ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ် ဆက်လက်တာဝန်ယူမယ့်အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု စိုးရိမ်မှု မြင့်တက်နေ

 446

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

အမေရိကန်နိုင်ငံသားအများစုဟာ သမ္မတဂျိုးဘိုင်ဒန်ရွေးကောက်ပွဲ ယှဉ်ပြိုင်ကာ သမ္မတအဖြစ်တစ်ကျော့ပြန် တာဝန်ယူမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ဝ ရက်က အသက် ၈၁ နှစ်ပြည့်သွားပြီး လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရကာ သမ္မတအဖြစ်တာဝန်ထမ်းဆာင် ပြီးချိန်မှာ ၎င်းရဲ့အသက်က ၈၆ နှစ်အရွယ်ရှိနေမှာဖြစ်ကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတသမိုင်းမှာ အသက်အကြီးဆုံးသမ္မတအဖြစ် စံချိန်တင်ခဲ့ပြီး လာမယ့်သမ္မတ သက်တမ်းမှာ ထပ်မံတာဝန်ယူခွင့်ရမယ်ဆိုပါက ၎င်းရဲ့အသက်အရွယ်နဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေများကို စိုးရိမ် နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ရိုက်တာသတင်းဌာနှင့် Ipsos poll တို့ ပူးပေါင်းပြီး စက်တင်ဘာလအတွင်းပြုလုပ်တဲ့ စစ်တမ်းမှာ အမေရိကန် နိုင်ငံသားအများစုက ဂျိုးဘိုင်ဒန်ရဲ့အသက်အရွယ်နဲ့ ကြံ့ခိုင်မှုများအပေါ် စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း ဖြေဆိုခဲ့ပါ တယ်။ စစ်တမ်းဖြေဆိုသူတွေထဲမှာပါဝင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီဝင်များ အပါအဝင် စစ်တမ်းဖြေဆိုသူ အားလုံးရဲ့ ၇၇ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ် ဆက်လက်တာဝန်ယူဖို့ အသက်အရမ်းကြီးလွန်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တမ်းဖြေဆိုသူ ၃၉ ရာခိုင်နှုန်းကျော်ကသာ ဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ် ဆက်လက်တာဝန်ယူဖို့ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုရှိသည်ဟု ဖြေဆိုထားပါတယ်။ အဆိုပါစစ်တမ်းထဲမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်မယ့် သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့အသက်အရွယ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်နေ တဲ့အရေအတွက်ဟာ ဂျိုးဘိုင်ဒန် နဲ့ နှိုင်းယှဉ်ရင်လျော့နည်းနေကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လက်ရှိ အချိန်မှာ အသက် ၇၇ နှစ်အရွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ဂ်ိဳးဘိုင္ဒန္ အေမရိကန္သမၼတအျဖစ္ ဆက္လက္တာဝန္ယူမယ့္အစီအစဥ္ကို အေမရိကန္ႏိုင္ငံသားအမ်ားစု စိုးရိမ္မႈ ျမင့္တက္ေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁

အေမရိကန္ႏိုင္ငံသားအမ်ားစုဟာ သမၼတဂ်ိဳးဘိုင္ဒန္ေ႐ြးေကာက္ပြဲ ယွဥ္ၿပိဳင္ကာ သမၼတအျဖစ္တစ္ေက်ာ့ျပန္ တာဝန္ယူမွာကို စိုးရိမ္မႈျမင့္တက္ေနေၾကာင္း မၾကာေသးမီကျပဳလုပ္ခဲ့တဲ့စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ဂ်ိဳးဘိုင္ဒန္ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂ဝ ရက္က အသက္ ၈၁ ႏွစ္ျပည့္သြားၿပီး လာမယ့္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရကာ သမၼတအျဖစ္တာဝန္ထမ္းဆာင္ ၿပီးခ်ိန္မွာ ၎ရဲ႕အသက္က ၈၆ ႏွစ္အ႐ြယ္ရွိေနမွာျဖစ္ေၾကာင္း သိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတသမိုင္းမွာ အသက္အႀကီးဆုံးသမၼတအျဖစ္ စံခ်ိန္တင္ခဲ့ၿပီး လာမယ့္သမၼတ သက္တမ္းမွာ ထပ္မံတာဝန္ယူခြင့္ရမယ္ဆိုပါက ၎ရဲ႕အသက္အ႐ြယ္နဲ႔စိတ္ပိုင္းဆိုင္ရာအေျခအေနမ်ားကို စိုးရိမ္ ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

႐ိုက္တာသတင္းဌာႏွင့္ Ipsos poll တို႔ ပူးေပါင္းၿပီး စက္တင္ဘာလအတြင္းျပဳလုပ္တဲ့ စစ္တမ္းမွာ အေမရိကန္ ႏိုင္ငံသားအမ်ားစုက ဂ်ိဳးဘိုင္ဒန္ရဲ႕အသက္အ႐ြယ္နဲ႔ ႀကံ့ခိုင္မႈမ်ားအေပၚ စိုးရိမ္မႈျမင့္တက္ခဲ့ေၾကာင္း ေျဖဆိုခဲ့ပါ တယ္။ စစ္တမ္းေျဖဆိုသူေတြထဲမွာပါဝင္ခဲ့တဲ့ ဒီမိုကရက္တစ္ပါတီဝင္မ်ား အပါအဝင္ စစ္တမ္းေျဖဆိုသူ အားလုံးရဲ႕ ၇၇ ရာခိုင္ႏႈန္းက ဂ်ိဳးဘိုင္ဒန္ဟာ သမၼတအျဖစ္ ဆက္လက္တာဝန္ယူဖို႔ အသက္အရမ္းႀကီးလြန္းေနတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ စစ္တမ္းေျဖဆိုသူ ၃၉ ရာခိုင္ႏႈန္းေက်ာ္ကသာ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတအျဖစ္ ဆက္လက္တာဝန္ယူဖို႔ စိတ္ပိုင္းဆိုင္ရာေကာင္းမြန္မႈရွိသည္ဟု ေျဖဆိုထားပါတယ္။ အဆိုပါစစ္တမ္းထဲမွာ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ ထပ္မံယွဥ္ၿပိဳင္မယ့္ သမၼတေဟာင္းေဒၚနယ္ထရမ့္ရဲ႕အသက္အ႐ြယ္နဲ႔ပတ္သက္ၿပီး စိုးရိမ္မႈျဖစ္ေန တဲ့အေရအတြက္ဟာ ဂ်ိဳးဘိုင္ဒန္ နဲ႔ ႏႈိင္းယွဥ္ရင္ေလ်ာ့နည္းေနေၾကာင္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ လက္ရွိ အခ်ိန္မွာ အသက္ ၇၇ ႏွစ္အ႐ြယ္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.