အစ္စရေးက စစ်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအကြီးအကဲ ထုတ်ဖော်ပြောဆို

364

Pika (NP News) - နိုဝင်ဘာ ၂၁
အစ္စရေးအစိုးရသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းနှင့်မြေပြင်မှ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အရပ်သားထိခိုက်သေဆုံးမှုများကိုရှောင်ရှားရန် လိုအပ်သည့် အစီအစဉ်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ထုတ်ဖော်ပြောခဲ့ သည်။
ဂျိုးဆက်ဘော်ရဲလ်က ၎င်းသည် အစ္စရေးအရာရှိများကို စစ်ပွဲတွင် စည်းကမ်းများရှိကြောင်းနှင့် ၎င်းတို့၏ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သော လူအသေအပျောက်များကို ထည့်သွင်းစဉ်းစားရမည်ဟု သတိပေးခဲ့ကြောင်း ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း ဂျိုးဆက်ဘော်ရဲလ်က ပြောခဲ့သည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ရခြင်းမှာ ဟားမက်လက်နက်ကိုင်အဖွဲ့တည်ဆောက်ထားသော လျှို့ဝှက် မြေအောက်ဥမင်လှိုဏ်ခေါင်းများကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ခြင်းမျိုးသာဖြစ်ကြောင်း ပြောဆိုခဲ့သည့် အစ္စရေး၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မသေချာမရေရာဖြစ်မိကြောင်း ဂျိုးဆက်ဘော်ရဲလ်က ပြောခဲ့သည်။
ဂျိုးဆက်ဘော်ရဲလ်က "အဲဒီလိုပြောဆိုချက်တွေက မဟုတ်ဖူးလို့ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သေချာ မသိပါဘူး၊၊ သူတို့ကို သံသယတော့ဖြစ်မိပါတယ်" ဟု ပြောခဲ့သည်။
ဟားမက်လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက ၎င်းတို့တွင် အီဂျစ်နိုင်ငံအထိ ရောက်နိုင်သော ဥမင်လှိုဏ်ခေါင်းများ ရှိကြောင်း အကြိမ်ကြိမ်အတည်ပြုပြောဆိုခဲ့ပြီး အဆိုပါဥမင်လှိုဏ်ခေါင်းများမှာ အစ္စရေး၏ သိမ်းပိုက်မှုကို ရင်ဆိုင်ရန်အတွက်ဖြစ်ကြောင်း ပြောခဲ့သည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ဖြစ်ပွားနေသောစစ်ပွဲသည် ဂါဇာကမ်းမြောင်ဒေသမှ လူနှစ်သန်းကျော် ထွက်ခွာသွားခြင်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း နှင့် နိုင်ငံရေးအရ ဖြေရှင်းချက်တစ်ခုကသာ စစ်ပွဲကိုရပ်တန့်ရန်အတွက် အခွင့်အလမ်းရှိကြောင်း ဂျိုးဆက်ဘော်ရဲလ်က ပြောခဲ့သည်။
၎င်းက "အစ္စရေးအနေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင် ဒီအချိန်မှာ အမုန်းတရားတွေ ထပ်တိုးပွား အောင် မလုပ်သင့်တော့ပါဘူး။ ပြီးတော့ ဒီပဋိပက္ခရဲ့ရလဒ်ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံ (၂၄ဝ)ကျော်ကို လွှတ်ပေးဖို့အတွက် နှစ်ဖက်လုံးက ညှိနှိုင်းမှုရှိ/မရှိဆိုတဲ့အချက်အပေါ်မှာ မူတည်နေပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
