ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံများက တွန်းအားပေးမည်ကို စိုးရိမ်မိကြောင်း ယူကရိန်းအစိုးရပြော

 386

Pika (NP News) - နိုဝင်ဘာ ၂၁

ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်းကို အနောက်အုပ်စုနိုင်ငံများက တွန်းအား ပေးမည်ကို စိုးရိမ်မိကြောင်း ယူကရိန်း၏ အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး Aleksey Danilov က ပြောကြားခဲ့သည်။

Aleksey Danilov က "ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေး၊ ရုရှားနဲ့တွေ့ဆုံညှိုနှိုင်းမှုတွေလုပ်ဖို့ အချို့မိတ်ဖက် နိုင်ငံတွေကြားမှာ ဆွေးနွေးမှုတွေ ပိုမိုလုပ်ဆောင်လာတာကို ယူကရိန်းဖက်က စိုးရိမ်မိပါတယ်။ ထို့အပြင် ရုရှား သည် အင်အားသုံးရမည်ဆိုသည့်ဘာသာစကားကိုနားလည်သောကြောင့် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ယူကရိန်း၏ စံနမူနာများကိုသာ လိုက်နာသင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် အနောက်အုပ်စုနိုင်ငံများနှင့် ယူကရိန်းက တစ်ဖက်ဖြစ်ပြီး ရုရှား၊ တရုတ်၊ အီရန် နှင့် မြောက်ကိုရီးယားတို့က အခြားတစ်ဖက်ဖြစ်ကြောင်း Aleksey Danilov က ပြောခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံကို အနိုင်ယူနိုင်ခြင်းမျိုးမရှိခဲ့ပါက လာမည့်(၁၅)နှစ်မှ (၂ဝ)နှစ်အတွင်း ကမ္ဘာကြီးသည် ဥရောပနိုင်ငံအချို့ ပါဝင်လာနိုင်သည့် “axis of evil” အသစ်ကို တွေ့ကြုံရမည်ဟု မျှော်လင့်ထားသင့်ကြောင်း ၎င်းက အခိုင်အမာပြောခဲ့ သည်။

၎င်းက "ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေဟာ အဆုံးအထိ တိုက်ပွဲဝင်သွားကြမှာပါ။ ကျွန်တော်တို့ အနိုင်ရရှိမယ်ဆိုတာ သေချာပါတယ်" ဟု ပြောခဲ့သည်။ ယူကရိန်းသည် ၎င်း၏ နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် နှင့် စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာစေရန်အတွက် အနောက်အုပ်စုနိုင်ငံများ၏ ရန်ပုံငွေများနှင့် ကူညီပံ့ပိုးပေးမှုများ ပိုမိုလိုအပ်ကြောင်း Aleksey Danilov က ပြောဆိုခဲ့သည်။

ထို့အပြင် အနောက်အုပ်စုနိုင်ငံများသည် ကမ္ဘာကြီးကို ဆက်လက်ကြီးစိုးချင်ပါက ယူကရိန်းနိုင်ငံကို ထောက်ပံ့ပေး မှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း Alexey Danilov က မှတ်ချက်ပြုပြောဆိုခဲ့သည်။

Zawgyi Version;
႐ုရွားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ အေနာက္အုပ္စုႏိုင္ငံမ်ားက တြန္းအားေပးမည္ကို စိုးရိမ္မိေၾကာင္း ယူကရိန္းအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၁

႐ုရွားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္အတြက္ ယူကရိန္းကို အေနာက္အုပ္စုႏိုင္ငံမ်ားက တြန္းအား ေပးမည္ကို စိုးရိမ္မိေၾကာင္း ယူကရိန္း၏ အမ်ိဳးသားလုံၿခဳံေရး ႏွင့္ ကာကြယ္ေရးေကာင္စီအတြင္းေရးမႉး Aleksey Danilov က ေျပာၾကားခဲ့သည္။

Aleksey Danilov က "ယူကရိန္းစစ္ပြဲ အပစ္အခတ္ရပ္စဲေရး၊ ႐ုရွားနဲ႔ေတြ႕ဆုံညႇိဳႏႈိင္းမႈေတြလုပ္ဖို႔ အခ်ိဳ႕မိတ္ဖက္ ႏိုင္ငံေတြၾကားမွာ ေဆြးေႏြးမႈေတြ ပိုမိုလုပ္ေဆာင္လာတာကို ယူကရိန္းဖက္က စိုးရိမ္မိပါတယ္။ ထို႔အျပင္ ႐ုရွား သည္ အင္အားသုံးရမည္ဆိုသည့္ဘာသာစကားကိုနားလည္ေသာေၾကာင့္ အေနာက္အုပ္စုႏိုင္ငံမ်ားအေနျဖင့္ ယူကရိန္း၏ စံနမူနာမ်ားကိုသာ လိုက္နာသင့္ေၾကာင္း ၎ကေျပာဆိုခဲ့သည္။

လက္ရွိျဖစ္ပြားေနေသာ ပဋိပကၡတြင္ အေနာက္အုပ္စုႏိုင္ငံမ်ားႏွင့္ ယူကရိန္းက တစ္ဖက္ျဖစ္ၿပီး ႐ုရွား၊ တ႐ုတ္၊ အီရန္ ႏွင့္ ေျမာက္ကိုရီးယားတို႔က အျခားတစ္ဖက္ျဖစ္ေၾကာင္း Aleksey Danilov က ေျပာခဲ့သည္။ ထို႔အျပင္ ႐ုရွားႏိုင္ငံကို အႏိုင္ယူႏိုင္ျခင္းမ်ိဳးမရွိခဲ့ပါက လာမည့္(၁၅)ႏွစ္မွ (၂ဝ)ႏွစ္အတြင္း ကမာၻႀကီးသည္ ဥေရာပႏိုင္ငံအခ်ိဳ႕ ပါဝင္လာႏိုင္သည့္ “axis of evil” အသစ္ကို ေတြ႕ႀကဳံရမည္ဟု ေမွ်ာ္လင့္ထားသင့္ေၾကာင္း ၎က အခိုင္အမာေျပာခဲ့ သည္။

၎က "ယူကရိန္းႏိုင္ငံနဲ႔ ျပည္သူေတြဟာ အဆုံးအထိ တိုက္ပြဲဝင္သြားၾကမွာပါ။ ကြၽန္ေတာ္တို႔ အႏိုင္ရရွိမယ္ဆိုတာ ေသခ်ာပါတယ္" ဟု ေျပာခဲ့သည္။ ယူကရိန္းသည္ ၎၏ နယ္ေျမမ်ားကို ျပန္လည္သိမ္းပိုက္ရန္ ႏွင့္ စီးပြားေရး အင္အားႀကီးႏိုင္ငံျဖစ္လာေစရန္အတြက္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ရန္ပုံေငြမ်ားႏွင့္ ကူညီပံ့ပိုးေပးမႈမ်ား ပိုမိုလိုအပ္ေၾကာင္း Aleksey Danilov က ေျပာဆိုခဲ့သည္။

ထို႔အျပင္ အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ကမာၻႀကီးကို ဆက္လက္ႀကီးစိုးခ်င္ပါက ယူကရိန္းႏိုင္ငံကို ေထာက္ပံ့ေပး မႈမ်ား ဆက္လက္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း Alexey Danilov က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.