ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်သို့ Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်ထား
1575
မြူနစ် (NP News) - နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးလေဆိပ်၊ လေယာဉ်ပြေးလမ်းပေါ်သို့ Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်ထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၂၁ ရက်) ၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကလေးမြို့လေဆိပ်ရှိ လေယာဉ်ပြေးလမ်းပေါ်သို့ လက်နက်ကိုင်အဖွဲ့ကပစ်ခတ်သော Drop ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မနက် ၁၁ နာရီလောက်က လေယာဉ်ပြေးလမ်းပေါ်ကို Drop ဗုံး တစ်လုံးကျတယ်။ ဘာမှမဖြစ်ဘူး။ လမ်းလေး နည်းနည်းပေါက်သွားတယ်။ ပြန်ပြင်ပြီးသွားပြီ”ဟု လေဆိပ်လုံခြုံရေးအရာရှိတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များကို ယနေ့မှစ၍ နိုဝင်ဘာလ ၂၃ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“လေကြောင်းလိုင်းတွေက နိုဝင်ဘာလ ၂၃ ရက်အထိပဲ ပိတ်ထားမှာ။ နောက်ရက်တွေ ပြန်ဆွဲမှာပါ” ဟု လေဆိပ်လုံခြုံရေးအရာရှိက ထပ်မံပြောသည်။
ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် ကလေးလေဆိပ်မှတဆင့် ကလေး-မန္တလေး၊ ကလေး-မန္တလေး-ရန်ကုန်၊ ကလေး-မုံရွာခရီးစဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယနေ့(နိုဝင်ဘာလ ၂၁ ရက်) နေ့လည်ပိုင်း၌ ကလေးမြို့နယ်အတွင်းရှိ အိတ်စွပ်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
zawgyi version
ကေလး႕ေလဆိပ္ ေလယာဥ္ေျပးလမ္းေပၚသို႔ Drop ဗုံး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေလေၾကာင္းခရီးစဥ္မ်ားကို ယာယီရပ္ဆိုင္ထား
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၁
စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕ရွိ ကေလးေလဆိပ္၊ ေလယာဥ္ေျပးလမ္းေပၚသို႔ Drop ဗုံး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေလေၾကာင္းခရီးစဥ္မ်ားကို ယာယီရပ္ဆိုင္ထားေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာလ ၂၁ ရက္) ၊ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ကေလးၿမိဳ႕ေလဆိပ္ရွိ ေလယာဥ္ေျပးလမ္းေပၚသို႔ လက္နက္ကိုင္အဖြဲ႕ကပစ္ခတ္ေသာ Drop ဗုံးတစ္လုံး က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
“မနက္ ၁၁ နာရီေလာက္က ေလယာဥ္ေျပးလမ္းေပၚကို Drop ဗုံး တစ္လုံးက်တယ္။ ဘာမွမျဖစ္ဘူး။ လမ္းေလး နည္းနည္းေပါက္သြားတယ္။ ျပန္ျပင္ၿပီးသြားၿပီ”ဟု ေလဆိပ္လုံၿခဳံေရးအရာရွိတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ Drop ဗုံး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေလေၾကာင္းခရီးစဥ္မ်ားကို ယေန႔မွစ၍ ႏိုဝင္ဘာလ ၂၃ ရက္အထိ ယာယီပိတ္ထားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
“ေလေၾကာင္းလိုင္းေတြက ႏိုဝင္ဘာလ ၂၃ ရက္အထိပဲ ပိတ္ထားမွာ။ ေနာက္ရက္ေတြ ျပန္ဆြဲမွာပါ” ဟု ေလဆိပ္လုံၿခဳံေရးအရာရွိက ထပ္မံေျပာသည္။
ျပည္တြင္းေလေၾကာင္းလိုင္းမ်ားအေနျဖင့္ ကေလးေလဆိပ္မွတဆင့္ ကေလး-မႏၲေလး၊ ကေလး-မႏၲေလး-ရန္ကုန္၊ ကေလး-မုံ႐ြာခရီးစဥ္မ်ားကို ပုံမွန္ေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ယေန႔(ႏိုဝင္ဘာလ ၂၁ ရက္) ေန႔လည္ပိုင္း၌ ကေလးၿမိဳ႕နယ္အတြင္းရွိ အိတ္စြပ္ေက်း႐ြာအနီးတစ္ဝိုက္တြင္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျပင္းထန္လ်က္ရွိေၾကာင္း သိရသည္။