ယူကရိန်းသမ္မတ ဇီလန်စကီးကို ရာထူးက ဖယ်ရှားဖို့ ရုရှားအစိုးရ စီစဉ်နေဟုဆို

 894

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားအစိုးရအဖွဲ့ဟာ ၎င်းကို ၂ဝ၂၃ ခုနှစ်အကုန်မှာ ရာထူးက ဖြုတ်ချနိုင်ဖို့ လိုလား နေကြောင်း ပြောပါတယ်။

ရုရှားအစိုးရဟာ ၎င်းကို ရာထူးက ဖြုတ်ချနိုင်ဖို့ “Maidan-3” အမည်ရှိ စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိနေ ကြောင်း၊ အဆိုပါအစီအစဉ်ထဲမှာ သမ္မတအပြောင်းအလဲဖြစ်အောင်လုပ်ဆောင်မယ့်အစီအစဉ်တွေ ပါဝင်နေ ကြောင်း ယူကရိန်းသမ္မတ က ပြောပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးက ၎င်းဟာ ရုရှားလုံခြုံရေးအဖွဲ့များရဲ့လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု ငါးကြိမ် ကြုံခဲ့ရပေမယ့် အသက်ရှင်လွှတ်မြောက်ခဲ့ကြောင်း ဆိုပါတယ်။

ရုရှားအစိုးရအဖွဲ့ဟာ ယူကရိန်းနိုင်ငံအတွင်း ပြည်တွင်းရေးမငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်ပြီး ၎င်းကို ရာထူးက ဖယ်ရှားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း သမ္မတဇီလန်စကီး က ပြောပါတယ်။

၎င်းက "ကျွန်တော်တို့ထောက်လှမ်းရေးအဖွဲ့တွေ နဲ့ မိတ်ဖက်နိုင်ငံတွေထံကနေ ရရှိတဲ့သတင်းတွေအရ ရုရှားဟာ ကျွန်တော်ကို ရာထူးက ဖြုတ်ချဖို့ စီစဉ်နေတယ်" လို့ ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ဟာ ၂ဝ၂၂ ခုနှစ်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားက ယူကရိန်းပိုင်နက်နယ်မြေ လေးခုကိုသိမ်းပိုက်ထားရာ လက်ရှိအချိန်အထိ စစ်ပွဲနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်နိုင်ခြင်း မရှိသေး ပါဘူး။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ဇွန်လအတွင်းကြီးမားတဲ့ တန်ပြန် ထိုးစစ်ဆင်နွှဲခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေထဲမှာလည်း ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ကိုင်ရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေကြောင်း ဆိုပါတယ်။

Zawgyi Version;
ယူကရိန္းသမၼတ ဇီလန္စကီးကို ရာထူးက ဖယ္ရွားဖို႔ ႐ုရွားအစိုးရ စီစဥ္ေနဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁

ယူကရိန္းသမၼတဇီလန္စကီးက ႐ုရွားအစိုးရအဖြဲ႕ဟာ ၎ကို ၂ဝ၂၃ ခုႏွစ္အကုန္မွာ ရာထူးက ျဖဳတ္ခ်ႏိုင္ဖို႔ လိုလား ေနေၾကာင္း ေျပာပါတယ္။

႐ုရွားအစိုးရဟာ ၎ကို ရာထူးက ျဖဳတ္ခ်ႏိုင္ဖို႔ “Maidan-3” အမည္ရွိ စစ္ဆင္ေရးကို လုပ္ေဆာင္လ်က္ရွိေန ေၾကာင္း၊ အဆိုပါအစီအစဥ္ထဲမွာ သမၼတအေျပာင္းအလဲျဖစ္ေအာင္လုပ္ေဆာင္မယ့္အစီအစဥ္ေတြ ပါဝင္ေန ေၾကာင္း ယူကရိန္းသမၼတ က ေျပာပါတယ္။

ယူကရိန္းသမၼတဇီလန္စကီးက ၎ဟာ ႐ုရွားလုံၿခဳံေရးအဖြဲ႕မ်ားရဲ႕လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းမႈ ငါးႀကိမ္ ႀကဳံခဲ့ရေပမယ့္ အသက္ရွင္လႊတ္ေျမာက္ခဲ့ေၾကာင္း ဆိုပါတယ္။

႐ုရွားအစိုးရအဖြဲ႕ဟာ ယူကရိန္းႏိုင္ငံအတြင္း ျပည္တြင္းေရးမၿငိမ္မသက္ျဖစ္ေအာင္လုပ္ေဆာင္ၿပီး ၎ကို ရာထူးက ဖယ္ရွားႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သမၼတဇီလန္စကီး က ေျပာပါတယ္။

၎က "ကြၽန္ေတာ္တို႔ေထာက္လွမ္းေရးအဖြဲ႕ေတြ နဲ႔ မိတ္ဖက္ႏိုင္ငံေတြထံကေန ရရွိတဲ့သတင္းေတြအရ ႐ုရွားဟာ ကြၽန္ေတာ္ကို ရာထူးက ျဖဳတ္ခ်ဖို႔ စီစဥ္ေနတယ္" လို႔ ေျပာပါတယ္။

႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံတို႔ဟာ ၂ဝ၂၂ ခုႏွစ္မွာ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားက ယူကရိန္းပိုင္နက္နယ္ေျမ ေလးခုကိုသိမ္းပိုက္ထားရာ လက္ရွိအခ်ိန္အထိ စစ္ပြဲနဲ႔ပတ္သက္ၿပီး အပစ္ခတ္ရပ္စဲေရးလုပ္ေဆာင္ႏိုင္ျခင္း မရွိေသး ပါဘူး။ ယူကရိန္းဟာ သိမ္းပိုက္ခံထားရတဲ့နယ္ေျမေတြကို ျပန္လည္သိမ္းယူႏိုင္ဖို႔ ဇြန္လအတြင္းႀကီးမားတဲ့ တန္ျပန္ ထိုးစစ္ဆင္ႏႊဲခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြထဲမွာလည္း ယူကရိန္းကို ကူညီေထာက္ပံ့ေပးမႈေတြ ဆက္လက္လုပ္ကိုင္ေရးနဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲေနေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.