အစၥေရးက စစ္စည္းကမ္းမ်ားကို လိုက္နာရမည္ျဖစ္ေၾကာင္း ဥေရာပသမဂၢအႀကီးအကဲ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၂၁
အစၥေရးအစိုးရသည္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမက္လက္နက္ကိုင္အဖြဲ႕အေပၚ ေလေၾကာင္းႏွင့္ေျမျပင္မွ တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနမႈႏွင့္အတူ အရပ္သားထိခိုက္ေသဆုံးမႈမ်ားကိုေရွာင္ရွားရန္ လိုအပ္သည့္ အစီအစဥ္မ်ားကို လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ဥေရာပသမဂၢအႀကီးအကဲ ဂ်ိဳးဆက္ေဘာ္ရဲလ္က ထုတ္ေဖာ္ေျပာခဲ့ သည္။
ဂ်ိဳးဆက္ေဘာ္ရဲလ္က ၎သည္ အစၥေရးအရာရွိမ်ားကို စစ္ပြဲတြင္ စည္းကမ္းမ်ားရွိေၾကာင္းႏွင့္ ၎တို႔၏ ဗုံးႀကဲ တိုက္ခိုက္မႈမ်ားေၾကာင့္ ေသဆုံးခဲ့ေသာ လူအေသအေပ်ာက္မ်ားကို ထည့္သြင္းစဥ္းစားရမည္ဟု သတိေပးခဲ့ေၾကာင္း ေျပာခဲ့သည္။
ထို႔အျပင္ ဂါဇာကမ္းေျမာင္ေဒသတြင္ျဖစ္ပြားေနေသာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အေျခအေနမ်ား သည္ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေၾကာင္း ဂ်ိဳးဆက္ေဘာ္ရဲလ္က ေျပာခဲ့သည္။ ထို႔အျပင္ ဂါဇာကမ္းေျမာင္ေဒသရွိ အေဆာက္အဦးမ်ားကို ဗုံးႀကဲတိုက္ခိုက္ရျခင္းမွာ ဟားမက္လက္နက္ကိုင္အဖြဲ႕တည္ေဆာက္ထားေသာ လွ်ိဳ႕ဝွက္ ေျမေအာက္ဥမင္လႈိဏ္ေခါင္းမ်ားကို ဖ်က္ဆီးပစ္ရန္ ရည္႐ြယ္ျခင္းမ်ိဳးသာျဖစ္ေၾကာင္း ေျပာဆိုခဲ့သည့္ အစၥေရး၏ ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး မေသခ်ာမေရရာျဖစ္မိေၾကာင္း ဂ်ိဳးဆက္ေဘာ္ရဲလ္က ေျပာခဲ့သည္။
ဂ်ိဳးဆက္ေဘာ္ရဲလ္က "အဲဒီလိုေျပာဆိုခ်က္ေတြက မဟုတ္ဖူးလို႔ထင္ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေသခ်ာ မသိပါဘူး၊၊ သူတို႔ကို သံသယေတာ့ျဖစ္မိပါတယ္" ဟု ေျပာခဲ့သည္။
ဟားမက္လက္နက္ကိုင္အဖြဲ႕တာဝန္ရွိသူမ်ားက ၎တို႔တြင္ အီဂ်စ္ႏိုင္ငံအထိ ေရာက္ႏိုင္ေသာ ဥမင္လႈိဏ္ေခါင္းမ်ား ရွိေၾကာင္း အႀကိမ္ႀကိမ္အတည္ျပဳေျပာဆိုခဲ့ၿပီး အဆိုပါဥမင္လႈိဏ္ေခါင္းမ်ားမွာ အစၥေရး၏ သိမ္းပိုက္မႈကို ရင္ဆိုင္ရန္အတြက္ျဖစ္ေၾကာင္း ေျပာခဲ့သည္။ အစၥေရးႏွင့္ ပါလက္စတိုင္းတို႔ၾကား ျဖစ္ပြားေနေသာစစ္ပြဲသည္ ဂါဇာကမ္းေျမာင္ေဒသမွ လူႏွစ္သန္းေက်ာ္ ထြက္ခြာသြားျခင္းျဖင့္ ေျဖရွင္း၍မရႏိုင္ေၾကာင္း ႏွင့္ ႏိုင္ငံေရးအရ ေျဖရွင္းခ်က္တစ္ခုကသာ စစ္ပြဲကိုရပ္တန႔္ရန္အတြက္ အခြင့္အလမ္းရွိေၾကာင္း ဂ်ိဳးဆက္ေဘာ္ရဲလ္က ေျပာခဲ့သည္။
၎က "အစၥေရးအေနနဲ႔ ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ခ်င္တယ္ဆိုရင္ ဒီအခ်ိန္မွာ အမုန္းတရားေတြ ထပ္တိုးပြား ေအာင္ မလုပ္သင့္ေတာ့ပါဘူး။ ၿပီးေတာ့ ဒီပဋိပကၡရဲ႕ရလဒ္ဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထားတဲ့ ဓါးစာခံ (၂၄ဝ)ေက်ာ္ကို လႊတ္ေပးဖို႔အတြက္ ႏွစ္ဖက္လုံးက ညႇိႏႈိင္းမႈရွိ/မရွိဆိုတဲ့အခ်က္အေပၚမွာ မူတည္ေနပါတယ္" ဟု ေျပာခဲ့သည္။