အမေရိကန်ထောက်လှမ်းရေးလေယာဉ် ဆင်းသက်ရန်ကြိုးပမ်းချိန်အတွင်း ပြေးလမ်းကိုကျော်ကာ ပင်လယ်ထဲသို့ ပျက်ကျ

9780

Pika (NP News) - နိုဝင်ဘာ ၂၁
နိုဝင်ဘာလ(၂ဝ)ရက် ညနေပိုင်းတွင် အမေရိကန်ရေတပ်မှ ထောက်လှမ်းရေးလေယာဉ်တစ်စင်းသည် ဟာဝိုင်အီ ကျွန်းရှိ မရိန်းတပ်စခန်းတစ်ခုတွင် ဆင်းသက်ရန် ကြိုးပမ်းခဲ့ပြီးနောက် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပျက်ကျခဲ့ ကြောင်း အမေရိကန်စစ်တပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
P-8A Poseidon လေယာဉ်သည် Kaneohe ပင်လယ်အော်ရှိ မရိန်းတပ်စခန်းတစ်ခု၏ ပြေးလမ်းတွင် ဆင်းသက်ရန် ကြိုးပမ်းခဲ့သော်လည်း ပြေးလမ်းကိုကျော်ကာ ပင်လယ်ထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း မရိန်းတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ Gunnery Sgt. Orlando Perez က ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်ပေါ်တွင် လိုက်ပါလာသော အမှုထမ်း(၉)ဦးစလုံး အသက်ရှင်ခဲ့ပြီး ကမ်းစပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဟိုနိုလူလူမြို့ အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနများက ပြောကြားခဲ့ သည်။
ဒေသတွင်းမီဒီယာများမှ ဖော်ပြထားသော ဓါတ်ပုံများနှင့် ဗီဒီယိုဖိုင်များတွင် ဆင်းသက်မှု မအောင်မြင်ခဲ့ပြီးနောက် Kaneohe ပင်လယ်အော်ရေတိမ်ပိုင်းတွင် မျောပါနေသည့် လေယာဉ်ကို တွေ့မြင်ခဲ့ရသည်။ အမေရိကန်စစ်တပ်မှ တာဝန်ရှိသူများသည် အဆိုပါမတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းအရင်း အပါအဝင် အသေးစိတ်အချက် အလက်များကို အနည်းငယ်သာထုတ်ဖော်ပြောကြားခဲ့သော်လည်း လေယာဉ်ကို ပြန်လည်ဆယ်ယူမည့်အချိန်အား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။
အဆိုပါမတော်တဆမှုဖြစ်ပွားသည့်အချိန်တွင် တိမ်ထူပြီး မိုးရွာနေကာ ရှေ့သို့မြင်နိုင်စွမ်းမှာ (၁)မိုင်ခန့်သာရှိ ကြောင်း ဟိုနိုလူလူမြို့ အမျိုးသားမိုးလေဝသဌာန ပညာရှင် Thomas Vaughan က ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ေထာက္လွမ္းေရးေလယာဥ္ ဆင္းသက္ရန္ႀကိဳးပမ္းခ်ိန္အတြင္း ေျပးလမ္းကိုေက်ာ္ကာ ပင္လယ္ထဲသို႔ ပ်က္က်
Pika (NP News) - ႏိုဝင္ဘာ ၂၁
ႏိုဝင္ဘာလ(၂ဝ)ရက္ ညေနပိုင္းတြင္ အေမရိကန္ေရတပ္မွ ေထာက္လွမ္းေရးေလယာဥ္တစ္စင္းသည္ ဟာဝိုင္အီ ကြၽန္းရွိ မရိန္းတပ္စခန္းတစ္ခုတြင္ ဆင္းသက္ရန္ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ပစိဖိတ္သမုဒၵရာအတြင္းသို႔ ပ်က္က်ခဲ့ ေၾကာင္း အေမရိကန္စစ္တပ္တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
P-8A Poseidon ေလယာဥ္သည္ Kaneohe ပင္လယ္ေအာ္ရွိ မရိန္းတပ္စခန္းတစ္ခု၏ ေျပးလမ္းတြင္ ဆင္းသက္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေျပးလမ္းကိုေက်ာ္ကာ ပင္လယ္ထဲသို႔ ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း မရိန္းတပ္ဖြဲ႕၏ ေျပာေရး ဆိုခြင့္ရွိသူ Gunnery Sgt. Orlando Perez က ေျပာၾကားခဲ့သည္။
အဆိုပါေလယာဥ္ေပၚတြင္ လိုက္ပါလာေသာ အမႈထမ္း(၉)ဦးစလုံး အသက္ရွင္ခဲ့ၿပီး ကမ္းစပ္သို႔ ေဘးကင္းစြာ ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း ဟိုႏိုလူလူၿမိဳ႕ အေရးေပၚေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈဌာနမ်ားက ေျပာၾကားခဲ့ သည္။
ေဒသတြင္းမီဒီယာမ်ားမွ ေဖာ္ျပထားေသာ ဓါတ္ပုံမ်ားႏွင့္ ဗီဒီယိုဖိုင္မ်ားတြင္ ဆင္းသက္မႈ မေအာင္ျမင္ခဲ့ၿပီးေနာက္ Kaneohe ပင္လယ္ေအာ္ေရတိမ္ပိုင္းတြင္ ေမ်ာပါေနသည့္ ေလယာဥ္ကို ေတြ႕ျမင္ခဲ့ရသည္။ အေမရိကန္စစ္တပ္မွ တာဝန္ရွိသူမ်ားသည္ အဆိုပါမေတာ္တဆမႈျဖစ္ပြားရျခင္း အေၾကာင္းအရင္း အပါအဝင္ အေသးစိတ္အခ်က္ အလက္မ်ားကို အနည္းငယ္သာထုတ္ေဖာ္ေျပာၾကားခဲ့ေသာ္လည္း ေလယာဥ္ကို ျပန္လည္ဆယ္ယူမည့္အခ်ိန္အား ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။
အဆိုပါမေတာ္တဆမႈျဖစ္ပြားသည့္အခ်ိန္တြင္ တိမ္ထူၿပီး မိုး႐ြာေနကာ ေရွ႕သို႔ျမင္ႏိုင္စြမ္းမွာ (၁)မိုင္ခန႔္သာရွိ ေၾကာင္း ဟိုႏိုလူလူၿမိဳ႕ အမ်ိဳးသားမိုးေလဝသဌာန ပညာရွင္ Thomas Vaughan က ေျပာၾကားခဲ့သည္။