အမြှောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာအုပ်စု သတင်းထုတ်ပြန်

 329

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအုပ်စုတွေဟာ နိုဝင်ဘာ ၂ဝ ရက်က အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ စခန်းတွေ ကို ဒရုန်းတွေ၊ အမြှောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဟစ်ဘိုလာအုပ်စုတွေက ၎င်းတို့ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုအသစ်တွေ စတင်နေပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ အစ္စရေးနဲ့ ဟစ်ဘိုလာအုပ်စုတွေဟာ ဂါဇာဒေသမှာ စစ်ပွဲစတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် နောက်ပိုင်းကတည်းက အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။

ဟစ်ဘိုလာတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ အစ္စရေးပစ်မှတ်များကို ဒရုန်းများနဲ့ သုံးကြိမ် တိုက်ခိုက်ခဲ့သလို အမြှောက်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဟစ်ဘိုလာအုပ်စုတွေဟာ ဘာကန် ဒုံးကျည်တွေကိုအသုံးပြုပြီး အစ္စရေးစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးစစ်ဘက်က ၎င်းတို့စစ်စခန်းတွေ နားကိုရောက်ရှိလာတဲ့ ဒရုန်းတွေကို ပစ်ချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ အစ္စရေးစစ်ဘက်က ဟစ်ဘိုလာအုပ်စုတွေဟာ နိုဝင်ဘာ ၂ဝ ရက်က နယ်စပ်ဒေသရှိ စစ်စခန်းတွေကို အကြိမ်ပေါင်း ၂၅ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒါပေမယ့် အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ် တွေဟာ ဟစ်ဘိုလာအုပ်စုတွေရဲ့တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဆိုပါတယ်။

အစ္စရေးစစ်ဘက်ကလည်း ဟစ်ဘိုလာအုပ်စုရဲ့တိုက်ခိုက်မှုတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး တင်ကားတွေ၊ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းဒေသတွေကို တင့်ကားဖျက်ဒုံးကျည်တွေ အသုံးပြုပြီး ပြန်လည်ပစ်ခတ်ခြင်းများလည်း ရှိခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အစၥေရးႏိုင္ငံေျမာက္ပိုင္းရွိ စစ္စခန္းေတြကို ဒ႐ုန္းေတြ၊ အေျမႇာက္ေတြ၊ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ဟစ္ဘိုလာအုပ္စု သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁

လက္ဘႏြန္ႏိုင္ငံအေျခစိုက္ ဟစ္ဘိုလာအုပ္စုေတြဟာ ႏိုဝင္ဘာ ၂ဝ ရက္က အစၥေရးႏိုင္ငံေျမာက္ပိုင္းရွိ စခန္းေတြ ကို ဒ႐ုန္းေတြ၊ အေျမႇာက္ေတြ၊ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။

ဟစ္ဘိုလာအုပ္စုေတြက ၎တို႔ဟာ အစၥေရးႏိုင္ငံကို တိုက္ခိုက္မႈအသစ္ေတြ စတင္ေနၿပီျဖစ္ေၾကာင္း သတင္း ထုတ္ျပန္ထားပါတယ္။ အစၥေရးနဲ႔ ဟစ္ဘိုလာအုပ္စုေတြဟာ ဂါဇာေဒသမွာ စစ္ပြဲစတင္ခဲ့တဲ့ ေအာက္တိုဘာ ၇ ရက္ ေနာက္ပိုင္းကတည္းက အျပန္အလွန္ပစ္ခတ္မႈေတြ ရွိေနခဲ့ေၾကာင္း သိရပါတယ္။

ဟစ္ဘိုလာတိုက္ခိုက္ေရးသမားေတြဟာ အစၥေရးႏိုင္ငံေျမာက္ပိုင္းရွိ အစၥေရးပစ္မွတ္မ်ားကို ဒ႐ုန္းမ်ားနဲ႔ သုံးႀကိမ္ တိုက္ခိုက္ခဲ့သလို အေျမႇာက္ေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။ ဟစ္ဘိုလာအုပ္စုေတြဟာ ဘာကန္ ဒုံးက်ည္ေတြကိုအသုံးျပဳၿပီး အစၥေရးစခန္းေတြကို တိုက္ခိုက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

အစၥေရးစစ္ဘက္က ၎တို႔စစ္စခန္းေတြ နားကိုေရာက္ရွိလာတဲ့ ဒ႐ုန္းေတြကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ ထားပါတယ္။ အစၥေရးစစ္ဘက္က ဟစ္ဘိုလာအုပ္စုေတြဟာ ႏိုဝင္ဘာ ၂ဝ ရက္က နယ္စပ္ေဒသရွိ စစ္စခန္းေတြကို အႀကိမ္ေပါင္း ၂၅ ႀကိမ္ခန႔္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ဒါေပမယ့္ အစၥေရးေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ေတြဟာ ဟစ္ဘိုလာအုပ္စုေတြရဲ႕တိုက္ခိုက္မႈေတြကို ၾကားျဖတ္ဟန႔္တားခဲ့ေၾကာင္း ဆိုပါတယ္။

အစၥေရးစစ္ဘက္ကလည္း ဟစ္ဘိုလာအုပ္စုရဲ႕တိုက္ခိုက္မႈေတြကို တုံ႔ျပန္တိုက္ခိုက္ခဲ့ၿပီး တင္ကားေတြ၊ တိုက္ေလယာဥ္ေတြနဲ႔ ရဟတ္ယာဥ္ေတြအသုံးျပဳၿပီး တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း ဆိုပါတယ္။ အစၥေရးစစ္တပ္ဟာ လက္ဘႏြန္ေတာင္ပိုင္းေဒသေတြကို တင့္ကားဖ်က္ဒုံးက်ည္ေတြ အသုံးျပဳၿပီး ျပန္လည္ပစ္ခတ္ျခင္းမ်ားလည္း ရွိခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.